Connect with us

Hi, what are you looking for?

သတင်း

မြို့သစ်ချည်မျှင်စက်ရုံတာဝန်ခံ ဗိုလ်မှူးနေအိမ်ဝင်ရောက်စီးနင်းသည့်ဖြစ်စဥ်တွင် ပြည်သူ့စစ်ခေါင်းဆောင်များ၏ အချက်အလက်များတွေ့ရှိ၍ အရေးယူမှုများလုပ်ဆောင်သွားမည်ဟု သတိပေး

“ကျွန်တော်တို့က အစကအရှင်ဖမ်းဖို့ပါ။ ဒါပေမယ့် သူက အထဲကနေခံပစ်တော့ တခါတည်းရှင်းလိုက်ရတာ။” ဟု Young Force ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဓာတ်ပုံ - Young Force UG
ဓာတ်ပုံ - Young Force UG

မကွေးတိုင်း ပခုက္ကူမြို့ မြို့သစ်ချည်မျှင်နှင့်အထည်စက်ရုံတာဝန်ခံ ဗိုလ်မှူး၏ နေအိမ်ဝင်ရောက်စီးနင်းခဲ့သည့်ဖြစ်စဥ်တွင် ပြည်သူ့စစ်ခေါင်းဆောင်များ၏ အချက်အလက်များတွေ့ရှိခဲ့ပြီး အရေးယူမှုများလုပ်ဆောင်သွားမည်ဟု ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့က သတိပေးထုတ်ပြန်သည်။

မြို့သစ်မြို့ အမှတ်(၅) ​ချည်မျှင်နှင့်အထည်စက်ရုံရှိ ဝန်ထမ်းအိမ်ရာတွင်နေထိုင်သော စစ်ကောင်စီ ဗိုလ်မှူး အောင်ဇော်ဦး၏ နေအိမ်ကို ယနေ့(သြဂုတ် ၂၆ရက်) နံနက် ၆နာရီခန့်တွင် Defense Team Pakokku (DTP)နှင့် ပခုက္ကူမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Young Force UG က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ယင်းတိုက်ခိုက်မှုတွင် ဗိုလ်မှူးအောင်ဇော်ဦး ဒဏ်ရာအပြင်းအထန်ရသွားပြီး ဆေးရုံ၌ သေဆုံးသွားကြောင်းနှင့် ဇနီးဖြစ်သူမှာ ပွဲချင်းပြီးသေဆုံးသွားခဲ့သည်ဟု သတင်းရရှိထားကြောင်း Young Force UG က ထုတ်ပြန်သည်။

ဗိုလ်မှူး အောင်ဇော်ဦး နေအိမ်မှ Laptop(၁)လုံး၊ လူကြီးခရီးစဥ်မှတ်စု စာအုပ် (၁)အုပ် ၊ကား (၁)စီးအား ပြည်သူ့ကာကွယ်ရေးအဖွဲ့ သိမ်းဆည်းနိင်ခဲ့သည်။ ထို့အပြင် ပြည်သူ့စစ်ခေါင်းဆောင်များ၏ အချက်အလက်များပါရရှိထားပြီး အရေးယူမှုများ လုပ်ဆောင်သွားမည်ဟု Young Force UG က ထုတ်ပြန်သည်။

ဗိုလ်မှူးအောင်ဇော်ဦးအား ဝင်ရောက်ဖမ်းဆီးရာတွင် အညံ့မခံဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား သေနတ်ဖြင့်ပြန်လည် ပစ်ခတ်ခဲ့ကြောင်း၊လက်နက်ချ အဖမ်းခံရန်အော်ပြောသော်လည်း ဆက်လက်ပစ်ခတ်နေ၍ ပြည်သူ့ကာကွယ်ရေးမဟာမိတ်ရဲဘော်များက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟု ရှင်းပြထားသည်။

Public Service Announcement

Public Service Announcement

ဗိုလ်မှူး အောင်ဇော်ဦးသည် မြို့သစ်ချည်မျှင်နှင့်အထည်စက်ရုံ၊အမှတ် (၁၁)စက်ရုံ၏ တာဝန်ခံဖြစ်သည်။ ၎င်းဦးဆောင်သည့် စက်ရုံတာဝန်ခံများက ယင်းစက်ရုံမှ CDM ဝန်ထမ်းများကို နှင်ထုတ်ခဲ့ဖူးသည်ဟုလည်း Young Force က ဆိုသည်။

“ကျွန်တော်တို့က အစကအရှင်ဖမ်းဖို့ပါ။ ဒါပေမယ့် သူက အထဲကနေခံပစ်တော့ တခါတည်းရှင်းလိုက်ရတာ။” ဟု Young Force ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရပ်ကွက်အုပ်ကြီးရွေးပွဲမှာ ဇနီးဖြစ်သူ ရှုံးနိမ့်ခဲ့လို့ ဖမ်းဆီးတာလို့ ဆို

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

စစ်တပ်တပ်စွဲထားတဲ့ ကုက္ကိုလ်စုရွာကို ဒေသခံတော် လှန်ရေးအဖွဲ့တွေကဇွန်လ ၄ ရက်နေ့မှာ ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပါတယ်။လက်နက်ခဲယမ်း​တွေသိမ်းဆည်းပြီး ပျူ​စောထီး​တွေ၊ ရဲ နဲ့စစ်သား စတဲ့ သုံ့ပန်းတွေကို စစ်ဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ​ပေမယ့် စစ်ရာဇဝတ်မှုကျူးလွန်သူ​တွေကို​တော့ ဥပ​ဒေ နဲ့အညီ အ​ရေးယူမယ်လို့ အသိ​ပေးထားပါတယ် ။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ရောက်နေတဲ့ စစ်တပ်နဲ့ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းဟာ ဒီနေ့ ဇွန်လ ၄ရက် ညနေပိုင်းမှာ မိုးကြိုးပစ်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။