Connect with us

Hi, what are you looking for?

သတင်း

ရွှေဘို – မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီတပ်ယာဥ်တန်းတိုက်ခိုက်ခံရပြီး ခြောက်ဦးထက်မနည်းသေဟုဆို

ယင်းမိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ခြောက်ဦးနှင့်အထက်သေဆုံးခဲ့ပြီးတော်လှန်ရေးအင်အားစုများအထိခိုက်မရှိအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

(ရွှေဘို-မန္တလေးလမ်းပိုင်းတစ်နေရာအား တွေ့ရစဥ်။ ဓာတ်ပုံ-CJ)
(ရွှေဘို-မန္တလေးလမ်းပိုင်းတစ်နေရာအား တွေ့ရစဥ်။ ဓာတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ ရွှေဘို – မန္တလေးလမ်းပေါ်တွင် ယနေ့မွန်းလွဲပိုင်းက အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ခြောက်ဦးထက်မနည်း သေဆုံးနိုင်ကြောင်း MDF-Shweboက သတင်းထုတ်ပြန်သည်။

ယနေ့ (သြဂုတ် ၂၇ ရက်) မွန်းလွဲ၂နာရီ ၄၅မိနစ်ခန့်က စစ်ကိုင်းမှရွှေဘိုမြို့သို့လာသော စစ်ကောင်စီတပ်၏ သုံးစီးပါယာဉ်တန်းအား ရွှေဘိုမြို့တောင်ဘက် စိုင်နိုင်ကွေ့အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကားတစ်စီး ထိထိမိမိမိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း MDF-Shwebo၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းမိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ခြောက်ဦးနှင့်အထက်သေဆုံးခဲ့ပြီးတော်လှန်ရေးအင်အားစုများအထိခိုက်မရှိအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

အထက်ပါစစ်ဆင်ရေးအား ရွှေဘိုခရိုင်တပ်ရင်း (၂၃)၊ Shwebo Defense Force(SBDF)၊ ရွှေဂျိုးဖြူ ပျောက်ကျားတပ်ဖွဲ့နှင့် MDF-Shwebo တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်ပြီးMDF-Shweboအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ရွှေဘို – မန္တလေးလမ်းပေါ်၊ စိုင်နိုင်ကွေ့အနီးတွင် အကြမ်းဖက်စစ်တပ်ယာဥ်များ မကြာခဏမိုင်းဆွဲတိုက်ခိုက်ခံရလေ့ရှိပြီး ယခင်လပိုင်းအတွင်းကလည်း ထိုနေရာ၌ မိုင်းဆွဲခံရ၍ အကြမ်းဖက်စစ်သား သေဆုံးထိခိုက်မှုများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။