Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – အရာတော်လမ်းတွင် စစ်ကောင်စီ မိုင်းရှင်းလင်းရေးအဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရ

ထိခိုက်သူများအား (၁၂)ဘီးကားဖြင့် မုံရွာမြို့သို့သယ်သွားကြောင်း၊ စစ်ကောင်စီတပ်ဘက်က ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိကြောင်း သပြေညိုပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

(သပြေညိုပြောက်ကျားတပ်ဖွဲ့ဝင်အချို့အား တွေ့ရစဥ်၊ ဓာတ်ပုံ-သပြေညို)
(သပြေညိုပြောက်ကျားတပ်ဖွဲ့ဝင်အချို့အား တွေ့ရစဥ်၊ ဓာတ်ပုံ-သပြေညို)

စစ်ကိုင်းတိုင်း၊ မုံရွာ – အရာတော်လမ်းပေါ်တွင် မိုင်းရှင်းလင်းရေးထွက်လာသည့် စစ်ကောင်စီတပ်များ မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။

သြဂုတ် ၃၀ ရက်က မုံရွာ – အရာတော်လမ်းပေါ် ရသေ့ကျောင်းမှ လမ်းဘေးဝဲယာ မိုင်းရှင်းလင်းရေးထွက်လာသော စစ်ကောင်စီတပ်သား ၁၅ ဦးကို မာလကာခြံအနီးအရောက် နံနက် ၉နာရီခွဲခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သုံးဦးပြင်းထန်ဒဏ်ရာရရှိသွားကြောင်း သပြေညိုပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

ထိခိုက်သူများအား (၁၂)ဘီးကားဖြင့် မုံရွာမြို့သို့သယ်သွားကြောင်း၊ စစ်ကောင်စီတပ်ဘက်က ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိကြောင်း သပြေညိုပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

အဆိုပါ စစ်ဆင်ရေးကို သပြေညိုပြောက်ကျားတပ်ဖွဲ့၊ Ayadaw Bone Naing-PDF၊ AMT မြေပြင်ပြောက်ကျားတပ်ဖွဲ့၊ Ayadaw Falcon Force(AF2)၊ Dranger Force LPDFတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်၍ သပြေညိုပြောက်ကျားတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။