Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

နယ်စပ်မိုင်တိုင် ၄၀ အနီးရှိစစ်ကောင်စီစခန်းAAသိမ်းပိုက်၊ စစ်သား ၁၉သေဆုံးပြီးလက်နက်ခဲယမ်းအများအပြားရရှိ

စခန်းအားသိမ်းပိုက်နိုင်ချိန်တွင် သေဆုံးစစ်ကောင်စီတပ်ရုပ်အလောင်းအများအပြားကို စခန်းအတွင်းမြှပ်နှံထားသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။

စစ်​ကောင်စီတပ်ထံမှသိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများ ။ဓါတ်ပုံ-AA
စစ်​ကောင်စီတပ်ထံမှသိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများ ။ဓါတ်ပုံ-AA

■ပလက်ဝမြို့နယ်တိုက်ပွဲတွင်လည်းစစ်​ကောင်စီတပ် ၁၀ဦး​သေဆုံးသဖြင့် တစ်ရက်တည်း ၂၉ ဦး​သေ

ရခိုင်-ဘဂ်လားနယ်စပ်ရှိ စစ်ကောင်စီလက်အောက်ခံ မိုင် တိုင် အမှတ် (၄၀)စခန်းအား စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့ရာ စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် (၁၉)ဦးသေ ဆုံးပြီး စခန်းနှင့်အတူ လက်နက်ခဲယမ်းအများအပြား သိမ်းပိုက်ရရှိခဲ့ကြောင်း ရခိုင့်တပ်တော် AA က ယနေ့(သြဂုတ် ၃၁) ညတွင် ထုတ်ပြန်လိုက်သည်။

အဆိုပါအမှတ် (၄၀)စခန်းကို ယနေ့နံနက်တွင် စတင်ထိုးစစ်ဆင်ခဲ့ပြီး နံနက်၉ နာရီ ၁၂ မိနစ်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကာ တိုက်ပွဲအတွင်း ရခိုင့်တပ်တော်မှ စစ်သည်အချို့ ကျဆုံးမှုရှိခဲ့သည်ဟုဆိုသော်လည်း အရေအတွက်အား ဖော်ပြမထားပေ။စစ်​ကောင်စီဘက်မှ ဒဏ်ရာအပြင်းအထန်ရရှိထား​သော တပ်ကြပ် သက်ကိုဦးမှအပ ကျန် ၁၉ဦး စလုံး​သေဆုံးခဲ့​ကြောင်းအမည်စာရင်း၊ရာထူးနှင့်တစ်ကွ AA ကအတိအကျအသိ​ပေးထားသည်။

စခန်းသိမ်းတိုက်ပွဲတွင် စစ်​ကောင်စီတပ်​သေဆုံးဒဏ်ရာရစာရင်းကို ​သေဆုံးသူများဓါတ်ပုံ​နောက်ခံဖြင့်​တွေရမှု ။ဓါတ်ပုံ-AA
စခန်းသိမ်းတိုက်ပွဲတွင် စစ်​ကောင်စီတပ်​သေဆုံးဒဏ်ရာရစာရင်းကို ​သေဆုံးသူများဓါတ်ပုံ​နောက်ခံဖြင့်​တွေရမှု ။ဓါတ်ပုံ-AA

ယင်းစခန်း ပတ်ဝန်းကျင်၌ တိုက်ပွဲများစတင်ဖြစ်ပွားနေခဲ့သည်မှာ သြဂုတ် ၂ ရက်ကတည်းကဖြစ်ပြီး အဆိုပါနေရာအပါအဝင် ပလက်ဝဒေသနှင့် အခြားနေရာများ၌ ရက်ဆက်တိုက်ပွဲများဖြစ်ပွားကာ ယခုဆိုလျှင်တစ်လနီးပါးအထိ ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း ဖော်ပြသည်။

ထို့အပြင် နယ်စပ်မိုင်တိုင် အမှတ် (၃၇)မှ မိုင်တိုင် (၄၀) ပတ်ဝန်းကျင်အပြင် ဝေလာတောင်တန်းပေါ်၌ ရန်သူ့ဖက်မှ မိမိတို့အား ပိတ်ဆို့ဖြတ်တောက်ထားသည့်နည်းတူ မိမိတို့ဖက်မှလည်း ရန်သူ့စခန်းအချို့အား ၎င်းတို့နည်းတူ ပိတ်ဆို့ဖြတ်တောက်ထားသည့် အခင်းအကျင်းဖြစ် ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ရန်သူသည် တစ်ရက်လျှင် လက်နက်ကြီး အရေအတွက် ခန့်မှန်း (၃၀၀/၄၀၀) အား ခမောင်းဆိပ်၊ မိုင်တိုင်အမှတ် (၃၄)၊ (၃၈)၊ နခခ (၇) ကြိမ်ချောင်းဗျူဟာ၊ မိုင်တိုင်အမှတ် (၃၈) နှင့် (၃၉) အကြားနေရာများ အပါအဝင် အနီးအနားရှိ ၎င်းတို့၏ တပ်စခန်းများမှ လက်နက်ကြီးများကို နေ့တိုင်းနီးပါး ပစ်ခတ် တိုက်ခိုက်နေသည့်အပြင် ယခုရက်များအတွင်း ရဟတ်ယာဉ်၊ ဂျက်တိုက်လေယာဉ်များဖြင့်ပါ ဗုံးကြဲ တိုက်ခိုက်နေသည့် ကြားမှ ရက္ခိုင့်တပ်တော်က စစ်ကောင်စီ၏ မိုင်တိုင်အမှတ် (၄၀) အနီးရှိ အဆိုပါ အထိုင်ချ အခိုင်အမာစခန်းအား လက်တုံ့ပြန်သည့်အနေဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“ဤစခန်းသည် ရက်ပေါင်းများစွာ အပြန်အလှန်တိုက်ပွဲဖြစ်ပွားနေသော နေရာများထဲမှ တစ်ခုဖြစ်သည်”ဟု ဖော်ပြသည်။

▪︎စစ်​ကောင်စီတပ်​ကြောင့် ပြည်သူများ​သေဆုံး၍လက်တုံ့ပြန်ရန်AA ကစခန်းသိမ်းတိုက်ပွဲ​ဖော်

မြောက်ဦးအခြေစိုက် ခမရ (၃၇၇)၊ ခမရ (၃၇၈)၊ ခမရ (၅၄၀)တို့အပြင် ၎င်းတို့တပ်စွဲ ထားသော တိမ်ညို၊ သင်းကျိုက်တောင်၊ လင်းမြီတောင် စသည့်နေရာများမှ မြောက်ဦးမြို့နယ် အတွင်းရှိ ကင်းဆိပ်၊ ဘူးရွက်မညှိုး၊ အောက်သကန်၊ ကူးတို၊ ချောင်းနား၊ လက္ကာ၊ ဝေသာလီ စသည့်ရွာများသို့ ရည်ရွယ်ချက်ရှိရှိ တမင်တကာ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် အသက် (၅)နှစ်အရွယ် မောင်မြတ်သူလင်း အပါအဝင် ဦးလှအောင်သိန်း(အသက် ၃၈ နှစ်)၊ ဒေါ်အေးယဉ်နု (အသက် ၆၉ နှစ်) တို့ လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ (၉) ဦးအထိရှိခဲ့ရာ ယင်းဖြစ်စဉ်အ ပေါ်ချက်ချင်း လက်တုံ့ပြန်သည့်အနေဖြင့် မိုင်တိုင်အမှတ် (၄၀) စခန်းအား တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု​ဖော်ပြထားသည်။

မိုင်တိုင်အမှတ်(၄၀) တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲမှ ပြင်းထန်ဒဏ်ရာရရှိပြီး လောလောဆယ် အသက်မသေသေးသော ဒုတပ်ကြပ် သက်ကိုဦး တစ်ယောက်မှလွဲ၍ ရဲအုပ် စိုးစိုးပိုင် အပါအဝင် စုစုပေါင်း (၁၉) ယောက်သေဆုံးခဲ့ပြီး လက်နက် ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်အမြောက်အများကို မိမိတို့မှ သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြသည်။

စခန်းအားသိမ်းပိုက်နိုင်ချိန်တွင် သေဆုံးစစ်ကောင်စီတပ်ရုပ်အလောင်းအများအပြားကို စခန်းအတွင်းမြှပ်နှံထားသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။

“မိမိတို့ဖက်မှလည်း ဤစခန်းသိမ်းတိုက်ပွဲအတွင်း အထိအခိုက်၊ အကျအဆုံး တချို့ရှိခဲ့သည်”ဟု ရခိုင့်တပ်တော် AA က အသိပေးသည်။

ထိုအပြင်ယနေ့ သြဂုတ် ၃၁ ရက်၊ နေ့လယ် (၂) နာရီ (၄၀) မိနစ်အချိန်၌လည်း ပလက်ဝမြို့နယ်၊ မြိတ်ဝကျေးရွာ၏ အနောက်ဖက် မီတာ (၅၀၀) ခန့်အကွာအဝေးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးရန်သူ့ဖက်မှ (၁၀) ဦး မျက်မြင်ကျဆုံးခဲ့ကာ တိုက်ပွဲမှာ ညနေ (၅) နာရီအထိနှစ်ဖက်အပြန်အလှန် တိုက်ခိုက်မှုများနှင့်အတူ ဆက်လက်ရှိနေခဲ့သည်ဟုလည်း ဖော်ပြသည်။

အာရက္ခတိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရသော အာရက္ခစစ်သည်တော်များ ၊ ထူးချွန်မြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့သော အာရက္ခစစ်သည်တော်များကို မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။