Connect with us

Hi, what are you looking for?

သတင်း

ရေတပ်ချုပ်ဟောင်းစိုးသိန်း၏သား အေးချမ်း လိမ်လည်ဖတ်ကြားသည့်စာတမ်းအပေါ် လွတ်လပ်သော မီဒီယာ ၃၃ခု ကန့်ကွက်ရှုတ်ချ

စစ်အာဏာသိမ်းမှုနောက်ပိုင်း သတင်းထောက်ပေါင်း ၁၄၀ ကျော်ရှိ ဖမ်းဆီးထိန်းသိမ်းခံရကာ ၎င်းတို့အနက် ၅၇ ဦးသည် လက်ရှိအချိန်အထိ ထိန်းသိမ်းခံထားရဆဲဖြစ်သည်။ လွတ်လပ်သည့်သတင်းမီဒီယာအဖွဲ့အစည်း (၁၁)ခု၏ လုပ်ငန်းလိုင်စင်များလည်း ရုတ်သိမ်းခံထားရသည်။

(ရေတပ်ချုပ်ဟောင်းစိုးသိန်း၏ သားဖြစ်သူ အေးချမ်းအား တွေ့ရစဥ်)
(ရေတပ်ချုပ်ဟောင်းစိုးသိန်း၏ သားဖြစ်သူ အေးချမ်းအား တွေ့ရစဥ်)

အရှေ့တီမောနိုင်ငံ၌ ကျင်းပခဲ့သော ‘The Dili Dialogue Forum 2022’ တွင် အာဏာသိမ်းစစ်ကောင်စီ၏ သတင်းမီဒီယာကောင်စီကို မြန်မာနိုင်ငံကိုယ်စားတက်ရောက်ခွင့်ပြုပေးခြင်း ကို လွတ်လပ်သော မြန်မာမီဒီယာအဖွဲ့အစည်း ၃၃ ခုက ကန့်ကွက်ရှုတ်ချကြောင်း ယနေ့ထုတ်ပြန်သည်။

ရေတပ်ချုပ်ဟောင်းစိုးသိန်း၏ သားဖြစ်သူ အေးချမ်းသည် တရားမ၀င်အာဏာသိမ်းစစ်ကောင်စီဖွဲ့စည်းထားသော သတင်းမီဒီယာကောင်စီအဖွဲ့၀င်အဖြစ် အထက်ပါ ဖိုရမ်၌ တက် ရောက် စာတမ်းဖတ်ကြားခဲ့ရာ စစ်အာဏာသိမ်းမှုသည် တရား၀င်ဖြစ်ပြီး လက်ရှိလတ်လပ်သော မြန်မာမီဒီယာများ၏ သတင်းတင်ဆက်မှုများသည် သတင်းတု၊ သတင်းမှားများဖြစ်ကာ တိုင်းပြည် အခြေအနေ ပိုမိုဆိုးရွားလာအောင် ပြုလုပ်နေကြောင်း လိမ်လည်ပြောဆိုခဲ့သည်။

“ထိုစာတမ်းသည် မြန်မာနိုင်ငံရှိ လွတ်လပ်သော သတင်းမီဒီယာများ၏ ရပ်တည်နေရသည့် အခြေအနေနှင့် သတင်းလွတ်လပ်ခွင့် အခြေအနေများကို တစ်လုံးတစ်ပါဒမျှဖော်ပြခြင်းမရှိဘဲ စစ်ကောင်စီအာဘော် မမှန်ကန်သည့် ဝါဒဖြန့်သတင်းစကားများကိုသာ ဖြန့်ဝေခဲ့ကြောင်း တွေ့ရှိရသည်” ဟု သတင်းဌာန ၃၃ ခု၏ ပူးတွဲကြေညာချက်၌ ဖော်ပြသည်။

အေးချမ်းသည် အများသဘောဖြင့် ရွေးကောက်တင်မြှောက်ထားသော အဖွဲ့၀င် ၂၇ ဦးဖြင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ အဖွဲ့၀င် ၂၃ ဦး သည် စစ်ကောင်စီနှင့် မပူးပေါင်း၊ မဆောင်ရွက်လိုကြ၍ ၂၀၂၁ ဖေဖော်ဝါရီတွင် တပြိုင်တည်းနုတ်ထွက်ခဲ့သည်ဆိုသော အချက်ကို စာတမ်း၌ ချန်ထားခဲ့သည်။

Public Service Announcement

Public Service Announcement

ရွေးကောက်ခံကောင်စီ၀င်များ နုတ်ထွက်သွားမှု သည် ကောင်စီဆောင်ရွက်ရမည့် သတင်းလွတ်လပ်ခွင့်ကို ကာကွယ်ခြင်း၊ မီဒီယာကျင့်၀တ်စံနှုန်းများကို ထိန်းကျောင်းခြင်း နှင့် လုပ်ဖော်ကိုင်ဖက်သတင်းသမားများကို ကာကွယ်စောင့် ရှောက်ခြင်းစသည့်တာ၀န်များကို မလုပ်ဆောင်နိုင်တော့ပေ။ ယင်းနောက် တရားမဝင်အာဏာသိမ်းစစ်ကောင်စီသည် ၎င်းစိတ်ကြိုက်ချယ်လှယ်နိုင်သည့် ကောင်စီ၀င်များကို ခန့်အပ်ခဲ့သည်။

စစ်အာဏာသိမ်းမှုနောက်ပိုင်း သတင်းထောက်ပေါင်း ၁၄၀ ကျော်ရှိ ဖမ်းဆီးထိန်းသိမ်းခံရကာ ၎င်းတို့အနက် ၅၇ ဦးသည် လက်ရှိအချိန်အထိ ထိန်းသိမ်းခံထားရဆဲဖြစ်သည်။ လွတ်လပ်သည့်သတင်းမီဒီယာအဖွဲ့အစည်း (၁၁)ခု၏ လုပ်ငန်းလိုင်စင်များလည်း ရုတ်သိမ်းခံထားရသည်။

အာဏာသိမ်းစစ်ကောင်စီသည် မြန်မာနိုင်ငံ၏ လွတ်လပ်သည့် သတင်းမီဒီယာအဖွဲ့များနှင့် သတင်းစာဆရာ၊ ဆရာမများကို နည်းအမျိုးမျိုးဖြင့် ဖိနှိပ်ချုပ်ချယ်နေပြီး သတင်းသမားများ၏ လွတ်လပ်စွာ သတင်းရယူတင်ဆက်ပိုင်ခွင့်ကို စွက်ဖက်ကာ မြန်မာပြည်သူတရပ်လုံး၏ သတင်းစာလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ခွင့်တို့ကို ပြောင်းပြောင်းတင်းတင်း စွက်ဖက်ကန့်သတ်မှုများ ပြုလုပ်နေကြောင်း ပူးတွဲထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

၁၉၃၀ ခုနှစ်တွေဟာကမ္ဘာ့နိုင်ငံရေးကိုတိမ်ညိုတိမ်မဲတွေလွှမ်းခြုံလာတဲ့အချိန်ပါ။ထိတ်လန့်တုန်လှုပ်စရာကောင်းတဲ့နာဇီ နဲ့ ဖက်ဆစ်ဝါဒတွေခေါင်းထောင်လာတဲ့အချိန်ပေါ့။

နိုင်ငံတကာ

ဘဏ္ဍာရေး အကျပ်အတည်းကြောင့် ဝန်ထမ်းအင်အား ၂၀၀၀ လောက်ကို လျှော့ချထုတ်ပယ်ရဖွယ် ရှိနေကြောင်း ဗြိတိန် မီဒီယာ လုပ်ငန်းစုကြီး BBCက အတည်ပြုခဲ့ပါတယ်။

သတင်း

ရန်ကုန်တိုင်း၊သန်လျင်မြို့နယ်မှာ (၁၆)နှစ်အရွယ် ကလေးတစ်ဦး စစ်မှုထမ်းအဖြစ် ရောင်းစားခံရတယ်လို့ ကာယကံရှင်ရဲ့မိခင်ဖြစ်သူက ပြောပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား ရေတပ်ဟာ ပထမဆုံး လေယာဉ်တင် သင်္ဘောတစ်စီးကို အခုနှစ်ထဲမှာ ပိုင်ဆိုင်လာဖွယ် ရှိနေကြောင်း သိရပါတယ်။