Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီလက်အောက်ခံ BGF စခန်းတစ်ခုကို KNU တပ်မဟာ(၅)သိမ်းပိုက်

KNU တပ်မဟာ(၅) တပ်ဖွဲ့ဝင်များသည် ဒွယ်လိုးမြို့နယ်ရှိ ဘောကျုံ့ထာ့ စခန်းငယ် ကို သိမ်းပိုက်နိုင်ခဲ့ ခြင်းဖြစ်သည်ဟု ဒေသတွင်း တာဝန်ရှိ အရာရှိတစ်ဦးကို ကိုးကား ဖော်ပြသည်။

စစ်ကောင်စီလက်အောက်ခံ BGF စခန်းတစ်ခုကို KNU တပ်မဟာ(၅)သိမ်းပိုက်
စစ်ကောင်စီလက်အောက်ခံ BGF စခန်းတစ်ခုကို KNU တပ်မဟာ(၅)သိမ်းပိုက်

▪️BGF လေးဦးသေပြီး လက်နက်သုံးလက်နှင့် ကျည်ခဲယမ်းများ သိမ်းဆည်းရမိ

စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF)၏ တပ်စခန်းတစ်ခုကို ဩဂုတ် ၂၂ရက်က ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

KNU တပ်မဟာ(၅) တပ်ဖွဲ့ဝင်များသည် ဒွယ်လိုးမြို့နယ်ရှိ ဘောကျုံ့ထာ့ စခန်းငယ် ကို သိမ်းပိုက်နိုင်ခဲ့ ခြင်းဖြစ်သည်ဟု ဒေသတွင်း တာဝန်ရှိ အရာရှိတစ်ဦးကို ကိုးကား ဖော်ပြသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲ၌ BGF တပ်သား လေးဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ M-16 ၂လက်၊ AK-47 ၁လက်၊ စကားပြောစက် ၂လုံး၊ လက်ပစ်ဗုံး ၆လုံး၊ RPG-7 ကျည် ၄လုံးနှင့် M-16၊ AK-47 ကျည်ဘောက်များ သိမ်းဆည်းရရှိခဲ့သည်ဟု ထုတ်ပြန်သည်။

စစ်ကောင်စီလက်အောက်ခံ BGF (၁၀၁၃)မှ ဗိုလ်လှကြိုင်သည် ဩဂုတ် ၂၀ရက်က ဒွယ်လိုးမြို့နယ် ကတိုင်တိနှင့် လေးဖိုးထာ့ ကျေးရွာအုပ်စုရှိ ကတိုင်တိ၊ ကိုင်းတော၊ ဘောကျုံ့ထာ့၊ တောသူးကလား နှင့် ဘောကျုံ့လယ် ကျေးရွာသား ၅၀၀ ခန့်အား ကမမောင်းမြို့တွင် အတင်းအဓမ္မ မှတ်ပုံတင် သွားရောက် ရိုက်ယူစေခဲ့ကြောင်း၊ လူတစ်ဦးလျင် ကျပ်သုံးသိန်း တောင်းယူခဲ့ကြောင်း တပ်မဟာ(၅)၏ ထုတ်ပြန်ချက် ၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။