Connect with us

Hi, what are you looking for?

သတင်း

ရန်သူကိုအချိန်ပေး၍ မရတော့လို့ လာမည့်တစ်နှစ်အတွင်း တော်လှန်ရေးအဆုံးအဖြတ်ကို ရယူမည်ဟု NUGကာကွယ်ရေးဝန်ကြီး အသိပေး

ပြည်သူ့ခုခံစစ်တစ်နှစ်ပြည့်ဖြစ်သည့် ယနေ့(စက်တင်ဘာ ၇ရက်)တွင် ဝန်ကြီးက ပြည်သူ့ကာကွယ်ရေး PDF ရဲဘော်များသို့ ပြောကြားချက်တွင် အထက်ပါအတိုင်း အသိပေးခဲ့ခြင်းဖြစ်သည်။

ဝန်ကြီး ဦးရည်မွန်နှင့် ပြည်သူ့ရဲဘော်များ အတူတကွတွေ့ရစဥ်
ဝန်ကြီး ဦးရည်မွန်နှင့် ပြည်သူ့ရဲဘော်များ အတူတကွတွေ့ရစဥ်

ရန်ပုံငွေရရှိမှု တိုးတက်နေသကဲ့သို့ လက်နက်ခဲယမ်းမီးကျောက် ရှာဖွေရရှိမှု ပိုလမ်းပွင့်လာဟုဆို

ပြည်သူ့ခုခံတွန်းလှန်စစ် တစ်နှစ်ကာလအတွင်း တော်လှန်ရေးအောင်မြင်ရန်လိုအပ်သည့် ရေခံမြေခံ အားလုံးကို တည်ဆောက်နိုင်ခဲ့ပြီဖြစ်၍ ရှေ့လာမည့် နှစ်အတွင်း တော်လှန်ရေး၏ အဆုံးအဖြတ်ကို ရယူရန် စိတ်ပိုင်းဖြတ်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။

ပြည်သူ့ခုခံစစ်တစ်နှစ်ပြည့်ဖြစ်သည့် ယနေ့(စက်တင်ဘာ ၇ရက်)တွင် ဝန်ကြီးက ပြည်သူ့ကာကွယ်ရေး PDF ရဲဘော်များသို့ ပြောကြားချက်တွင် အထက်ပါအတိုင်း အသိပေးခဲ့ခြင်းဖြစ်သည်။

96 Soldiers - PDFမှ ရဲဘော်များအား တွေ့ရစဥ်
96 Soldiers – PDFမှ ရဲဘော်များအား တွေ့ရစဥ်

“ရှေ့လာမယ့်နှစ်ကတော့ တော်လှန်ရေးအတွက် အထူးအရေးကြီးလိမ့်မယ်။ ရန်သူကို အချိန်ပေးလို့ မရတော့ဘူးဆိုတာ သေချာတယ်။ ဒီ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မဟာမိတ်များအားလုံး လာမယ့်တစ်နှစ်အတွင်း တော်လှန်ရေးရဲ့အဆုံးအဖြတ်ကို ရယူဖို့ စိတ်ပိုင်းဖြတ်ပြီး ဖြစ်တယ်ဆိုတာလည်း အသိပေးလိုတယ်။ ငါတို့အားလုံး တစ်သံတည်းညီပြီး တစ်ချီတည်း ရုန်းကြရလိမ့်မယ်”ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

ပြည်သူ့ခုခံစစ်ကြေညာခဲ့သည့် တစ်နှစ်တာကာလအတွင်း PDFသည် ရန်သူ မည်ကဲ့သို့မှ ချေမှုန်းရန် မဖြစ်နိုင်တော့သည့် တပမတော်သစ်တစ်ခု အဖြစ် ပေါ်ထွက်လာခဲ့ပြီဖြစ်ကြောင်း၊ တစ်နှစ်အတွင်း တန်ဖိုး မဖြတ်နိုင်သည့် စစ်ရေးအတွေ့အကြုံများ ရရှိခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

Public Service Announcement

Public Service Announcement

“အစဉ်အလာကြီးတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ (EROs) တွေဟာ ဒီတော်လှန်ရေးမှာ ထဲထဲဝင်ဝင်ရှေ့ဆောင် ပါဝင်နေကြပြီဖြစ်လို့ ရန်သူကိုချေမှုန်းအနိုင်ယူမယ့် ပြည်သူ့တော်လှန်ရေးတပ်ပေါင်းစုကြီး ပေါ်ပေါက်လာခဲ့ပြီလို့လည်း ဆိုရမယ်။

DOUNG NI Defence Force - Wetletမှ ရဲဘော်များအား တွေ့ရစဥ်
DOUNG NI Defence Force – Wetletမှ ရဲဘော်များအား တွေ့ရစဥ်

အထူးသဖြင့် ငါတို့အားလုံး ဦးညွှတ်အလေးပြုရမှာက ငါတို့ပြည်သူတွေရဲ့ဂုဏ်ရောင်ပြောင်တဲ့ တော်လှန်ရေးစိတ်ဓာတ်ပဲ ဖြစ်တယ်။ စစ်ကောင်စီရဲ့အကြမ်းဖက်မှု အမျိုးမျိုးကို ကြံ့ကြံ့ခံပြီး တော်လှန်ရေးမှာ သံဓိဌာန်ရှိရှိ ထောက်ခံပါဝင်နေတဲ့ ငါတို့ ပြည်သူတွေကို တော်လှန်ရေးအောင်ပွဲ ရယူပေးခြင်းအားဖြင့်သာ ငါတို့ကျေးဇူးဆပ်နိုင်ပေလိမ့်မယ်” ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

လက်ရှိ ကြီးမားသည့် စိန်ခေါ်ချက်မှာ တော်လှန်ရေးတပ်ဖွဲ့အားလုံးကို လုံလောက်အောင် လက်နက်တပ်ဆင်ပေးနိုင်ရေး ဖြစ်ပြီး လက်နက်တပ်ဆင်နိုင်စွမ်း အကန့်အသတ်ရှိနေသေးသည်ကို ဝန်ကြီးက ဝန်ခံခဲ့သည်။

“လက်နက်တပ်ဆင်တယ်ဆိုတာ သူ့ချည်းသက်သက် ဆောင်ရွက်လို့ ရတာမျိုး မဟုတ်ဘူး။ စုဖွဲ့မှု၊ ကွပ်ကွဲမှု၊ တပ်ဆင်မှုနဲ့အင်အားဖြန့်ကျက်မှု ဒီလုပ်ငန်းစဥ်အားလုံးကို တပြိုင်တည်း ဆက်စပ် ဆောင်ရွက်ရတယ်ဆိုတာလည်း ရဲဘော်တို့ နားလည်စေချင်တယ်။ လက်နက်တပ်ဆင်မှု ဟာ ဆက်တိုက်ဆောင်ရွက်နေမယ့် အစီအစဥ်ဖြစ်တယ်။ အခုဆိုရင် ပြည်သူ့ရဲ့အားပေးထောက်ခံမှုနဲ့အတူ ရန်ပုံငွေရရှိမှုဟာလည်း တိုးတက်နေသလို၊ လက်နက်ခဲယမ်းမီးကျောက် ရှာဖွေရရှိမှုဟာလည်း ပိုပြီး လမ်းပွင့်လာပြီလို့ ပြောရမယ်”ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

ဒေသတိုင်း၌ ပြန့်နှံ့ပေါ်ပေါက်လာသည့် တော်လှန်ရေးအင်အားစုများကို အမိန့်ပေးကွပ်ကဲမှု စနစ်တစ်ခုတည်းအောက်၌ စုစည်းနိုင်ရေးဖြစ်ပြီး တစ်နှစ်အတွင်း ယင်းအချက်အပေါ် အားစိုက်လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

“ကွပ်ကဲမှုတည်ဆောက်တဲ့အခါ စစ်ဒေသအဆင့်နဲ့ ခရိုင်အဆင့် အဓိကအဆင့်နှစ်ဆင့်ရှိတယ်ဆိုတာ ရဲဘော်တို့လည်း သိပြီး ဖြစ်တယ်။ စစ်ဒေသကို မဟာဗျူဟာလိုအပ်ချက်အရ မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များရဲ့ ပူးပေါင်းပါဝင်မှုနဲ့ဖွဲ့ စည်းတယ်။ လိုအပ်တဲ့နေရာတွေမှာ စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့တွေ ဖွဲ့စည်းလုပ်ဆောင်ရတာလည်း ရှိတယ်။ ခရိုင်အဆင့်ကွပ်ကဲမှုကတော့ ခရိုင်ကွပ် ကဲရေးမှူးဦးဆောင်ပြီး ဒေသတွင်းက PDF တွေ၊ ပကဖ တွေ၊ LDF တွေ အားလုံးကို စုစည်းကာ ဗျုဟာ မြောက် ကွပ်ကဲမှုနဲ့စစ်ဆင်မှုဆောင်ရွက်နိုင်ဖို့ ရည်ရွယ်တယ်” ဟုဝန်ကြီး ဦးရည်မွန်က ပြောသည်။

ခရိုင်ကွပ်ကဲရေးအဖွဲ့များ အနေဖြင့် အချိတ်အဆက်မမိသေးသည့် ကာကွယ်ရေးအဖွဲ့များကို မြေပြင်၌ တွေ့ဆုံပြီး ခရိုင်အလိုက်စုစည်းမှုပုံစံကို ရှင်းပြပြီး အားလုံးအတူတကွ လက်တွဲပူးပေါင်းဆောင်ရွက်ရေး ကြိုးပမ်းနေသည်ဟု ဆိုသည်။

“ဒီတော်လှန်ရေးမှာ ငါတို့ဟာ တစ်ယောက်တစ်ပေါက်၊ တစ်ကွဲတပြားစီ လုပ်နေသမျှ တော်လှန်ရေး မြန်မြန်အောင်ဖို့ မမျှော်လင့်နိုင်ဘူး။ငါတို့အားလုံးရဲ့စုစည်းညီညွတ်မှုသည်သာ ဒီတော်လှန်ရေးရဲ့အသက်ဖြစ်တယ်ဆိုတာလည်း ရဲဘော်တို့ သဘောပေါက်ခံယူပြီး ဖြစ်တယ်” ဟု ဝန်ကြီး ကပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။