Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – ချောင်းဦးလမ်းပိုင်း ယာယီပိတ်ထား

မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဥ်တန်းများ ဖြတ်သန်းသွားတိုင်း လမ်းတစ် လျှောက်ရှိ ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။

(မုံရွာ - မန္တလေးလမ်းမကြီးပေါ်တွင် လမ်းပိုင်းယာယီပိတ်ထားစဥ်က စောင့်ဆိုင်းနေသောယာဥ်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(မုံရွာ - မန္တလေးလမ်းမကြီးပေါ်တွင် လမ်းပိုင်းယာယီပိတ်ထားစဥ်က စောင့်ဆိုင်းနေသောယာဥ်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ မုံရွာ – ချောင်းဦးလမ်းပိုင်းအား အရေးပေါ်လိုအပ်ချက်အရ ယနေ့နံနက်ပိုင်းမှစတင်ကာ ယာယီပိတ်ထားလိုက်ကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

ယနေ့(စက်တင်ဘာ ၈ ရက်) နံနက် ၁၀နာရီမှစတင်ကာ မုံရွာ – ချောင်းဦးလမ်းပိုင်းကိုကြေညာ ချက်ထုတ်ပြန်ချိန်မှစ၍ နောက်ထပ်တစ်စုံတစ်ရာ မထုတ်ပြန်မီအထိ အရေးပေါ်လိုအပ်ချက်အခြေအနေအရ ယာယီပိတ်ထားလိုက်ကြောင်း ချောင်းဦး PDFက အသိပေးသည်။

ယာယီပိတ်ထားချိန်အတွင်း ကြေညာချက်ပါလမ်းပိုင်းကို ဒေသခံပြည်သူတို့၏ လုံခြုံရေးအတွက် လုံးဝအသုံးမပြုကြပါရန်နှင့် လိုက်နာခြင်းမရှိသူတို့၏ လုံခြုံရေးအတွက် အာမမခံပါကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

အထက်ပါလမ်းပိုင်းတွင် သွားလာနေကြသော မော်တော်ယာဉ်များအနေဖြင့် အန္တရာယ်ကင်းရှင်းစေရန်အတွက် ရောက်ရာအရပ်တွင် ခေတ္တရပ်နားထားကြပါရန်နှင့် အဆိုပါ လမ်းပိုင်းကိုလက်ရှိအသုံးပြုလျက်ရှိသော မိမိ၏ဆွေမျိုးမိတ်ဆွေများကို ထပ်ဆင့်အကြောင်းကြားပေးကြပါရန် ချောင်းဦး PDFက မေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

အလားတူ မုံရွာ – မန္တလေးလမ်းမကြီး၏မုံရွာ – မြင်းမူ လမ်းပိုင်းတွင်လည်း အရေးပေါ်အခြေအနေမှလွဲ၍ ဖြတ်သန်းသွားလာခြင်းမပြုကြရန် Pdf- South Monywa က သတိပေးသည်။

မုံရွာ – မြင်းမူ လမ်းပိုင်းအား မဖြစ်မနေ အသုံးပြုရမည်ဆိုပါက ကားမှန်များချ၍ သင့်တင့်သောအရှိန်ဖြင့်သာ မောင်းနှင်ပေးကြရန်PDF-South Monywaက အသိပေးသည်။

မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဥ်တန်းများ ဖြတ်သန်းသွားတိုင်း လမ်းတစ် လျှောက်ရှိ ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကြောင်းဝင်လာစဥ် မပြေးနိုင်တဲ့ ဘိုးဘွားအိုနှစ်ဦးကိုလည်း သတ်ဖြတ်ခဲ့

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။