Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်၏သား ကိုထိန်လင်း ဖန်တီးထားသည့် သစ်ထွင်းပန်းချီကို မြန်မာပြည်သူများအားကူညီရန် မဲလက်မှတ်ရောင်းမည်

အထက်ပါ ဆန်ရေပရော့ဂျက်အတွက် ရရှိနိုင်မည့် မဲလက်မှတ်ရောင်းရငွေကို ဒေါ်လာသုံးသိန်းခန့်အထိရရှိရန် မျှော်မှန်းထားကြောင်းလည်း မပန်ဆယ်လိုက အသိပေးထားသည်။

ဓာတ်ပုံ - ပန်ဆယ်လို/FB
ဓာတ်ပုံ - ပန်ဆယ်လို/FB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏သား ကိုထိန်လင်းကိုယ်တိုင် ဖန်တီးထားသည့် သစ်ထွင်း ပန်းချီကို မြန်မာပြည်သူများအားကူညီရန် မနက်ဖြန် (သြဂုတ် ၂၅ရက်)တွင် မဲလက်မှတ်များ စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း မပန်ဆယ် လိုက အသိပေးသည်။

အဆိုပါ မဲလက်မှတ်ရောင်းမည့် အစီအစဥ်ကို ‘ဆန်ရေပရော့ဂျက်’ဟု အမည်ပေးထားပြီး မဲလက်မှတ်တစ်စောင်လျင် အမေရိကန်ဒေါ်လာ ၁၀၀ သတ်မှတ်ထားပြီး နိုင်ငံအသီးသီးမှ ဝယ်ယူရရှိနိုင်ရန် စီစဥ်ထားကာ မဲစရောင်းမည့်နေ့တွင် ဝယ်ယူနိုင်မည့်အခြေအနေအသေးစိပ်အား ထည့်သွင်းကြေညာပေးသွားမည်ဟု ဖော်ပြသည်။

“Project နာမည်ကို ဆန်ရေလို့ ပေးဖြစ်တာက အဓိပ္ပါယ် နှစ်မျိုးနဲ့ပါ။ တစ်မျိုးကတော့ အမေစုနဲ့ ကိုထိန်လင်းကြားက အခြေအနေအဖြစ်အပျက်လေးကို မူတည်ပြီး စဉ်းစားထားတာပါ။ ကိုထိန်လင်းဟာ ငယ်ဘဝမှာပဲ မိခင်ဖြစ်သူနဲ့ နေထိုင်ခွင့်ရခဲ့ပြီး လူမမယ် ခပ်ငယ်ငယ်အရွယ်လေးမှာပဲ သူ့အမေကို မြန်မာပြည်အတွက် အပြီးပေးလိုက်ရတာ ဒီနေ့အထိပါပဲ။ ဒါပေမယ့် အမေဖြစ်သူကို နည်းနည်းမှ မငြိုငြင်ဘဲ အမေ့အတွက် ပါရမီဖြည့်ခဲ့တဲ့အပြင် အခု အရေးကြုံချိန်မှာ မေတ္တာတရားကို ပြသပါဝင်ပေးတဲ့အတွက် ဆန်ရေလို့ ခံစားမိလို့ပါ”ဟု ဆန်ရေပရော့ဂျက်ဟု အမည်ပေးဖြစ်ပုံကို မပန်ဆယ်လိုက ရှင်းပြသည်။

ဆန်ရေပရော့ဂျက်တွင်ပါဝင်သည့်လက်ရာမှာ ကိုထိန်လင်း တတ်မြောက်ကျွမ်းကျင်သည့် လက်သမားပညာဖြင့် ပုံဖော်ဖန်တီးထားသည့် သစ်ထွင်းပန်းချီလက်ရာတစ်ခုဖြစ်ပြီး မဲလက်မှတ်ရောင်းရငွေအားလုံးကို မြန်မာပြည်သူများအတွက် လိုအပ်မည့်နေရာများတွင် အသုံးပြနိုင်ရန် ပြန်လည် လှူဒါန်းသွားမည်ဟု အသိပေးထားသည်။

Public Service Announcement

Public Service Announcement

“သူဟာ ကျွန်မတို့ မြန်မာပြည်သူတွေ ချစ်ခင်အားနာနေရတဲ့ လူသားတစ်ယောက်၊ ကျွန်မတို့အတွက် အပေးသာရှိပြီး အယူမရှိခဲ့တဲ့ လူသားတစ်ယောက်၊ ပြီးတော့ ဒီ Project က ရရှိတဲ့ တစ်ပြားတစ်ချပ်မကျန် မြန်မာပြည်အတွက် လှူဒါန်းသွားမှာဖြစ်တဲ့ အယူမရှိ အပေးသီးသန့် Project”ဟု မပန်ဆယ်လိုက ဆိုသည်။

အထက်ပါ ဆန်ရေပရော့ဂျက်အတွက် ရရှိနိုင်မည့် မဲလက်မှတ်ရောင်းရငွေကို ဒေါ်လာသုံးသိန်းခန့်အထိရရှိရန် မျှော်မှန်းထားကြောင်းလည်း မပန်ဆယ်လိုက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်း

​ဒေါ်​အောင်ဆန်းစုကြည် နဲ့ ICRC ​တွေ့ဆုံမှုဟာသူမအသက်ရှင်လျက်ရှိ​ကြောင်းအတည်ပြုနိုင်တဲ့သက်​သေအ​ထောက်အထား​ဖြစ်​ပေမယ့် ထိုလုပ်ရပ်တစ်ခုတည်းဖြင့်မလုံ​လောက်ဘဲ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးခံထားရသူ​တွေအားလုံးကို ချက်ချင်းပြန်လွှတ်​ပေးရန် ဗြိတိန် အစိုးရကဒီက​​နေ့ ထပ်မံ​တောင်းဆိုလိုက်ပါတယ် ။