Connect with us

Hi, what are you looking for?

သတင်း

ထီးချိုင့်တွင် စစ်ကောင်စီတပ် ယနေ့သုံးကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများ

စစ်ကောင်စီတပ်ကလည်း လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့များ ထိခိုက်မှုမရှိကြောင်း Special-HPDFက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်အား အသုံးပြုတိုက်ခိုက်ခဲ့သော မိုင်းအား ြပသထားစဥ်၊ ဓာတ်ပုံ - Special-HPDF
စစ်ကောင်စီတပ်အား အသုံးပြုတိုက်ခိုက်ခဲ့သော မိုင်းအား ြပသထားစဥ်၊ ဓာတ်ပုံ - Special-HPDF

စစ်ကိုင်းတိုင်း ထီးချိုင်မြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့သည်ဟု ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(PDF) လက်အောက်ခံ Special 9 –HPDF က သတင်းထုတ်ပြန်သည်။

ယနေ့(စက်တင်ဘာ ၁ရက်)နံနက်က အောင်သာယာရွာအနီး စစ်ကြောင်းထိုး တက်လာသည့် အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၁၄ဦးခန့် သေဆုံးထိခိုက်နိုင်ကြောင်း ခန့်မှန်းဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

စစ်ကြောင်းကို ပထမအကြိမ်မိုင်းဖြင့် တိုက်ခိုက်ရာ လေးဦးခန့် ထိခိုက်သွားပြီး ဒဏ်ရာရသူများကိုဆွဲယူပြီး သစ်ပင်အောက် ဆေးကုနေစဉ် အောင်သာယာကုန်းထိပ်သို့ ထပ်မံ တက်လာသည့် စစ်ကြောင်းကို ရှေ့ထွက်မိုင်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ ဒုတိယအကြိမ် တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ ၁၀ဦးခန့် လဲကျသွားကြောင်း ဖော်ပြထားသည်။

ယင်းတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ထိခိုက်မှုမရှိဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ယနေ့ နေ့လည်ပိုင်းတွင်လည်း မြတောင်ဘက်မှ ဆင်းလာသည့် ကားတစ်စီးကို မောင်းကုန်း အုပ်စု ဖုန်ကုန်းကြီး ရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိနိုင်သည်ဟု ထုတ်ပြန်သည်။ အဆိုပါ ကားပေါ်တွင် ယနေ့နံနက် တိုက်ခိုက်မှုတွင် ဒဏ်ရာရခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့များ ပါလာနိုင်ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်ကလည်း လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့များ ထိခိုက်မှုမရှိကြောင်း Special-HPDFက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။