Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်းနေသည့် ရပ်ကျေးတာဝန်ရှိသူများကို အရေးယူတော့မည်ဟု တွံတေး UGအဖွဲ့ နောက်ဆုံးအကြိမ် သတိပေး

အချို့သောအုပ်ချုပ်ရေးမှူးများသည် ပြည်သူကိုဒုက္ခမပေးဘဲ ကာကွယ်စောင့်ရှောက်ပါ့မည်ဟု ကတိသစ္စာခံသည်ကိုလည်းတွေ့ရှိရသည်ဟု ဆိုသည်။

တွံတေးမြို့နယ်
တွံတေးမြို့နယ်

သတိပေးချက်များ အကြိမ်ကြိမ်ထုတ်ပြန်ခဲ့သော်လည်း လိုက်နာခြင်းမရှိဘဲ ဂရုမစိုက်သလို စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်းနေသည့် ရပ်ကျေးအုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် ၎င်းတို့၏ မိသားစုများအား ပြင်းထန်စွာအရေးယူတော့မည်ဟု မြို့ပြပြောက်ကျားတပ်ဖွဲ့-တွံတေးက ယ နေ့(သြဂုတ် ၃၁) နောက်ဆုံးအကြိမ်သတိပေးလိုက်သည်။

မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများအား ပြည်သူနှင့်အတူတစ်သား တည်းရပ်တည်၍ ပြည်သူဘက်ရပ်တည်ကြရန် ကျွန်ုပ်တို့ မြို့ပြပြောက်ကျား တပ်ဖွဲ့မှ အခွင့်အရေးပေးသော်လည်း ၎င်းအုပ်ချုပ်ရေးမှူးများအနက်မှ အချို့သောအုပ်ချုပ်ရေးမှုးများသည် နှုတ်ထွက်ဟန်ပြကာ နောက်ကွယ်မှဆက်လက်လုပ်ကိုင်နေခြင်း၊‌ ကျွန်ုပ်တို့ပေးသည့် အခွင့်အရေးအားခေါင်းမာစွာငြင်းဆန်ခြင်း၊ စကားပရိယာယ်ဖြင့် လှည့်ပတ်ပြောဆိုခြင်းတို့အား ပြုလုပ်လျှက်ရှိသည်ကိုတွေ့ရှိနေရသည်ဟု ဖော်ပြသည်။

အချို့သောအုပ်ချုပ်ရေးမှူးများသည် ပြည်သူကိုဒုက္ခမပေးဘဲ ကာကွယ်စောင့်ရှောက်ပါ့မည်ဟု ကတိသစ္စာခံသည်ကိုလည်းတွေ့ရှိရသည်ဟု ဆိုသည်။

“အကြမ်းဖက်စစ်ကောင်စီအားပေး ရပ်ကွက်/ကျေးရွာအုပ်ချုပ်မှူးများနှင့် ပတ်သက်၍ အကြိမ်ကြိမ်သတိပေးခဲ့ပြီး ဖြစ်သော်လည်း ဂရုမစိုက်စွာနေထိုင်၍ ပြည်သူကိုနည်းလမ်းမျိုးစုံဖြင့် ဂုတ်သွေးစုပ်အမြတ်ထုတ်၍ ဒုက္ခပေးနေသည့် အုပ်ချုပ်ရေးမှုးများအားပြင်းပြင်းထန်ထန်အရေးယူခြင်းအားပြုလုပ်သွားမည်ဖြစ်ပါသည်”ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ပြည်သူများအနေဖြင့်လည်း ပြည်သူအားနည်းမျိုးစုံဖြင့် ဂုတ်သွေးစုပ်အမြတ်ထုတ်နေသော အုပ်ချုပ်ရေးမှူး ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့၏ အမည်၊ နေရပ်တို့အား ကျွန်ုပ်တို့ မြို့ပြပြောက်ကျားတပ်ဖွဲ့(တွံတေး)၏ Facebook Page Massenger သို့လာရောက်တိုင်ကြားနိုင်သည်ဟု ဖော်ပြသည်။

အရေးယူရာတွင် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများသာမက ၎င်းတို့၏ မိသားစုများကိုပါပူးတွဲ၍ ပြင်း ပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ကြောင်း နောက်ဆုံး အကြိမ်အဖြစ် သတိပေးထားသည်။

သတိပေးချက်အားလိုက်နာခြင်းမရှိသော အုပ်ချုပ်ရေးမှူးအမည် စာရင်းများအား အပတ်စဉ်ထုတ်ပြန်သွားမည်ဖြစ်ကြောင်းလည်း မြို့ပြပြောက်ကျားတပ်ဖွဲ့-တွံတေးက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။