Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းသည့်အ​ကြောင်းအမှား​ပြော၍စစ်​ကောင်စီကတပ်တွင်းဝါဒထပ်မံဖြန်ချီ

သြဂုတ်လ ဆန်းပိုင်းက စ၍တပ်တွင်းဝါဒဖြန့်သင်တန်းကို စစ်ကောင်စီ၏ ပြည်သူ့ဆက်ဆံရေး၊စိတ်ဓာတ်စစ်ဆင်ရေးဌာနက အရာရှိများက သင်တန်းပို့ချနေခြင်းဟုသိရသည်။

(၂၀၂၁ နှစ်ဆန်းပိုင်းကငြိမ်းချမ်းစွာဆန္ဒပြ​နေသူများကို စစ်ကောင်စီတပ်နှင့်ရဲများကအကြမ်းဖက်နေစဥ်။ဓါတ်ပုံ-AFP)
(၂၀၂၁ နှစ်ဆန်းပိုင်းကငြိမ်းချမ်းစွာဆန္ဒပြ​နေသူများကို စစ်ကောင်စီတပ်နှင့်ရဲများကအကြမ်းဖက်နေစဥ်။ဓါတ်ပုံ-AFP)

စစ်​အုပ်စုက ဘာကြောင့်အာဏာသိမ်းရသည်ကို တပ်တွင်းဝါဒဖြန့်သင်တန်းကိုထပ်မံပို့ချနေပြီး စစ်သားများအပြင် ရဲ နှင့်အကျဥ်းဦးစီးဌာန ဝန်ထမ်းများကိုပါ မတက်မနေရ သတ်မှတ်ထားကြောင်း တပ်တွင်းသတင်းရင်း မြစ်များက လူထုနွေဦးသို့ ပြောသည်။

သြဂုတ်လ ဆန်းပိုင်းက စ၍တပ်တွင်းဝါဒဖြန့်သင်တန်းကို စစ်ကောင်စီ၏ ပြည်သူ့ဆက်ဆံရေး၊စိတ်ဓာတ်စစ်ဆင်ရေးဌာနက အရာရှိများက သင်တန်းပို့ချနေခြင်းဟုသိရသည်။

“NLD မဲလိမ်တယ်ဆိုပြီး အဓိကထား ပြောတယ် ။ပြီးတော့ တခြားပါတီတွေက တိုင်လို့ တပ်မ တော်အနေနဲ့ ညှိနှိုင်းပေးတယ်။ဒါပေမယ့် NLD က အာဏာရှင်ဆန်လို့ တပ်မတော်ကို အာဏာဝင်ထိန်းလိုက်တာလို့အကြိမ်ကြိမ် အဖန်ဖန်ပြော တယ်”ဟု တပ်မ ၇၇ လက်အောက်ခံတပ်တွင်း မည်သို့ဝါဒဖြန့်​နေ​ကြောင်း သတင်းရင်းမြစ်ကရှင်းပြသည်။

အဆိုပါသင်တန်းမျိုးမှာ ယခုတစ်ကြိမ်ပင် မကတော့ဘဲ အာဏာသိမ်းပြီးနောက်ပိုင်း ဒုတိယအကြိမ်မြောက်ကိုယ်တွေ့ကြုံရခြင်းဟု ၎င်းကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

“ပထမ တစ်ခါက စစ်တပ်ကချည်းပဲ။အခု အ ရှေ့တန်းက ပြန်လာတော့ တစ်လတောင်မပြည့်သေးဘူး ထပ်ပေးတယ်။ဒီတစ်ခါက ရဲ တွေရော၊ အကျဥ်းဦးစီးက ဝန်ထမ်းတွေပါတယ်။သူတို့ အနေနဲ့လည်း မတက်မဖြစ်တက်ရတာလို့ ပြော တယ်”ဟု အထင်ပါ သတင်းရင်းမြစ်က ပြောသည်။

ထိုကဲ့သို့ သင်တန်းကို ၁၀ ရက်ရန်ကုန်တိုင်းစစ် ရုံး(လုံခြုံရေးအရ မဖော်ပြ)တွင် ယခုလအတွင်း၁၀ ရက် ကြာတက်ရောက်ခဲ့ရကြောင်း အင်းစိန် အကျဥ်းဦးစီးဝန်ထမ်းက လူထုနွေဦးသို့ အတည် ပြုသည်။

“လုံခြုံရေးအရ သွားခဲ့ရတဲ့တပ်နေရာကို မပြောပေးနိုင်တာပါ။ပြည်သူ့ဆက်ဆံရေး၊စိတ်ဓာတ်စစ်ဆင်ရေးဌာနက လာတာ။ဗိုလ်မှူး အဆင့်တွေပို့ချပေးတာပါ။သူတို့ပြောတာတော့ အခုအကြမ်း ဖက်နေတာဟာ NLD ရဲ့ ပရောဂ မကင်းဘူး။မဲလိမ်ပြီး နိုင်ငံကို ဖျက်ဆီးနေတယ်ဆိုတာပါပဲ”ဟု ၎င်းက ပြောသည်။

​လေတပ်များတွင်လည်း ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်( PDF)များသည်အကြမ်းဖက်​နေ​​ကြောင်း ၊ထို​ကြောင့်စစ်​ကောင်စီတပ်ကတိုက်ခိုက်​​နေ​ကြောင်းစသဖြင့် သတင်းအမှားများကို​ပြော၍ ဝါဒဖြန့်ချီ​နေ​ကြောင်းသတင်းရင်းမြစ်အချို့က​ပြောသည်။

အကြမ်းဖက်စစ်ခေါင်းဆောင်များသည် အာ ဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းကစ၍ ယနေ့အထိ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် အရှေ့ပိုင်းစသည့် ဒေသများမှ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များဆီသွားရောက်၍ တပ်မပြိုကွဲစေရန် စည်းရုံးဟောပြောခဲ့သည့် အကြိမ်ပေါင်း ၃၀ ​​​ကျော်ရှိခဲ့သည်။

အလားတူ ဒု-စစ်ခေါင်းဆောင် စိုးဝင်းမှာလည်း ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကယား(ကရင်နီ)၊ တနင်္သာရီ၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင် ပြည်နယ်နှင့် ရခိုင်ပြည် နယ်ရှိ မြိုကြီးများအခြေ စိုက်တပ်များကို စည်းရုံးရေးဆင်း ဟောပြောခဲ့သည့်အကြိမ်ပေါင်း ၁၇ ကြိမ်ထက်မနည်း ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။