Connect with us

Hi, what are you looking for?

သတင်း

ယင်းမာပင်နယ် ထိတွေ့တိုက်ပွဲများတွင် ပြည်သူ့ရဲဘော်အချို့ ကျဆုံးမှုရှိ

အမိမြေတော်လှန်ရေးတပ်ဖွဲ့နှင့် တော်လှန်ရေးတပ်ဖွဲ့များပူးပေါင်းပြီး ယင်းမာပင်မြို့နယ် ရင်ပေါင် တိုင်ရွာသို့ လေကြောင်းအသုံးပြု၍လာသော စစ်ကောင်စီအင်အား ၂၀၀ခန့်နှင့် သြဂုတ် ၁၁ရက် ညနေခင်းပိုင်းမှစ၍ သြဂုတ် ၂၇ ရက်အထိ ထိတွေ့တိုက်ပွဲများနေ့စဉ် ဖြစ်ပေါ်ခဲ့သည်။

(အမိမြေတော်လှန်ရေးတပ်ဖွဲ့ဝင်ရဲဘော်များအား တွေ့ရစဥ်၊ဓာတ်ပုံ-အမိမြေ)
(အမိမြေတော်လှန်ရေးတပ်ဖွဲ့ဝင်ရဲဘော်များအား တွေ့ရစဥ်၊ဓာတ်ပုံ-အမိမြေ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ရက်သတ္တပတ် နှစ်ပတ်ကျော်အတွင်း စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲများတွင် စစ်ကောင်စီတ​ပ်သားများ သေဆုံးထိခိုက်မှုရှိပြီး ဒေသတွင်းပြည်သူ့ရဲဘော် အချို့လည်း ကျဆုံးခဲ့ရကြောင်း အမိမြေတော်လှန်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အမိမြေတော်လှန်ရေးတပ်ဖွဲ့နှင့် တော်လှန်ရေးတပ်ဖွဲ့များပူးပေါင်းပြီး ယင်းမာပင်မြို့နယ် ရင်ပေါင် တိုင်ရွာသို့ လေကြောင်းအသုံးပြု၍လာသော စစ်ကောင်စီအင်အား ၂၀၀ခန့်နှင့် သြဂုတ် ၁၁ရက် ညနေခင်းပိုင်းမှစ၍ သြဂုတ် ၂၇ ရက်အထိ ထိတွေ့တိုက်ပွဲများနေ့စဉ် ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက နည်းမျိုးစုံဖြင့် တိုက်ခိုက်ခဲ့၍ အကြမ်းဖက်စစ်သား သေဆုံးထိခိုက်မှုများရှိကြောင်း၊ ပြည်သူ့ကာကွယ်ရေး ရဲဘော်များလည်း အသက်ပေးလှူသွားသူများရှိကြောင်း အမိမြေတော်လှန်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပြည်သူ့ရဲဘော်များ ကျဆုံးမှုအခြေအနေနှင့် ပတ် သက်၍ အမိမြေတော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက “များတယ်ဗျ။ စစ်ကြောင်းတလျှောက် ပြည်သူ့ရဲဘော် ၁၀ ယောက်ကျော်လောက်ရှိမယ်။ စစ်​​ွေးတွေလည်း အထိအခိုက်များတယ်။ထိပ်တိုက်တွေ့တဲ့အခါ လက်နက်အင်အား မမျှတာ”ဟု ပြောကြားသည်။

Public Service Announcement

Public Service Announcement

ပုလဲမြို့နယ်နှင့် ယင်းမာပင်မြို့နယ်အစပ်တွင်ရှိသော ရင်ပေါင်တိုင်ရွာတွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက်စစ်တပ်သည် ရင်ပေါင်တိုင်ရွာမှတဆင့် ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာများကို ဝင်ရောက်ဖျက်ဆီးမီးရှို့ခြင်း၊ အကြမ်းဖက်သတ်ဖြတ်ခြင်းများ ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း၊ ထိုအကြမ်းဖက်စစ်တပ်ကို နေ့စဥ်စောင့်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အမိမြေတော်လှန်ရေးတပ်ဖွဲ့က အသိပေးသည်။

ယနေ့အချိန်အထိ စစ်ကောင်စီစစ်ကြောင်းသည် ကနီမြို့နယ်အတွင်းသို့ရောက်ရှိနေပြီး ဆက်လက် စစ်ကြောင်းထိုးအကြမ်းဖက်နေ၍ ဖမ်းဆီးသတ် ဖြတ်ခြင်း၊ အိမ်ခြေများမီးရှို့ဖျက်ဆီးခံရခြင်းများ ကြုံတွေ့နေရဆဲဖြစ်ကြောင်း အမိမြေတော်လှန်ရေးတပ်ဖွဲ့ ရဲဘော်တစ်ဦးက ပြောသည်။

ရာသီဥတုအခြေအနေကြောင့် ဒရုန်းတစ်စီးလည်း ပျက်စီးဆုံးရှူံးခဲ့ရပြီး လက်နက်ခဲယမ်းများလည်း လိုအပ်နေ၍ ကူညီလှူဒါန်းပေးကြရန် အမိမြေတော်လှန်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​တွေမှာစက်တင်ဘာ၄​နောက်ပိုင်းစစ်သား ၂၀၀ခန့်​သေဆုံးဟုဆို

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook