Connect with us

Hi, what are you looking for?

သတင်း

ပြင်ဦးလွင်၊ နောင်ချို နယ်တိုက်ပွဲများ၌ စစ်ကောင်စီတပ် ၄၀​ဦး​ကျော်​သေဟုမန္တလေး PDF ​ပြော

မန္တ​လေးပြည်သူ့ကာကွယ်​ရေးတပ်(MPDF)သည် အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)၊ကာကွယ်​ရေးဝန်ကြီးဌာနလက်​အောက်ရှိ တပ်ဖွဲ့ဖြစ်သည်။

ပြီးခဲ့သည့်ဇူလိုင်လအတွင်း ​နောင်ချိုနှင့် ပြင်ဦးလွင်မြို့နယ်တို့တွင်ဖြစ်ပွား​​​သောတိုက်ပွဲတွင် ​သေဆုံးခဲ့​သောစစ်သားယူနီ​ဖောင်းအချို့ အနီးတွင် MPDF တပ်ဖွဲ့ ဝင်များကို​တွေရစဥ်။ ဓါတ်ပုံ-MPDF
ပြီးခဲ့သည့်ဇူလိုင်လအတွင်း ​နောင်ချိုနှင့် ပြင်ဦးလွင်မြို့နယ်တို့တွင်ဖြစ်ပွား​​​သောတိုက်ပွဲတွင် ​သေဆုံးခဲ့​သောစစ်သားယူနီ​ဖောင်းအချို့ အနီးတွင် MPDF တပ်ဖွဲ့ ဝင်များကို​တွေရစဥ်။ ဓါတ်ပုံ-MPDF

▪︎စစ်ကောင်စီတပ်ဖွဲ့ဝင်များ CDM ပြုလုပ်လိုပါက ကြိုဆိုသွားမည်ဟု ဖိတ်ခေါ်

မန္တလေးတိုင်း ပြင်ဦးလွင်နှင့် နောင်ချိုမြို့နယ်များတွင် ဩဂုတ် ၂၄ရက်မှစ၍ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီတပ်မှ ၄၀ ​ကျော် သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်များသည် ဩဂုတ် ၂၄ရက်မှစ၍ လက်နက်ကြီးများဖြင့် စတင်တိုက်ခိုက်လာ၍ တိုက်ပွဲဖြစ်ပွားခဲ့ရာ ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ် စစ်ကြောင်းအား မန္တလေး PDF တပ်ဖွဲ့ဝင်များက အဆင့်ဆင့် ပိတ်ဆို့ တိုက်ခိုက်ခဲ့ကြောင်း၊ ထိခိုက်ကျဆုံးမှု များလာသည့် စစ်ကောင်စီတပ်သည် ယင်းနေ့ညနေပိုင်း၌ ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ် ဗုံးကြဲခဲ့ကြောင်း ဖော်ပြထားသည်။

မန္တ​လေးပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-MPDF
မန္တ​လေးပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-MPDF

အဆိုပါ တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ၂၀ ခန့် ကျဆုံးပြီး ထိခိုက်ဒဏ်ရာရသူများပြားခဲ့ကြောင်း၊ မန္တလေး PDF ရဲဘော် ၂ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးထားသည်။

ဩဂုတ် ၂၉ရက် ညနေပိုင်းတွင်လည်း မန္တလေး PDF တပ်ဖွဲ့ဝင်များ မိုင်းကွင်းဖော်၍ နေရာယူထားသည့် နေရာသို့ စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်လာ၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ အပြန်အလှန် ပစ်ခတ်မှုများ ရှိခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အလာတူး သြဂုတ် ၃၀ ရက်မနက်ကစစ်ကောင်စီတပ် စစ်ကြောင်းကို ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၃ဦးသေဆုံးခဲ့သည်ဟုသိရသည်။

တိုက်ခိုက်မှုများအတွင်း မန္တလေး PDF ဘက်မှ ဒဏ်ရာရသူအချို့ရှိခဲ့​သော်လည်း ကျဆုံးမှုမရှိဟု အသိ​ပေးသည်။

Public Service Announcement
Public Service Announcement

စစ်​ကောင်စီတပ်​သေဆုံး၊ဒဏ်ရာရရှိမှုအ​ခြေအ​နေနှင့်ပတ်သပ်၍ People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

လက်ရှိတွင် စစ်ကောင်စီတပ်က အင်အားအလုံးအရင်း ဖြင့် ပိတ်ဆို့ ကာထိုးစစ်ဆင်နေကြောင်းလည်းဖော်ပြထားသည်။

လက်ရှိတွင် ခုခံစစ်အား အောင်မြင်စွာ ဆင်နွှဲနေပြီး ယခုထက်ပို၍ စစ်ရေးအရှိန် မြှင့်တင်ရန် အတွက်လည်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း၊ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က အထိနာမှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိကြောင်း မန္တလေး PDFက အသိ​ပေးသည်။

ထိုအပြင်စစ်ကောင်စီတပ်ဖွဲ့ဝင်များ CDMပြုလုပ်ကာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ထံ သို့ ပူးပေါင်းဝင်ရောက်လိုပါက နွေးထွေး စွာ ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်းလည်းဖော်ပြထားသည်။

မန္တ​လေးပြည်သူ့ကာကွယ်​ရေးတပ်(MPDF)သည် အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)၊ကာကွယ်​ရေးဝန်ကြီးဌာနလက်​အောက်ရှိ တပ်ဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်ရှေ့မှာ တော်လှန်ပြည်သူတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုကို ဒီကနေ့ (ဇွန် ၁၉) မှာ ဖော်ဆောင်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။