Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်နဲ့ မန္တလေး PDF သုံးကြိမ် တိုက်ပွဲဖြစ်ရာမှာ စစ်ကောင်စီဘက်က အကျအဆုံးများ

တိုက်ပွဲဟာ သြဂုတ်လ ၂၄ ရက် နဲ့ သြဂုတ်လ ၃၀ ရက်အတွင်း သုံးကြိမ်ဖြစ်ပွားခဲ့တာလို့သိရပါတယ်။

ပြီးခဲ့သည့်ဇူလိုင်လအတွင်း ​နောင်ချိုနှင့် ပြင်ဦးလွင်မြို့နယ်တို့တွင်ဖြစ်ပွား​​​သောတိုက်ပွဲတွင် ​သေဆုံးခဲ့​သောစစ်သားယူနီ​ဖောင်းအချို့ အနီးတွင် MPDF တပ်ဖွဲ့ ဝင်များကို​တွေရစဥ်။ ဓါတ်ပုံ-MPDF
ပြီးခဲ့သည့်ဇူလိုင်လအတွင်း ​နောင်ချိုနှင့် ပြင်ဦးလွင်မြို့နယ်တို့တွင်ဖြစ်ပွား​​​သောတိုက်ပွဲတွင် ​သေဆုံးခဲ့​သောစစ်သားယူနီ​ဖောင်းအချို့ အနီးတွင် MPDF တပ်ဖွဲ့ ဝင်များကို​တွေရစဥ်။ ဓါတ်ပုံ-MPDF

ပြင်ဦးလွင်နဲ့ နောင်ချိုမြို့နယ်တွေအတွင်း သြဂုတ်လ ၂၄ ရက်ကနေ စတင်တဲ့ စစ်ကောင်စီ တပ်နဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ၄၀ ကျော်သေဆုံးတယ်လို့ မန္တလေး PDF က ဒီနေ့မှာထုတ်ပြန်ပါတယ်။

တိုက်ပွဲဟာ သြဂုတ်လ ၂၄ ရက် နဲ့ သြဂုတ်လ ၃၀ ရက်အတွင်း သုံးကြိမ်ဖြစ်ပွားခဲ့တာလို့သိရပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီစစ်ကြောင်းတွေကို မန္တလေး PDF က အဆင့်ဆင့်ပိတ်ဆို့ထားနိုင်တဲ့အတွက် စစ်ကောင်စီဘက်ကအထိအခိုက်အကျအဆုံးများခဲ့သလို ရဟတ်ယာဉ်နဲ့ လာရောက်တိုက်ခိုက်တာတွေရှိခဲ့တယ်လို့သိရပါတယ်။

မန္တလေး PDF ဘက်က ရဲဘော် ၂ ဦးဒဏ်ရာရခဲ့ပြီ မစိုးရိမ်ရဘူးလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းနေချိန် ၂၁ မိုင်အနီး ဗဟိုပြုပြီး အင်အား ၄.၀ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။

သတင်း

တရုတ်စီမံကိန်းတွေရှိတဲ့ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်းက တောင်မော်ဦးရေတပ်စခန်းဝန်းကျင်နဲ့ မင်းတက်တောင်လမ်းဆုံအနီး သိုင်းချောင်းဝန်းကျင်တို့မှာ စစ်တပ်စခန်း​တွေကို အာရက္ခတပ်တော်(AA)ကတိုက်ခိုက်​နေပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေကြတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းလို့ ရေကြီးရေလျှံတာ၊ သစ်ပင်လဲပြိုတာနဲ့ ယာဥ်တွေ လမ်းချော်တိမ်းမှောက်တာတွေ ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မြန်မာဖက်ခြမ်းနယ်စပ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေဟာမြန်မာ့ပြည်တွင်းရေးသာဖြစ်ပြီး ထိုင်းရဲ့ လုံခြုံရေးဆိုင်ရာ အခြေအနေတွေကိုတော့ကောင်းကောင်းထိန်းချုပ်ထားနိုင်ကြောင်း ထိုင်းတော်ဝင်ကြည်းတပ်က ထုတ်ပြန်ခဲ့ပါတယ်။