Connect with us

Hi, what are you looking for?

သတင်း

စက်သုံးဆီ နှင့် စားသုံးဆီတင်သွင်း​သောကုမ္ပဏီများ၏ ​ဒေါ်လာဝယ်​သောပမာဏစာရင်းကိုစစ်​ကောင်စီ​တောင်းပြန်

စစ်ကောင်စီက တစ်ဒေါ်လာကို ကျပ် ၂၁၀၀ သတ်မှတ်ထားသော်လည်း ဈေးကွက်အတွင်း တစ်ဒေါ်လာလျှင် ၃,၁၀၀ကျပ်အထိမြင့်တက်နေသည်ဟု ငွေလဲလုပ်ငန်းရှင်များကပြောသည်။

စစ်​ကောင်စီက သြဂုတ်လဆန်းပိုင်းကဆီဆိုင်များတွင်ဆီရှိ ၊မရှိလိုက်လံစစ်​ဆေး​နေစဥ် ။ ။ဓါတ်ပုံ-စစ်​ကောင်စီ
စစ်​ကောင်စီက သြဂုတ်လဆန်းပိုင်းကဆီဆိုင်များတွင်ဆီရှိ ၊မရှိလိုက်လံစစ်​ဆေး​နေစဥ် ။ ။ဓါတ်ပုံ-စစ်​ကောင်စီ

▪️ဒီဇယ်တစ်လီတာလျှင်ကျပ် ၃၃၀၀ ​ကျော်

ဒေါ်လာဝယ်ယူသည့် စက်သုံးဆီနှင့်စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများ၏ စာရင်းနှင့် ပမာဏကို ယနေ့(ဩဂုတ် ၂၆ ရက်)နောက်ဆုံးထားပေးရမည်ဟု စစ်ကောင်စီဗဟိုဘဏ်ကတောင်းခံလိုက်သည်။

ဈေးကွက်အတွင်း ဒီဇယ်တစ်လီတာလျှင်၃၃၀၀ကျပ်ကျော်အထိ့​ဈေးတက်လာပြီး ၊​ဒေါ်လာ​ဈေးမှာလည်းတစ်ဒေါ်လာလည်းကျပ်၃,၁၀၀ကျော်အထိမြင့်တက်လာချိန်တွင်စစ်ကောင်စီက စက်သုံးဆီနှင့် စားအုန်းဆီတင်သွင်း​သောကုမ္ပဏီများ၏စာရင်းများကိုယခုကဲ့သို့တောင်းခံလာခြင်းဖြစ်သည်။

စစ်​ကောင်စီက ပို့ကုန်ကုမ္ပဏီများထံမှ ​ဒေါ်လာဝယ်ယူခဲ့သည့် စက်သုံးဆီနှင့်စားသုံးဆီကုမ္ပဏီများ၏စာရင်းနှင့်ဝယ်ယူ​သော​ငွေပမာဏာများကို ယနေ့(သြဂုတ် ၂၆)ည​နေ ၅ နာရီနောက်ဆုံးထား၍ စစ်ကောင်စီ၏ဗဟိုဘဏ်ကို တင်ပြရမည်ဟုဆိုသည်။ ထိုအပြင်ဩဂုတ် ၂၉ ရက်မှစ၍နေ့စဉ်တင်ပြပေးရမည်ဟုလည်းစစ်ကောင်စီကဖိအား​ပေးထားသည်။

စစ်​ကောင်စီ၏ဗဟိုဘဏ် ညွန်ကြားချက်
စစ်​ကောင်စီ၏ဗဟိုဘဏ် ညွန်ကြားချက်

စစ်ကောင်စီက ပို့ကုန်ကုမ္ပဏီများ၏ ပို့ကုန်ရငွေ၏ ၃၅ ရာခိုင်နှုန်းကို ပြည်တွင်း၌ ရောင်းခွင့်ပြုသည်ဟု​ကြေညာထားသည်။ ပို့ကုန်ကုမ္ပဏီများက ရောင်းချနိုင်သူများအနက်မှ စက်သုံးဆီနှင့်စားသုံးဆီကုမ္ပဏီများ၏ စာရင်းကို စစ်ကောင်စီက တောင်းခံ​နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ဒါစက်သုံးဆီဈေးကွက်ကို ထိန်းချုပ်ချင်လို့ လုပ်နေတာ။ အခုက စားဆီနဲ့ စက်သုံးဆီကအကြီးအကျယ်ပြသာနာတက်နေတယ်။ ဒါကို ထိန်းချုပ်လို့ရမလား လုပ်နေကြတာ။”ဟု စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးကပြောသည်။

စစ်​ကောင်စီ၏ဗဟိုဘဏ် ညွန်ကြားချက်
စစ်​ကောင်စီ၏ဗဟိုဘဏ် ညွန်ကြားချက်

လက်ရှိတွင် ပြည်တွင်းဈေးကွက်တွင်စက်သုံးဆီဈေးမြင့်တက်နေပြီး ယနေ့တွင် ဓာတ်ဆီအောက်တိန်း ၉၂ တစ်လီတာလျှင် ၂၄၉၅ ကျပ်၊ အောက်တိန်း ၉၅တစ်လီတာလျှင် ၂၅၇၀ကျပ် ၊ ဒီဇယ်တစ်လီတာလျှင် ၃၂၂၅ ကျပ် နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၃၃၀၅ ကျပ်အထိမြင့်တက်လာသည်။

စစ်ကောင်စီက တစ်ဒေါ်လာကို ကျပ် ၂၁၀၀ သတ်မှတ်ထားသော်လည်း ဈေးကွက်အတွင်း တစ်ဒေါ်လာလျှင် ၃,၁၀၀ကျပ်အထိမြင့်တက်နေသည်ဟု ငွေလဲလုပ်ငန်းရှင်များကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မုံရွာမြို့ နဲ့ မိုင် ၃၀ ခန့်အကွာမှာရှိတဲ့ကနီမြို့နယ်ထဲကယာကြီးရွာရှိ စက်သုံးဆီဆိုင်ကိုမနေ့ (သြဂုတ်လ ၁ ရက်)နေ့ခင်းပိုင်းမှာလေကြောင်းတိုက် ခိုက်တာကြောင့် အရပ်သားအမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ နယ်ခံအချို့ဆီကသိရပါတ​ယ်။

သတင်း

စစ်တပ်က ဆီဆိုင်တွေကို ခွဲတမ်း​လျှော့