Connect with us

Hi, what are you looking for?

သတင်း

မုံရွာနယ် လယ်ဇင်ရွာတွင် စစ်ကောင်စီတပ်က ပြည်သူ သုံးဦးကို သတ်ဖြတ်သွား

ယမန်နေ့(ဩဂုတ် ၂၆ ရက်) နံနက် ၆ နာရီခန့်က လယ်ဇင်ကျေးရွာသို့ အင်အား ၅၀ခန့်ပါ စစ်ကောင်စီတပ်သ​ည် သတင်းပေးများနှင့်အတူ ဝင်ရောက်လာခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်က လယ်ဇင်ရွာအတွင်း သတ်ဖြတ်သွားခဲ့သော အမျိုးသား သုံးဦး၊ ဓာတ်ပုံ-မုံရွာမြို့နယ်သတင်းမှန်ပြန်ကြာရေး(ပ.က.ဖ)
အကြမ်းဖက်စစ်ကောင်စီတပ်က လယ်ဇင်ရွာအတွင်း သတ်ဖြတ်သွားခဲ့သော အမျိုးသား သုံးဦး၊ ဓာတ်ပုံ-မုံရွာမြို့နယ်သတင်းမှန်ပြန်ကြာရေး(ပ.က.ဖ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် လယ်ဇင်ကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်က အမျိုးသား သုံးဦးကို သတ်ဖြတ်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့(ဩဂုတ် ၂၆ ရက်) နံနက် ၆ နာရီခန့်က လယ်ဇင်ကျေးရွာသို့ အင်အား ၅၀ခန့်ပါ စစ်ကောင်စီတပ်သ​ည် သတင်းပေးများနှင့်အတူ ဝင်ရောက်လာခဲ့သည်။

ထို့နောက် ဘောလုံးအင်္ကျီဝတ်ထားသော အမျိုးသားနှစ်ယောက်ကို ကြိုးတုပ်ခေါ်ဆောင်လာပြီး ရွာအတွင်း ပစ်ခတ်ဝင်ရောက်လာရာ လက်ဖက်ရည်ဆိုင်ထိုင်နေသူများလန့်ပြီး ထပြေးသဖြင့် သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထိုသို့ပစ်ခတ်မှုကြောင့် အသက် ၅၁ နှစ်အရွယ် ဦးအောင်ချစ်ဆိုသူမှာ ဦးခေါင်း၊ရင်ဘတ်၊ကျော စုစုပေါင်း ကျည်ဆန် (၅)ချက်ဒဏ်ရာဖြင့်သေဆုံးသွားကြောင်း၊ စစ်ကောင်စီတပ်သည် ၎င်း၏ရုပ်အလောင်းကို ဘုရားပျက် အနောက်နားတွင် ထားရှိခဲ့ကာ ခြေထောက်ကိုလည်းဓားဖြင့် မွှန်းထားခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဖမ်းဆီးလာသော အမည်မသိ အမျိုးသားနှစ်ဦးအား စာသင်ကျောင်း အနောက်ဘက် အိမ်သာနားတွင် သတ်ဖြတ်သွားခဲ့ကြောင်း ဒေသခံတို့က ပြောသည်။

“လက်ပြန်ကြိုးတုတ်ကာ လည်ပင်းထိုးသွင်း ဒဏ်ရာများဖြင့် လယ်ဇင်ဘောလုံးကွင်းနားထိ ဆွဲခေါ်လာပြီး ဓာတ်ဆီလောင်းကာ သတ်ဖြတ် မီးရှို့ထားခဲ့တယ်လို့သိရပါတယ်။”ဟု မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က လယ်ဇင်ရွာအတွင်း သတ်ဖြတ်သွားခဲ့သော အမျိုးသား သုံးဦး၊ ဓာတ်ပုံ-မုံရွာမြို့နယ်သတင်းမှန်ပြန်ကြာရေး(ပ.က.ဖ)
အကြမ်းဖက်စစ်ကောင်စီတပ်က လယ်ဇင်ရွာအတွင်း သတ်ဖြတ်သွားခဲ့သော အမျိုးသား သုံးဦး၊ ဓာတ်ပုံ-မုံရွာမြို့နယ်သတင်းမှန်ပြန်ကြာရေး(ပ.က.ဖ)

စစ်ကောင်စီတပ်သည် လယ်ဇင်ကျေးရွာဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းကိုလည်းဝင်ရောက်မွှေနှောက်ကာ ဘုန်းကြီးကျောင်းအတွင်းမှ ဆိုင်ကယ် (၂) စီးနှင့်အခြားပစ္စည်းများကို ယူဆောင်သွားသည်။

လယ်ဇင်ကျေးရွာသည် စစ်အာဏာရှင်ကိုဆန့်ကျင်မှုအားကောင်းသည့် ကျေးရွာတစ်ရွာဖြစ်ပြီး အကြမ်းဖက်စစ်တပ်က မကြာခဏ ဝင်ရောက်အကြမ်းဖက်လေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။