Connect with us

Hi, what are you looking for?

သတင်း

ပြင်ဦးလွင်တွင် (၂၂) ဘီးယာဉ်နှင့် ခရီးသည်တင် Light Truck ယာဥ်တိုက်မှုဖြစ်ပြီး လူ ၉ဦးသေ၊ ၅ဦး ဒဏ်ရာရ

ယာဉ်တိုက်မှုကြောင့် Light Truck ပေါ်လိုက်ပါလာသူ ၁၄ ဦးအနက် ၉ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရရှိခဲ့သောကြောင့် ပြင်ဦးလွင်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သန္တိသုခအခမဲ့ လူမှုကူညီရေးအသင်း၏ဖေ့စ်ဘွတ်ခ်၌ ဖော်ပြထားသည်။

ဓာတ်ပုံ - သန္တိသုခအခမဲ့ လူမှုကူညီရေးအသင်း
ဓာတ်ပုံ - သန္တိသုခအခမဲ့ လူမှုကူညီရေးအသင်း

ပြင်ဦးလွင်မြို့ မြို့ရှောင်လမ်းတွင် (၂၂) ဘီးယာဉ်နှင့် Light Truck ယာဉ်တိုက်မှုဖြစ်ခဲ့ရာ လူ ၉ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း ယင်းနေရာသို့ သွားရောက်ကူညီပေးခဲ့သည့် သန္တိသုခအခမဲ့ လူမှုကူညီရေးအသင်းက ‌အသိပေးထားသည်။

ဩဂုတ် ၂၈ ရက် ည ၇ နာရီခွဲခန့်တွင် ပြင်ဦးလွင် မြို့ရှောင်လမ်းရှိ ထင်းရူးတောအနီး၌ ဘိလပ်မြေများတင်ဆောင်လာသည့် (၂၂)ဘီးကား နှင့် ခရီးသည်များ တင်ဆောင်လာသည့် Light Truck ယာဉ်တိုက်မှုဖြစ်ခဲ့ခြင်းဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် Light Truck ပေါ်လိုက်ပါလာသူ ၁၄ ဦးအနက် ၉ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရရှိခဲ့သောကြောင့် ပြင်ဦးလွင်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သန္တိသုခအခမဲ့ လူမှုကူညီရေးအသင်း၏ဖေ့စ်ဘွတ်ခ်၌ ဖော်ပြထားသည်။

“ကျန်လူနာ ၅ဦးအနက် ၂ဉီးအား မန္တလေးဆေးရုံကြီးသို့လွှဲပြောင်း” ဟု ယင်းအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ရှမ်းမြောက်က နောင်ချိုမြို့နယ်နဲ့ မန္တလေးတိုင်းက ပြင်ဦးလွင်မြို့နယ်အစပ်မှာရှိတဲ့ စစ်တပ်ရဲ့ ဝက်ဝံစစ်ဆေးရေးဂိတ်ဟာ ပိတ်ချင်းမြောင်ကိုလာတဲ့ ဘုရားဖူးဧည့်သည်တွေကိုပါ စစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ