Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ(၃)နယ်မြေ၌ လဝက်အတွင်း တိုက်ပွဲ (၂၅)ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်မှ တပ်ရင်းမှူး အပါအဝင် ၆၀နီးပါးသေဆုံးဟု ထုတ်ပြန်

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များဘက်မှ အတည်ပြု၍မရသော ထိခိုက်သေဆုံးမှုများလည်း ရှိနေသေးကြောင်း ဖော်ပြထားသည်။

ဓာတ်ပုံ - KNU
ဓာတ်ပုံ - KNU

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ၌ ယခုလဝက် အတွင်း တိုက်ပွဲကြီးငယ် (၂၅)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၅၇ ဦးသေဆုံးကာ ၃၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

သေဆုံးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနက် တပ်ရင်းမှူး တစ်ဦး၊ ဒု−ရင်းမှူး တစ်ဦး၊ ဗိုလ်ကြီး တစ်ဦး၊ အရာခံဗိုလ် တစ်ဦး၊ တပ်ကြပ် နှစ်ဦး တို့ ပါဝင်သည်ဟု ဆိုသည်။

ထို့ပြင် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များဘက်မှ အတည်ပြု၍မရသော ထိခိုက်သေဆုံးမှုများလည်း ရှိနေသေးကြောင်း ဖော်ပြထားသည်။

တိုက်ပွဲ၌ အထိနာသည့် စစ်ကောင်စီတပ်သည် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ကို ပစ်မှတ်ထားသော လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ်၊ အရပ်သားပြည်သူကိုပစ်မှတ်ထားသော လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ရှိခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် အရပ်သားပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပြည်သူလူထုပိုင် ပစ္စည်းများ ယူဆောင်ခြင်း၊ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ရာ စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ လုပ်ဆောင်ချက်များကို အသေးစိတ် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ဒေသတွင်းရှိ ကျေးရွာများသို့ ဝင်ရောက်ပြီး ရွာသားများကို အကြောင်းမဲ့ ဖမ်းဆီးခြင်း ၊ ပြည်သူလူထုများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း ပြုလုပ်ခဲ့သည်ဟု အသိပေး ထုတ်ပြန်ထားသည်။

ဩဂုတ် ၄ရက်က စစ်ကောင်စီ ခမရ−၅၉၀ မှ မူး(မုန်း)မြို့နယ် ရပ်ကွက် (၃)ရှိ ကွမ်းသီးခင်းအတွင်း ကွမ်းသီးခူးနေသော ရွာသာ (၂၅) ဦးကို အကြောင့်မဲ့ ဖမ်းဆီးပြီး အဆိုပါရွာသားများ အား ကျပ်သိန်း (၁၅၀) ပေးဆောင်ရန် တောင်းရမ်းခဲ့ကြောင်း၊ ဖမ်းထားသူများအနက် (၂၄) ဦးအား ဩဂုတ် ၈ရက်တွင် ပြန်လွှတ်ပေးခဲ့ပြီး ကျန်တစ်ဦးအား PDFနှင့် အဆက်အသွယ်ရှိသည်ဟု မတရားစွပ်စွဲပြီး ဆက်လက် ဖမ်းဆီးထားသည်ဟု ဖော်ပြထားသည်။

ဩဂုတ် ၁၅ရက်တွင် မုန်းမြို့နယ် ကြိုးပင်ဆိပ်အခြေစိုက် အာဏာသိမ်းစစ်ကောင်စီတပ်က ရွာသား နှစ်ဦးကို အကြောင်းမဲ ဖမ်းဆီးပြီး ဩဂုတ် ၁၇ရက်တွင် သတ်ဖြတ်လိုက်ကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သားများ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ဖော်ပြထားသည်။

ထို့ပြင် စစ်ကောင်စီတပ်များသည် ပြည်သူလူထုပိုင် ပစ္စည်းများကို ယူဆောင်ခြင်း၊ အိမ်မွေး တိရိစ္ဆာန်များကို သတ်ဖြတ်စားသောက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။စစ်ကောင်စီတပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ဒေသခံ ပြည်သူများစွာ ထွက်ပြေးတိမ်းရှောင်နေရသည်။

စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ညောင်လေးပင်ခရိုင် လယ်ဒို (ကျောက် ကြီး) မြို့နယ်၊ မူး(မုန်း)မြို့နယ်၊ ဆောထိ(ရွှေကျင်)မြို့နယ် အတွင်းရှိ ပြည်သူလူထု ၆၁,၀၀၀ ကျော် ၎င်းတို့နေထိုင်ရာ ကျေးရွာများကို စွန့်ခွာပြီး အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း KNUက ထုတ်ပြန်ခဲ့ပြီး စစ်ဘေးရှောင်နေရသော ပြည်သူလူထုများမှာ စားဝတ်နေရေးနှင့် နေရာထိုင်ခင်း တို့အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ လိုအပ်နေသည်ဟု အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။