Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီလက်အောက်ခံ BGF စခန်းတစ်ခုကို KNU တပ်မဟာ(၅)သိမ်းပိုက်

KNU တပ်မဟာ(၅) တပ်ဖွဲ့ဝင်များသည် ဒွယ်လိုးမြို့နယ်ရှိ ဘောကျုံ့ထာ့ စခန်းငယ် ကို သိမ်းပိုက်နိုင်ခဲ့ ခြင်းဖြစ်သည်ဟု ဒေသတွင်း တာဝန်ရှိ အရာရှိတစ်ဦးကို ကိုးကား ဖော်ပြသည်။

စစ်ကောင်စီလက်အောက်ခံ BGF စခန်းတစ်ခုကို KNU တပ်မဟာ(၅)သိမ်းပိုက်
စစ်ကောင်စီလက်အောက်ခံ BGF စခန်းတစ်ခုကို KNU တပ်မဟာ(၅)သိမ်းပိုက်

▪️BGF လေးဦးသေပြီး လက်နက်သုံးလက်နှင့် ကျည်ခဲယမ်းများ သိမ်းဆည်းရမိ

စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF)၏ တပ်စခန်းတစ်ခုကို ဩဂုတ် ၂၂ရက်က ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

KNU တပ်မဟာ(၅) တပ်ဖွဲ့ဝင်များသည် ဒွယ်လိုးမြို့နယ်ရှိ ဘောကျုံ့ထာ့ စခန်းငယ် ကို သိမ်းပိုက်နိုင်ခဲ့ ခြင်းဖြစ်သည်ဟု ဒေသတွင်း တာဝန်ရှိ အရာရှိတစ်ဦးကို ကိုးကား ဖော်ပြသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲ၌ BGF တပ်သား လေးဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ M-16 ၂လက်၊ AK-47 ၁လက်၊ စကားပြောစက် ၂လုံး၊ လက်ပစ်ဗုံး ၆လုံး၊ RPG-7 ကျည် ၄လုံးနှင့် M-16၊ AK-47 ကျည်ဘောက်များ သိမ်းဆည်းရရှိခဲ့သည်ဟု ထုတ်ပြန်သည်။

စစ်ကောင်စီလက်အောက်ခံ BGF (၁၀၁၃)မှ ဗိုလ်လှကြိုင်သည် ဩဂုတ် ၂၀ရက်က ဒွယ်လိုးမြို့နယ် ကတိုင်တိနှင့် လေးဖိုးထာ့ ကျေးရွာအုပ်စုရှိ ကတိုင်တိ၊ ကိုင်းတော၊ ဘောကျုံ့ထာ့၊ တောသူးကလား နှင့် ဘောကျုံ့လယ် ကျေးရွာသား ၅၀၀ ခန့်အား ကမမောင်းမြို့တွင် အတင်းအဓမ္မ မှတ်ပုံတင် သွားရောက် ရိုက်ယူစေခဲ့ကြောင်း၊ လူတစ်ဦးလျင် ကျပ်သုံးသိန်း တောင်းယူခဲ့ကြောင်း တပ်မဟာ(၅)၏ ထုတ်ပြန်ချက် ၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။