Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူ၊ ကောလင်း၊ ကျွန်းလှနယ်စပ်တွင်စစ်​ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး အများအပြားသေဆုံး၊ လက်နက်အများအပြား သိမ်းဆည်းရမိ

အကြမ်းဖက်စစ်သား ၄၀ထက်မနည်းသေဆုံးပြီး RPG ၊ စက်လတ် ၊ MA 1 ၊ MA 2 (အရေအတွက်စိစစ်ဆဲ) လက်နက်များသိမ်းဆည်းရမိခဲ့ကြောင်း ကန့်ဘလူခရိုင်တပ်ရင်း – ၂က အသိပေးသည်။

စစ်တပ်က လေကြောင်းပစ်ကူအများအပြားသုံး
စစ်တပ်က လေကြောင်းပစ်ကူအများအပြားသုံး

စစ်တပ်က လေကြောင်းပစ်ကူအများအပြားသုံး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူ၊ ကျွန်းလှနှင့် ကောလင်း သုံးမြို့နယ် နယ်စပ်တွင် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား အများအပြားသေဆုံးပြီး လက်နက်များသိမ်းဆည်းရမိကြောင်း ကန့်ဘလူခရိုင်တပ်ရင်း – ၂ က သတင်းထုတ်ပြန်သည်။

ယနေ့ သြဂုတ်လ၂၃ရက်နေ့ နံနက် ၉ နာရီ ၁၅မိနစ်ခန့်က ကန့်ဘလူမြို့နယ်၊ ချပ်သင်းကျေးရွာဘက်မှ လက်ခုပ်ပင်နှင့် အောင်ချမ်းသာကျေးရွာအတွင်းသို့ ထိုးစစ်ဆင်လာသော အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းအား ကန့်ဘလူခရိုင်တပ်ရင်း – ၂က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်သား ၄၀ထက်မနည်းသေဆုံးပြီး RPG ၊ စက်လတ် ၊ MA 1 ၊ MA 2 (အရေအတွက်စိစစ်ဆဲ) လက်နက်များသိမ်းဆည်းရမိခဲ့ကြောင်း ကန့်ဘလူခရိုင်တပ်ရင်း – ၂က အသိပေးသည်။

ပြည်သူ့ရဲဘော်၂ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ပြီးလေကြောင်းပစ်ကူများလည်းရောက်ရှိလာ၍ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

(ကန့်ဘလူPDF ခရိုင်တပ်ရင်း (၂) တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-KB2)
(ကန့်ဘလူPDF ခရိုင်တပ်ရင်း (၂) တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-KB2)

အကြမ်းဖက်စစ်သားအများအပြား သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ ကန့်ဘလူခရိုင်တပ်ရင်း – ၂ တာဝန်ရှိသူက “ကျွန်တော်တို့မှာ လက်နက်ကြီးလက်နက်လေးနဲ့လက်နက်ငယ်ပေါ့ဗျာ။ နယ်မြေကျွမ်းကျင်မှု၊ မှန်ကန်တဲ့တော်လှန်​စိတ်ဓာတ်ကြောင့်ပါ။လက်နက်တွေကတော့ ကျွန်တော်တို့ ရှေ့တန်းကညီငယ်တွေ​က အခုသွားပြီးတော့ ကောက်နေပြီး စာရင်းအတိအကျတော့ မသိရသေးဘူး။ ကျွန်တော်တို့ သတင်းအတိအကျရမှ ထုတ်ပြန်ပေးပါ့မယ်။”ဟု ပြောသည်။

အကြမ်းဖက်စစ်တပ်သည် မွန်းလွဲ ၁ နာရီခန့်က ကျွန်းလှ၊ ကန့်ဘလူမြို့နယ်အစပ် ​အောင်ချမ်းသာ၊ လက်ခုပ်ပင်ရွာအနီးအား Mi-35 ၂ စီး Mi-17 ၁ စီးဖြင့် ​လေ​ကြောင်းပစ်ခတ်မှု လုပ်ခဲ့ကာ စစ်အင်အားဖြည့်တင်း​ခဲ့ကြောင်း၊ ​မွန်းလွဲ ၂ နာရီ ၅မိနစ်ခန့်တွင် Jet Fighter ၁ စီးဖြင့် ​လေ​ကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်​ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးစာမျက်နှာ InfinityGroup က ဖော်ပြသည်။

တိုက်ပွဲမှာ ၃ နာရီကျော် ကြာမြင့်ခဲ့ပြီး မွန်းလွဲ ၁၂နာရီ မိနစ်၃၀ခန့်တွင်ပြီးဆုံးခဲ့ကြောင်း၊ လက်နက်ငယ် ၁၉ လက်၊60mm (၂)လက်၊ငါးကြင်းမှီး၂ လက်၊RPG(၁)လက်၊ 60mm ကျည်များနှင့်ကျည်အသေး အများပြား သိမ်းဆည်းရမိခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က အသိပေးသည်။

(ကန့်ဘလူPDF ခရိုင်တပ်ရင်း (၂) တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-KB2)
(ကန့်ဘလူPDF ခရိုင်တပ်ရင်း (၂) တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-KB2)

“စစ်​ွေးတွေထုံးစံအတိုင်း မြေပြင်မနိုင်တော့ ၁၂မိနစ်၄၀ခန့်မှာ mi17တစ်စီးနဲ့ နှစ်ခေါက်ပြန် လူ၅၀ခန့်ထပ်ချပြီး mi35နဲ့ နှစ်ကြိမ်တိုင်တိုင် လေကြောင်းဖြင့် ပစ်ကူတိုက်ခဲ့ပေမဲ့ ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ အထိအခိုက်မရှိ ဆုတ်ခွါနိုင်ခဲ့ပါတယ်ဗျ။ ရဲဘော်(၃)ယောက်ထိခိုက်ဒဏ်ရာရရှိပေမယ့် အသက်အန္တရာယ် မစိုးရိမ်ရပါဘူးဗျ။”ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က အသိပေးသည်။

အကြမ်းဖက်စစ်တပ်သည် ယခုညနေ ၃ နာရီခွဲခန့်တွင်လည်း ဂျက်ဖိုက်တာတစ်စီး၊ အခြားရဟတ်တစ်စီးဖြင့် ထပ်မံအင်အားဖြည့်နေသည်ဟု ယူဆရကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထပ်မံအသိပေးသည်။

အဆိုပါတိုက်ခိုက်မှုအား ဒေါင်း​နီ​ (ကောလင်း ပ.က.ဖ)အဖွဲ့၊ နဂါးနီ(ကောလင်း ပ.က.ဖ)အဖွဲ့၊ ကန့်ဘလူခရိုင် တပ်ရင်း(၁)၊ တပ်ရင်း(၂)နှင့်ကန့်ဘလူ ဒေသခံ ကာကွယ်ရေးအဖွဲ့များ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုအကြမ်းဖက်စစ်တပ်သည် ယမန်နေ့ သြဂုတ်လ ၂၂ရက်နေ့ ညနေ ၄ နာရီခန့်က ကောလင်း၊ ကျွန်းလှ၊ ကန့်ဘလူနယ်စပ်ရှိ ညောင်ကုန်းရွာကိုဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ပြီး အိမ်အလုံး(၃၀) မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။