Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီ၏ တပ်တွင်းယုတ်မာမှုများ

စစ်အာဏာရှင်အဆက်ဆက်သည် ၎င်းတို့ဖြစ်ချင်​သောဆန္ဒများအား ​အောက်​ခြေတပ်ဖွဲ့ဝင်များသို့ အတင်း အဓမ္မခိုင်း​စေတတ်ပြီး “​ရေဗူးပေါက်တာ မလိုချင်ဘူး။ရေပါလာတာဘဲလိုချင်တယ်”ဆိုသည့်အတိုင်း ​အောက်​ခြေစစ်သည်များကို အနိုင်ကျင့် ခိုင်း​စေခဲ့ကြပါသည်။

■​အောက်​ခြေစစ်သည်များတိုက်ပွဲတွင် ကျဆုံးပါကလည်း စစ်တပ်သိက္ခာမကျ​စေ​ရန်နှင့် ​သေဆုံးသူစစ်သားများအတွက် ​အာမခံလျော်​ကြေး မ​ပေးလိုခြင်းတို့​ကြောင့် စစ်သည်များ စစ်တပ်အားသစ္စာ​ဖောက်ကာ ထွက်​ပြေးသွာခြင်းဖြစ်​ကြောင်း​ နောက်တန်းတွင် ကျန်ရစ်​သောမိသားစုများအား ​ပြောဆိုကာ နှင်ထုတ်သည့် ဖြစ်စဥ်များဖြစ်ပွားလျက်ရှိ​သည်။

-အကိုကြီးညီ

စစ်အာဏာရှင်အဆက်ဆက်သည် ၎င်းတို့ဖြစ်ချင်​သောဆန္ဒများအား ​အောက်​ခြေတပ်ဖွဲ့ဝင်များသို့ အတင်း အဓမ္မခိုင်း​စေတတ်ပြီး “​ရေဗူးပေါက်တာ မလိုချင်ဘူး။ရေပါလာတာဘဲလိုချင်တယ်”ဆိုသည့်အတိုင်း ​အောက်​ခြေစစ်သည်များကို အနိုင်ကျင့် ခိုင်း​စေခဲ့ကြပါသည်။

အောက်​ခြေစစ်သည်များ အပါအဝင်လက်နက်ကိုင် တပ်ဖွဲ့များနှင့် လက်​အောက်ဌာနများမှာ ရာထူး ​၊ငွေ​ကြေးအရ မဖြစ်မ​နေ “ဘယ်သူ​သေ​သေ င​တေမာရင်ပြီး​ရော” “လူ​ပေါ်မီးကျ ​ခွေး​ပေါ်ခါချ “ဆိုသည့် စကားများကို အသုံးပြုကာ ​အောက်​ခြေဝန်ထမ်းများအ​ပေါ် ဖိအား​ပေးခိုင်း​စေခဲ့ကြပါသည်။

Public Service Announcement

Public Service Announcement

ယခုအချိန်တွင် အကြမ်းဖက်စစ်​ကောင်စီ ​အောက်​ခြေ စစ်သားများ၊ရဲ​များ၏ လူမဆန်စွာ ပြည်သူများအားသတ်ဖြတ်​နေခြင်း၊ အနိုင်ကျင့်ဖမ်းဆီး​ထောင်ချ​နေခြင်း၊ ပြည်သူများ၏​နေအိမ်များသို့ အဓမ္မ ဝင်​ရောက်ဖမ်းဆီးသည့်အပြင် တန်ဘိုးရှိပစ္စည်းများနှင့် ​ငွေ​ကြေးများအားခိုးယူ ​နေခြင်း၊အပြစ်မဲ့ ပြည်သူများ ​နေထိုင်သည့်​နေအိမ်များအား ဖျက်စီးခြင်း ၊ရွာလုံးကျွတ် မီးရှို့ ခြင်း များအား စကစ အရာရှိကြီးများ၏ ခိုင်​စေမှု့များ အရ ခွင့်ပြုချက်ဖြင့် တရားလက်လွတ် လုပ်ချင်တိုင်း လုပ်​နေခဲ့ကြပါသည်။ ​​အောက်​ခြေစစ်​သားနှင့် ရဲများ ၊ပျူ​စောထီးအဖွဲ့များ ၊စစ်​ကောင်စီလက်​အောက်ခံအုပ်ကြီးများ(အုပ်ချုပ်​ရေးမှူများ)အား စည်းရုံး​ရေး အရ လုပ်ချင်ရာလုပ်ခွင့် ပြုခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက် စစ်​ကောင်စီအလိုကျ လုပ်ချင်ရာလုပ်ကာ ပြည်သူများအ​ပေါ် ဖိနှိပ်ရက်စက်၍အ​ကြောက်တရား​ကို​ပေးရန်ကြိုးစားကြ​သော်လည်းအလုပ်မဖြစ်ပါ။ ရဲရင့်၊ခိုင်ကြည် ၊ပြတ်သားသည့် ပြည်သူများက အ​ကြောက်တရားအစား ဖက်ဆစ်စစ်တပ်အ​ပေါ် နာကျည်မှု ၊အမုန်းတရား များကိုသာ ရရှိခဲ့ခြင်း၊ ​တော်လှန်​ရေးအဖွဲ့များ၏ စိတ်ဓါတ်ကြံခိုင်စွာ ပုန်ကန်​နေမှု့များအား စိုးရွံ့လာခြင်း၊ နိုင်ငံတကာမှ ဖိအား​ပေးလာခြင်းတို့​ကြောင့် စစ်​ကောင်စီသည် တိုက်ကွက်​ပြောင်းလာပြီးဖြစ်သည်။ ထိုအကွက်မှာအောက်​ခြေအား ထိုးချရန် ယုတ်မာ​သောအကြံဖြင့် ​အောက်တန်းကျစွာ ပြင်ဆင်၍ ညွှန်ကြားချက်များ ထုတ်ပြန် ပြင်ဆင်လာသည်။

ယင်းညွှန်ကြားချက်မှာ စစ်တိုင်းအသီးသီးတွင် အကြမ်းဖက်မှုများအား ​ဆောင်ရွက်​နေကြသည့် NLD ဦး​ဆောင်သည့် PDF,NUG,CRPH စသည့်အဖွဲ့များအား ​အကန့်အသတ်များဖြင့် ရှာ​ဖွေ​ဖော်ထုတ် ချေမှုန်း​နေခြင်းဖြစ်​ကြောင်း၊ထိုသို့​ဆောင်ရွက်ရာတွင် မလွှဲမ​ရှောင်သာ ကိစ္စမှလွဲ၍ စစ်ဆင်​ရေးနယ်​​​မြေတွင် ​နေထိုင်သည့် ပြည်သူများ အားထိခိုက်မှုအနည်းဆုံး​ဆောင်ရွက်ကြရန်နှင့် စစ်​ဘေး​ရှောင်များ၏ အသက်အိုးအိမ်စည်းစိမ်များအား ထိခိုက်ပျက်စီးမှု့ လုံးဝ(လုံးဝ)မရှိ​စေ​ရေးအတွက် အဆင့်ဆင်ကြပ်မတ်​ဆောင်ရွက်ရန်၊ညွှန်ကြားချက်အား ​အောက်​ခြေ စစ်သည်များအထိ သိရှိ​စေပြီးအရပ်သားပြည်သူများအား ထိန်းထိန်းသိမ်းသိမ်း​ဆောင်ရွက်ကြရန်နှင့် ညွှန်ကြားချက်အား လိုက်နာခြင်းမရှိပါက အဆင့်ဆင့် အ​ရေးယူမည်ဖြစ်​ကြောင်း ပုံစံ​ပြောင်း၍ ညွှန်ကြားထား​ကြောင်းတပ်အတွင်းသတင်း​ပေးထံမှ သိရှိရသည်။

ထိုကဲ့သို့ စာထုတ်ညွှန်ကြားချက်များသာမက တပ်တွင်းမိသားစုဆွေးနွေးပွဲ(ဒါဘာ)ကို တစ်လနှစ်ကြိမ်မဖြစ်မနေပြုလုပ်စေပြီးတပ်ရင်းမှူး ၊တပ်မမှူးနှင့်အခြားတာဝန်ရှိအရာရှိများကNUGနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ EAOs များသည်ကိုယ်ကျိုးရှာသမားများဖြစ် ကြောင်း၊တပ်မတော်နှင့်နိုင်ငံကိုဖျက်ဆီးနေကြသူများဖြစ်ကြောင်း၊တပ်မတော်ကိုရင်ဆိုင်နိုင်စွမ်းမရှိဘဲတပ်မတော်ကို တစ်ဘက်ကနှောင့်ယှက်တိုက်ခိုက်လိုက်အခြေအနေမကောင်းလျင် ငြိမ်းချမ်းရေးစကားဆိုလိုက်လုပ်နေကြကြောင်း၊တပ်မတော်ကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ(EAOများ)ကိုအချိန်မရွေးချေမှုန်းပစ်နိုင်သော်လည်း တပ်ချုပ်မင်းအောင်လှိုင်နှင့်စစ်ခေါင်းဆောင်များသဘောထားကြီးမှုကြောင့်သက်သာရာရနေကြကြောင်း ၊မကြာမီတပ်ချုပ်ကြီးနှင့်ခေါင်းဆောင်များစကားကိုနားမထောင်သည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်NUGကိုအပြတ်ချေမှုန်းပြီးစစ်တပ်ကသာနိုင်ငံတော်ဦးဆောင်မှုကို လုပ်နိုင်တော့မည်ဖြစ်ကြောင်းစသဖြင့် အောက်တန်းကျစွာ တပ်တွင်းဝါဒဖြန့်မှုများ ပြုလုပ်နေကြကြောင်း တပ်တွင်းသတင်းများအရသိရှိရပါသည်။

ယင်းကဲ့သို့ တပ်တွင်းဝါဒဖြန့်မှုများပြုလုပ်နေရင်းညွှန်ကြားချက်များ ထုတ်ပြန်ကာ ပြည်တွင်း၊ ပြည်ပမှ ဖိအား​ပေးလာပါ ​အောက်​ခြေ အရာရှိစစ်သည်များအား ထိုးချရန် ပြင်ဆင်လျက်အချင်းချင်း ယုတ်မာရန်ကြံစည်​နေသကဲ့သို့ ​အောက်​ခြေစစ်သည်များ တိုက်ပွဲတွင် ကျဆုံးပါကလည်း စစ်တပ်သိက္ခာမကျ​စေ​ရန်နှင့် ​သေဆုံးသူစစ်သားများအတွက် ​အာမခံလျော်​ကြေး မ​ပေးလိုခြင်းတို့​ကြောင့် စစ်သည်များ စစ်တပ်အားသစ္စာ​ဖောက်ကာထွက်​ပြေးသွာခြင်းဖြစ်​ကြောင်း​နောက်တန်းတွင် ကျန်ရစ်​သောမိသားစုများအား ​ပြောဆိုကာနှင်ထုတ်သည့် ဖြစ်စဥ်များဖြစ်ပွားလျက်ရှိ​သည်။

တပ်တွင်းဖရဲသီး(တပ်တွင်းမှ NUG၊ ပြည်သူ့ ကာကွယ်​ရေးတပ်ဖွဲ့များPDFများကို အ​ရေးကြီးသတင်းအချက်အလက်များ​ပေး၍ ​တော်လှန်​ရေး​အောင်မြင်​စေရန် တစ်ဖက်တစ်လှမ်းမှကူညီ​နေသူများ) နှိမ်နှင်းရေးကိုတပ်မှူးကတော်များမှဦးဆောင်လုပ်ကိုင်နေပြီးညရှစ်နာရီသတင်းကိုမဖြစ်မနေကြည့်ရန်၊မနက်အစီရင်ခံစာတင်ရန်၊သံသယရှိသောအရာရှိရဲဘော်များ၏ဖုန်းကိုမကြာခနယူစစ်ခြင်း၊ တပ်ဝါဒဖြန့်​ဖေစ်ဘွခ်ဂရုများဝင်စေခြင်း၊ Facebook Page များကိုမဖြစ်မနေကြည့်စေခြင်း၊ တပ်တွင်းကျဆုံးမှုသတင်းများကိုအမြဲဖုံးကွယ်ထားပြီး ကျဆုံးစာရင်းမထုတ်ပြန်ခြင်း၊အရာရှိ၊ရဲဘော်အချင်းချင်းတပ်တွင်းဖရဲသီးဟုတ်၊ မဟုတ်စောင့်ကြည့်စေခြင်းစသဖြင့်မျိုးစုံပြုလုပ်​နေသည်။

ယခုကဲ့သို့​ပြောပြခြင်းမှာ စစ်​ကောင်စီ၏ ယုတ်မာမှုများနှင့်အကြံအစည်များ နှင့် တပ်တွင်းလုပ်ဆောင်နေမှုများအား တော်လှန်ရေးရဲဘော်များသိ့ရန်အသိပေးရခြင်းဖြစ်ပါသည်။

ထိုအပြင် စစ်​​ကောင်စီအနေဖြင့်စစ်ဘောင်ကျယ်လာပြီးကျဆုံးသူများ၊တပ်မှထွက်ပြေးသူများ၊CDMပြုလုပ်သူများပြားလာသဖြင့်တပ်တွင်းအင်အားနည်းပါးလာခြင်း၊တပ်တွင်းမကျေနပ်မှုများပြားလာခြင်းကြောင့်စစ်ဘောင်ချုံ့ရန်ဗိုလ်ချုပ်ရာပြည့်မှတစ်ဆင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ခေါင်းဆောင်ကြီးများကိုပုဂ္ဂိုလ်ရေးအရအကြိမ်ကြိမ်ဆက်သွယ်ပြီးငြိမ်းချမ်းရေးစကားဆိုစေခြင်း၊မင်းဇော်ဦး၊လှမောင်ရွှေ၊အောင်နိုင်ဦးတို့ကဲ့သို့ကိုယ်ကျိုးရှာငြိမ်းချမ်းရေးပွဲစားများမှတဆင့်NUG၊EAOs များကိုငြိမ်းချမ်းရေးကမ်းလှမ်းဆွေးနွေးသယောင်လေသံပစ်လာနေကြသည်။

တဖက်မှလည်းစစ်​ကောင်စီ၏ဝါဒဖြန့် မီဒီယာများဖြစ်​သော Neopolitic ၊ People Media ၊ VOM (ကျော်မျိုးထွန်း၊ဒေါက်တာအောင်မျိုး၊မာဂျေ(ဗိုလ်မှုးဟောင်း) ၊ ​နေမျိုးလင်း)စသည့်မီဒီယာတို့မှတစ်ဆင့် NUG,EAO, PDFအဖွဲ့များ၊ ပြည်သူများကို မသိမသာရော၊သိသိသာသာပါသွေးခွဲသည့်သတင်းများ၊ဝါဒဖြန့်သတင်းများ ထုတ်လွှင့်မှုများကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေကြောင်းအတွင်း သတင်းပေးများမှသိရှိရပါသည်။

သို့ပါ၍ လမ်းဟောင်းအတိုင်း(ငြိမ်းချမ်းရေးစကားဆိုလိုက်၊ သွေးခွဲလိုက်၊ သာလွန်လက်နက်ဖြင့်တိုက်ခိုက်လိုက်) လုပ်နေကြသော အကြမ်းဖက် စစ်​ကောင်စီ ကို တိုင်းရင်းသားပြည်သူ့တော်လှန်ရေး ရဲဘော်များအနေဖြင့် “စစ်အာဏာရှင်စနစ် ငါတို့မျိုးဆက်မှာ နောက်ဆုံးဖြစ်စေရမည်” ဟူသော ယုံကြည်ချက်ဖြင့် အချင်းချင်းစည်းလုံး ညီညွတ်၊ ညှိနှိုင်းလျှက် ဘုံရန်သူ မင်း​အောင်လှိုင်နှင့် ​နောက်လိုက် စစ်​ကောင်စီကို ဘက်ပေါင်းစုံမှတွန်းလှန်ကြရန် အကြံပြုတင်ပြအပ်ပါသည်။

ဆက်စပ်သတင်းများ

သတင်း

အလစ်အငိုက် တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်မှ ၂၀ဦးခန့်ထိခိုက်သေဆုံးခဲ့ကြောင်းဒေသခံက ပြောကြားပြီးယင်းသေဆုံးမှု အခြေအနေကို People's Spring ကသီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

သတင်း

ယနေ့( ဇူလိုင် ၄ )ရက် နံနက် ၂ နာရီခန့်က ဒီး​မော့ဆို မြို့နယ် အ​နောက်ခြမ်းရှိစစ်ဘေးရှောင် ပြည်သူများ၏စစ်ရှောင်စခန်းတစ်နေရာတွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်သည်။

သတင်း

လက်ရှိအခြေအနေများကြောင့် စစ်တွေမြို့တွင် လေကြောင်းလိုင်းများ ခေတ္တယာယီပိတ်ထားရခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်သံတွဲမြို့ကိုပုံမှန်ခရီးစဉ်ပြေးဆွဲလျက်ရှိသည်ဟု အခြားအရောင်းကိုယ်စားလှယ်တစ်ဦးကလည်းပြောသည်။

သတင်း

စစ်ကောင်စီတပ်သားများ မင်းတပ် CDFထံ လက်နက်နှင့်အတူ CDM ဝင်ရောက်လာပါက ဆုကြေးငွေ ကျပ်သိန်း ၅၀ပေးအပ်မည်ဖြစ်ကြောင်း မင်းတပ် CDF က ၂၀၂၁ ဩဂုတ်က ကြေညာချက်ထုတ်ပြန် ထားသည်။