Connect with us

Hi, what are you looking for?

သတင်း

ကလေးမြို့နယ်တွင် ကျေးရွာအတွင်း စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ပစ်ခတ်၍ ပြည်သူရှစ်ဦး ကျဉ်ထိမှန်ဒဏ်ရာရ

ကလေးမြို့ ဘိုကုံးကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်က ယမန်နေ့(သြဂုတ် ၂၅ရက်)ည ၈နာရီကျော် တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်သည်။

(ထိခိုက်ဒဏ်ရာရရှိသူများအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(ထိခိုက်ဒဏ်ရာရရှိသူများအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် ကျေးရွာအတွင်း စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်၍ အရပ်သားပြည်သူရှစ်ဦး ကျဉ်ထိမှန်ဒဏ်ရာရရှိခဲ့သည်။

ကလေးမြို့ ဘိုကုံးကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်က ယမန်နေ့(သြဂုတ် ၂၅ရက်)ည ၈နာရီကျော် တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်သည်။

(ထိခိုက်ဒဏ်ရာရရှိသူများအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(ထိခိုက်ဒဏ်ရာရရှိသူများအား တွေ့ရစဥ်၊ ဓာတ်ပုံ – CJ)

“ကျွန်တော်တို့ တက်မလာအောင် ခြောက်လှန့်ပြီး ပစ်တာထင်တယ်။ကျွန်တော်တို့ရှိတဲ့နေရာနဲ့ တခြားစီပဲ။ ရွာထဲကို ကျပြီး ပြည်သူတွေ ကံဆိုးသွားတာ”ဟု ကလေး PDFမှ ရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement
Public Service Announcement

ဒဏ်ရာရသူများသည် အသက် (၃၀)မှ (၅၀)ကြား အမျိုးသမီး ငါးဦး နှင့် အမျိုးသား သုံးဦးတို့ဖြစ်သည်။ ထို့အပြင် အခြားရွာတစ်ရွာမှနေ၍ ဘိုကုံးရွာအတွင်း လာရောက် စစ်ဘေးရှောင်နေကြရင်း နေအိမ်တစ်ခုအတွင်း ရှိနေစဥ် လက်နက်ကြီးကျရောက်ပေါက်ကွဲခြင်းဖြစ်သည်။ ခန္တာကိုယ်တွင် ယမ်းစထိမှန်ဒဏ်ရာရခဲ့ကြပြီး အသက်အန္တရာယ် စိုးရိမ်စရာမရှိတော့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

(ထိခိုက်ဒဏ်ရာရရှိသူများအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(ထိခိုက်ဒဏ်ရာရရှိသူများအား တွေ့ရစဥ်၊ ဓာတ်ပုံ – CJ)

ကလေးမြို့တွင် စစ်ရေးတင်းမာနေပြီး စစ်ကောင်စီ၏ ခြေလျင်စစ်ကြောင်းတစ်ခုအား ပြည်သူ့ကာကွယ်ရေးအဖွဲ့ ယနေ့ နံနက် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ ယင်းဖြစ်စဥ်တွင် ဗိုလ်တစ်ဦးအပါအဝင် သုံးဦးသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းထဲနဲ့ စံပြရပ်ကွက်ထဲကို ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။