Connect with us

Hi, what are you looking for?

သတင်း

ရသေ့တောင် တိုက်ပွဲအပြီးစစ်ရှောင် ၁,၆၀၀ ကျော်ရှိလာ၊ အရေးပေါ် အကူအညီလိုအပ်ဟု AA အသိပေး

စစ်ရှောင်များ ကာလရှည်နေထိုင်ရမည်ဆိုပါက စားနပ်ရိက္ခာနှင့် အဝတ်အထည်များ ဆက်လက် လိုအပ်နေမည်ဖြစ်သည်ဟု ဆိုသည်။

ရသေ့တောင် တိုက်ပွဲအပြီးစစ်ရှောင် ၁,၆၀၀ ကျော်ရှိလာ၊ အရေးပေါ် အကူအညီလိုအပ်ဟု AA အသိပေး
ရသေ့တောင် တိုက်ပွဲအပြီးစစ်ရှောင် ၁,၆၀၀ ကျော်ရှိလာ၊ အရေးပေါ် အကူအညီလိုအပ်ဟု AA အသိပေး

▪️တိုက်ပွဲ၌ အထိနာသည့် စစ်ကောင်စီတပ်က ခရီးသွားလာမှု၊ ကုန်စည်စီးဆင်းမှု ပိတ်ထားပြီး ပြည်သူ များအား တင်းကြပ်စွာစစ်ဆေးနေဟုဆို

ရသေ့တောင်မြို့နယ် အငူမော် – မောင်တော လမ်း ဒုံးပိုက်ရွာအနီး ဩဂုတ် ၁၃ရက်က ဖြစ်ပွားခ့သည့် တိုက်ပွဲအပြီးတွင် ရသေ့တောင်မြို့နယ် မယူတောင်တန်းဘက်ရှိ ရွာအချို့မှ ပြည်သူများ စစ်ဘေးတိမ်းရှောင်ခဲ့ရာ အိမ်ထောင်စု ၄၅၀ ကျော်မှ ပြည်သူ ၁,၆၀၀ ကျော်ရှိကြောင်း ရက္ခိုင့်တပ်တော်(AA)က ယမန်နေ့တွင် ထုတ်ပြန် သည်။

စစ်ရှောင်လာသူများတွင် ကိုယ်ဝန်ဆောင်များ၊ မွေးကင်းစ နှင့် ကလေးငယ်များ၊ အမျိုးသမီး များ ပါဝင်ပြီး နေထိုင်ရေး အခက်အခဲရှိနေသည်ဟုဆိုသည်။ ထို့ပြင် မိုးတွင်းကာလ ဖြစ်၍ အဝတ်အထည် ခြင်ထောင်များ၊ အမျိုးသမီး လစဉ်သုံး ပစ္စည်း၊ ဆေးဝါး စသည့် အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း အသိပေးထားသည်။

စစ်ရှောင်များ ကာလရှည်နေထိုင်ရမည်ဆိုပါက စားနပ်ရိက္ခာနှင့် အဝတ်အထည်များ ဆက်လက် လိုအပ်နေမည်ဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီက လူသားချင်းစာနာထောက်ထားရေးအကူအညီများ ထောက်ပံ့နေသည့် အဖွဲ့များအား သွားလာခွင့် ကန့်သတ် ပိတ်ပင်ထားခြင်း၊ ကုန်စည်စီးဆင်းမှု လမ်းကြောင်းများ ပိတ်ထားခြင်း ကြောင့် ရေရှည်တွင် စားနပ်ရိက္ခာ၊ ကျန်းမာရေး၊ နေထိုင်ရေး အထွေထွေအခက်အခဲများ ရှိလာနိုင်သည်ဟု AAက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဩဂုတ် ၁၃ရက်က ရခိုင်ဒေသနှင့် ပလက်၀တို့၌ ဖြစ်ခဲ့သည့် တိုက်ပွဲများတွင်ထိခိုက်ကျဆုံးမှု များခဲ့သော စစ်ကောင်စီတပ်သည် ရီချမ်းပြင်-အငူမော်- မောင်တောလမ်းနှင့် မောင်တော- ကြိမ်ချောင်းလမ်းများ၌ ပြည်သူများ ခရီးသွားလာမှု၊ ကုန်စည် စီးဆင်းမှု ကို ပိတ်ထားပြီး တစ်ပြိုင်တည်းတွင် စစ်တွေ အမြန်ရေယာဉ်ဆိပ်၊ ရေချမ်းပြင် ဆိပ်နှင့် မောင်တော- ဘူးသီးတောင်လမ်းများ၌ စစ်ဆေးမှုများကို ယခင်ထက်ပို၍ တင်းကြပ်စွာလုပ်ဆောင်နေကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

စစ်ဘေးရှောင်များ လက်ရှိ ကြုံနေရသည့် စားဝတ်နေရေး အခက်အခဲများ ကူညီ ဖြေရှင်းနိုင်ရန် နိုင်ငံတကာ နှင့် အစိုးရ မဟုတ်သော ပြည်တွင်း ပြည်ပ အဖွဲ့များ၊ လူမှုအဖွဲ့များ၊ ပြည်သူများ မှ အရေးပေါ် လိုအပ်သည့် ပစ္စည်းများ ကို ဝိုင်းဝန်းဖေးမ ကူညီပေးရန် လည်း AAက မေတ္တာရပ်ခံခဲ့သည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန် စစ်ကောင်စီက ပိတ်ပင်တားဆီးနေမှုများ အခက်အခဲများ ကြုံရပါက ရက္ခိုင်ပြည်သူ့အစိုးရသို့ ဆက်သွယ်၍ ကူညီပံ့ပိုးမှုများ ဆောင်ရွက်နိုင်ကြောင်းလည်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။