Connect with us

Hi, what are you looking for?

သတင်း

တပ်မ(၈၈)စစ်ကြောင်းကို KIA မိုင်းဆွဲတိုက်ခိုက်၊စစ်ကောင်စီတပ် ရှစ်ဦးသေ လေးဦး ဒဏ်ရာရ

KIA သတင်းနှင့်ပြန်ကြားရေးဌာနကလည်း စက်တင်ဘာ ၇ရက် နံနက် ၈နာရီခွဲတွင် KIA တပ်မဟာ(၂)၊ တပ်ရင်း(၁၄)နယ်မြေ ဝါရာဇွပ် ချောင်းတံတားအနီး၌ စစ်ကောင်စီ စစ်ကြောင်းကို မိုင်းဆွဲ ဒတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

(KIA တပ်မှ ရဲဘော်များ ရှေ့တန်းတစ်နေရာ၌ တွေလရစဉ်)
(KIA တပ်မှ ရဲဘော်များ ရှေ့တန်းတစ်နေရာ၌ တွေလရစဉ်)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝါရာဇွပ်ရွာအနီးတွင် စစ်ကောင်စီတပ်၏ တပ်မ (၈၈)စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ရှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

စက်တင်ဘာ ၇ရက် နံနက်ပိုင်းက KIAတပ်ဖွဲ့သည် မိုင်း ၅လုံးဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦး နေရာတွင် သေဆုံးပြီး ငါးဦး ဒဏ်ရာရကာ တစ်ဦးလမ်း၌ ထပ်မံသေဆုံးခဲ့သည်ဟု ဆိုသည်။

“မိုင်း ၅လုံးဆွဲထည့်လိုက်တယ်။ အဲဒီမှာ ၁၂ယောက်ထိတာ။ ရွာရောက်တော့ လေးယောက်ပဲကျန်တော့တာ။လမ်းမှာ တစ်ယောက်မြှုပ်ထားလိုက်ပြီထင်တယ်။ ဒေသအခြေအနေ ကနှစ်ဖက်စလုံး အသေအကြေတိုက်လာမလား မသိပါဘူး။ အခုက စစ်တပ်အင်အားက ရှဒူးဇွပ်မှာပဲစုနေတာ။ KIA ဘက်ကလည်း စစ်ရေးလှုပ်ရှားမှု ရှိတယ်။ အဲဒါ အသေအကြေတိုက်ကြမလားမသိဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

KIA သတင်းနှင့်ပြန်ကြားရေးဌာနကလည်း စက်တင်ဘာ ၇ရက် နံနက် ၈နာရီခွဲတွင် KIA တပ်မဟာ(၂)၊ တပ်ရင်း(၁၄)နယ်မြေ ဝါရာဇွပ် ချောင်းတံတားအနီး၌ စစ်ကောင်စီ စစ်ကြောင်းကို မိုင်းဆွဲ ဒတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကြောင်းသည် မရန်ကထောင်မှ တက်လာသည့် တပ်မ (၈၈)စစ်ကြောင်း ဖြစ်ပြီး တပ်ရင်း (၁၄)နယ်မြေအတွင်း လှုပ်ရှားလာ၍ မိုင်းဖြင့် လေးကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၀ဦးထက်မနည်းထိခိုက်မှုများ ရှိခဲ့ကြောင်း KIAက အသိပေးထားသည်။

ရှမ်းမြောက်ဒေသ KIA တပ်ရင်း(၉)နယ်မြေတွင် လည်း တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က အထိနာ၍ လေကြောင်း ပစ်ကူ လက်နက်ကြီး ပစ်ကူများအသုံးပြု တိုက်ခိုက်လာသည်ဟု KIAက ဆိုသည်။

စစ်ကောင်စီ၏ တပ်မ (၇၇)နှင့် တပ်မ (၉၉) စုပေါင်းတပ်ဟု ယူဆရသည့် အင်အား ၂၀၀ခန့်ပါ စစ်ကြောင်းသည် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ ဘက်မှ KIA တပ်ရင်း(၉)နယ်မြေသို့ ထိုးစစ်ဆင် လာ၍ ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

တိုက်ပွဲဖြစ်ပွားချိန် နမ့်ဖက်ကာရှိ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့ပြီး ရဟတ်ယာဉ်ဖြင့်လည်း လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အထိနာတဲ့စစ်တပ်က ဗုံးကြဲလို့ ကောင်းတုံရွာနဲ့ စာ၀တီးရွာ မီးလောင်ပျက်စီး

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဇင်းဘုံကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုတွေရှိသလို လက်နက်ချ အညံ့ခံတာတွေလည်းရှိကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

Facebook