Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုတိုက်ပွဲ နှစ်ရက်အတွင်း စစ်ကောင်စီတပ် ခုနစ်ဦးခန့်သေဟု PDF ပြော

“ရန်သူ(အကြမ်းဖက်စစ်ကောင်စီ)ဘက်က အင် အား အလုံးအရင်းနဲ့ စစ်ထိုးလာနေတာ။သူ တို့ဘက်က နယ်မြေစိုးမိုးရေးကို ချဲ့လာနေတယ်။ဒါ ကို ကျွန်တော်တို့ အကောင်းဆုံးခုခံနေတယ်”ဟု DMO Local PDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ဓာတ်ပုံ - ဒီးမော့ဆို PDF
ဓာတ်ပုံ - ဒီးမော့ဆို PDF

အင်အား ၂၀၀ခန့်ပါသော စစ်ကောင်စီစစ်ကြောင်းကို နှစ်ရက်အတွင်း တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ခုနှစ်ဦးခန့်သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO- Local PDF)က ယနေ့(သြဂုတ် ၂၆ ရက်) ထုတ်ပြန်သည်။

တိုက်ပွဲ ဖြစ်စဥ်များအရ သြဂုတ် ၂၄ ရက်ကစ၍ ဖရူဆိုမြို့နယ် ထီးပေါ်ဆိုအုပ်စု၊ ငွေတောင်ရွာသစ် ကျေးရွာရှိ အင်အား ၂၀၀ ဝန်းကျင်ရှိသော စစ်ကောင်စီတပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF)ဗျူဟာ(၃)၊ မဟာမိတ် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU)နှင့် အလယ်ပိုင်းတိုင်း(၁၁၀၆)တပ်ရင်းတို့ပူးပေါင်း တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထိုနေ့ ညနေ ၄နာရီခန့်က ထိတွေ့တိုက်ပွဲတွင်စစ်ကောင်စီတပ်မှ ငါးဦးခန့် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာအချို့ရှိခဲ့ကြောင်း ဖော်ပြသည်။

ဓာတ်ပုံ - ဒီးမော့ဆို PDF
ဓာတ်ပုံ – ဒီးမော့ဆို PDF

ထို့နောက် သြဂုတ် ၂၅ ရက်တွင် ဖရူဆိုမြို့နယ်၊ ထီးပေါ်ဆိုအုပ်စု၊ ငွေတောင်ရွာသစ်ကျေးရွာရှိ အကြမ်းဖက်စစ် ကောင်စီတပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO -Local PDF)ဗျူဟာ(၃)၊ မဟာမိတ် ကရင်နီတော် လှန်ရေးတပ်ပေါင်းစု(KRU)၊ နှင့် အလယ်ပိုင်းတိုင်း(၁၁၀၆)ရင်း ပူးပေါင်းတပ်တို့ နံနက်ပိုင်းအချိန်တွင် ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ နှစ်ဦးခန့် သေဆုံးခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ပွဲများအတွင်း မိမိတို့ ပူးပေါင်းတပ် ဖက်မှ ထိခိုက်မှုမရှိခဲ့ဟု ဆိုသည်။

“ရန်သူ(အကြမ်းဖက်စစ်ကောင်စီ)ဘက်က အင် အား အလုံးအရင်းနဲ့ စစ်ထိုးလာနေတာ။သူ တို့ဘက်က နယ်မြေစိုးမိုးရေးကို ချဲ့လာနေတယ်။ဒါ ကို ကျွန်တော်တို့ အကောင်းဆုံးခုခံနေတယ်”ဟု DMO Local PDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

အင်အား ၂၀၀ ဝန်းကျင်ရှိသော စစ်ကောင်စီတပ်စစ်ကြောင်းသည် ယခုလ ၂၀ရက်မှ စတင်ကာ ဒီးမော့ဆို မြို့နယ်၊ သဲတောင်၊ ‌ခြေတော်ရာဘုရား နှင့် ဖရူဆိုမြို့နယ်၊ ငွေတောင်ရွာသစ်ကျေးရွာအတွင်း စတင်စစ်ကြောင်း ဖြန့်ထားလျက်ရှိပြီး ယခုချိန်တွင် ကဒါးလားတောင်၊ ထီးတော်ကူး၊ ထီးပေါ်ဆိုစသည့် နေရာများကို တပ်ဖြန့် ချထားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။