Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စက်သုံးဆီ နှင့် စားသုံးဆီတင်သွင်း​သောကုမ္ပဏီများ၏ ​ဒေါ်လာဝယ်​သောပမာဏစာရင်းကိုစစ်​ကောင်စီ​တောင်းပြန်

စစ်ကောင်စီက တစ်ဒေါ်လာကို ကျပ် ၂၁၀၀ သတ်မှတ်ထားသော်လည်း ဈေးကွက်အတွင်း တစ်ဒေါ်လာလျှင် ၃,၁၀၀ကျပ်အထိမြင့်တက်နေသည်ဟု ငွေလဲလုပ်ငန်းရှင်များကပြောသည်။

စစ်​ကောင်စီက သြဂုတ်လဆန်းပိုင်းကဆီဆိုင်များတွင်ဆီရှိ ၊မရှိလိုက်လံစစ်​ဆေး​နေစဥ် ။ ။ဓါတ်ပုံ-စစ်​ကောင်စီ
စစ်​ကောင်စီက သြဂုတ်လဆန်းပိုင်းကဆီဆိုင်များတွင်ဆီရှိ ၊မရှိလိုက်လံစစ်​ဆေး​နေစဥ် ။ ။ဓါတ်ပုံ-စစ်​ကောင်စီ

▪️ဒီဇယ်တစ်လီတာလျှင်ကျပ် ၃၃၀၀ ​ကျော်

ဒေါ်လာဝယ်ယူသည့် စက်သုံးဆီနှင့်စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများ၏ စာရင်းနှင့် ပမာဏကို ယနေ့(ဩဂုတ် ၂၆ ရက်)နောက်ဆုံးထားပေးရမည်ဟု စစ်ကောင်စီဗဟိုဘဏ်ကတောင်းခံလိုက်သည်။

ဈေးကွက်အတွင်း ဒီဇယ်တစ်လီတာလျှင်၃၃၀၀ကျပ်ကျော်အထိ့​ဈေးတက်လာပြီး ၊​ဒေါ်လာ​ဈေးမှာလည်းတစ်ဒေါ်လာလည်းကျပ်၃,၁၀၀ကျော်အထိမြင့်တက်လာချိန်တွင်စစ်ကောင်စီက စက်သုံးဆီနှင့် စားအုန်းဆီတင်သွင်း​သောကုမ္ပဏီများ၏စာရင်းများကိုယခုကဲ့သို့တောင်းခံလာခြင်းဖြစ်သည်။

စစ်​ကောင်စီက ပို့ကုန်ကုမ္ပဏီများထံမှ ​ဒေါ်လာဝယ်ယူခဲ့သည့် စက်သုံးဆီနှင့်စားသုံးဆီကုမ္ပဏီများ၏စာရင်းနှင့်ဝယ်ယူ​သော​ငွေပမာဏာများကို ယနေ့(သြဂုတ် ၂၆)ည​နေ ၅ နာရီနောက်ဆုံးထား၍ စစ်ကောင်စီ၏ဗဟိုဘဏ်ကို တင်ပြရမည်ဟုဆိုသည်။ ထိုအပြင်ဩဂုတ် ၂၉ ရက်မှစ၍နေ့စဉ်တင်ပြပေးရမည်ဟုလည်းစစ်ကောင်စီကဖိအား​ပေးထားသည်။

စစ်​ကောင်စီ၏ဗဟိုဘဏ် ညွန်ကြားချက်
စစ်​ကောင်စီ၏ဗဟိုဘဏ် ညွန်ကြားချက်

စစ်ကောင်စီက ပို့ကုန်ကုမ္ပဏီများ၏ ပို့ကုန်ရငွေ၏ ၃၅ ရာခိုင်နှုန်းကို ပြည်တွင်း၌ ရောင်းခွင့်ပြုသည်ဟု​ကြေညာထားသည်။ ပို့ကုန်ကုမ္ပဏီများက ရောင်းချနိုင်သူများအနက်မှ စက်သုံးဆီနှင့်စားသုံးဆီကုမ္ပဏီများ၏ စာရင်းကို စစ်ကောင်စီက တောင်းခံ​နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ဒါစက်သုံးဆီဈေးကွက်ကို ထိန်းချုပ်ချင်လို့ လုပ်နေတာ။ အခုက စားဆီနဲ့ စက်သုံးဆီကအကြီးအကျယ်ပြသာနာတက်နေတယ်။ ဒါကို ထိန်းချုပ်လို့ရမလား လုပ်နေကြတာ။”ဟု စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးကပြောသည်။

စစ်​ကောင်စီ၏ဗဟိုဘဏ် ညွန်ကြားချက်
စစ်​ကောင်စီ၏ဗဟိုဘဏ် ညွန်ကြားချက်

လက်ရှိတွင် ပြည်တွင်းဈေးကွက်တွင်စက်သုံးဆီဈေးမြင့်တက်နေပြီး ယနေ့တွင် ဓာတ်ဆီအောက်တိန်း ၉၂ တစ်လီတာလျှင် ၂၄၉၅ ကျပ်၊ အောက်တိန်း ၉၅တစ်လီတာလျှင် ၂၅၇၀ကျပ် ၊ ဒီဇယ်တစ်လီတာလျှင် ၃၂၂၅ ကျပ် နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၃၃၀၅ ကျပ်အထိမြင့်တက်လာသည်။

စစ်ကောင်စီက တစ်ဒေါ်လာကို ကျပ် ၂၁၀၀ သတ်မှတ်ထားသော်လည်း ဈေးကွက်အတွင်း တစ်ဒေါ်လာလျှင် ၃,၁၀၀ကျပ်အထိမြင့်တက်နေသည်ဟု ငွေလဲလုပ်ငန်းရှင်များကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။