Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်လူထုသပိတ်အဖွဲ့ဝင်တစ်ဦး ထပ်မံဖမ်းဆီးခံရ

မိဘပြည်သူများအနေဖြင့် လုံခြုံရေး အထူးဂရုစိုက်ဖို့နှင့်လူငယ်များ လာရောက်ခိုလှုံပါက ဝိုင်းဝန်းကူညီပေးကြရန် နှိုးဆော်အပ်ရပါသည်။”ဟု ‌ရန်ကုန်လူထုသပိတ်က မေတ္တာရပ်ခံထားသည်။

(ဖမ်းဆီးခံရသည့် ကိုဇွဲထက်)
(ဖမ်းဆီးခံရသည့် ကိုဇွဲထက်)

▪️၃ရက်ကြာသည်အထိ သတင်းမရ၍ အသက်န္တရာယ်စိုးရိမ်နေရဟု ရန်ကုန်လူထုသပိတ် ထုတ်ပြန်

ရန်ကုန်လူထုသပိတ်အဖွဲ့ဝင်တစ်ဦးကို စစ်ကောင် စီက အကြမ်းဖက်ဖမ်းဆီးခဲ့ပြီး သုံးရက်ကြာသည် အထိသတင်းမရသောကြောင့် အသက်အန္တရာယ် စိုးရိမ်ကြောင်း ရန်ကုန်လူထုသိပိတ်က စက်တင် ဘာ ၉ ရက်ညတွင် အသိပေးသည်။

စက်တင်ဘာ ၆ ရက် နေ့လည် ၂ နာရီခွဲအချိန်ခန့် တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရန်ကုန်လူထုသပိတ်အဖွဲ့ဝင် SMVTI Vocational Training Institute မှကျောင်းသား ကိုဇွဲထက်ကို သမိုင်းမြို့နယ်ရှိ အဆောင်တစ်ခု၌ ရိုက်နှက်ဖမ်းဆီးခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထို့ပြင် သုံးရက်ကြာသည်အထိ ဖမ်းဆီးခံရသူ ဇွဲထက်၏ သတင်းမကြားရသောကြောင့် အသက်အန္တရာယ်အတွက် စိုးရိမ်နေပြီး သပိတ်ရဲဘော်တစ်ဦးကို စစ်ကောင်စီက မတရားပုဒ်မများတပ်မည်ကို စိုးရိမ်နေကြောင်း ရန်ကုန်လူထုသပိတ်က ထုတ်ပြန်ထားသည်။

“ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရန်ကုန်မြို့နယ် အသီးသီးမှ လူငယ်အများအပြားနှင့် မိဘပြည်သူများကို စစ်ကောင်စီမှ အင်အားအလုံးအရင်းဖြင့် ဧည့်စာရင်းအကြောင်းပြ၊ စစ်တပ်ထောက်ခံသူလော်ဘီများ​၏ အရေးအသားများကြောင့် မတရားဖမ်းဆီးခံရမှုများ ကြုံတွေ့လျှက်ရှိသည်။

Public Service Announcement

Public Service Announcement

မိဘပြည်သူများအနေဖြင့် လုံခြုံရေး အထူးဂရုစိုက်ဖို့နှင့်လူငယ်များ လာရောက်ခိုလှုံပါက ဝိုင်းဝန်းကူညီပေးကြရန် နှိုးဆော်အပ်ရပါသည်။”ဟု ‌ရန်ကုန်လူထုသပိတ်က မေတ္တာရပ်ခံထားသည်။

ဩဂုတ် ၈ရက်တွင် ရန်ကုန်လူထုသပိတ်က ပြုလုပ်ခဲ့သည့် ရှစ်လေးလုံးအရေးတော်ပုံ ထီးသပိတ် သည် ပြည်သူများ၏ အားပေးမှုအများအပြားရရှိခဲ့ပြီး ဩဂုတ် ၂၀ရက်တွင် ၎င်းတို့အဖွဲ့မှအဖွဲ့ဝင် တစ်ဦးနှင့် ဓာတ်ပုံဆရာတစ်ဦးကို စစ်ကောင်စီက အကြမ်းဖက်ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခံရသူများနှင့်ပတ်သက်၍ စစ်ကောင်စီက ထီးသပိတ်တွင်ပါဝင်သူများကို ဖမ်းဆီးခြင်းဖြစ် ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်း​ပေါ်ရှိတဲ့ ကား​တွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စားအုန်းဆီဈေးတွေ သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်နေပြီး ရပ်ကွက်တွေမှာလည်း စာအုန်းဆီ ခွဲတမ်းဝယ်ယူရတာ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။