Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲတိုက်ပွဲတွင် ကျဆုံးခဲ့သည့်ပြည်သူ့ရဲဘော်နှစ်ဦး၏ စျာပနအခမ်းအနား ယနေ့ပြုလုပ်

ယခုလ ၈ ရက်ကစတင်ခဲ့သည့် မိုးဗြဲမြို့တိုက်ပွဲတွင် ယမန်နေ့ ညပိုင်းအထိ အကြမ်းဖက်စစ်ကောင်စီအဖွဲ့မှ သေဆုံးသူ ၆၀ထက်မနည်းရှိကြောင်း မိုးဗြဲ PDFက ဆိုသည်။

မိုးဗြဲတိုက်ပွဲတွင် ကျဆုံးခဲ့သည့်ပြည်သူ့ရဲဘော်နှစ်ဦး၏ စျာပနအခမ်းအနား ယနေ့ပြုလုပ်
မိုးဗြဲတိုက်ပွဲတွင် ကျဆုံးခဲ့သည့်ပြည်သူ့ရဲဘော်နှစ်ဦး၏ စျာပနအခမ်းအနား ယနေ့ပြုလုပ်

မိုးဗြဲမြို့တိုက်ပွဲတွင် ကျဆုံးခဲ့ရသည့် ပြည်သူ့ရဲဘော်နှစ်ဦး၏ စျာပနအခမ်းအနားကို ယနေ့(စက်တက်ဘာ ၁၂ ရက်) နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သက်ဆိုင်ရာတပ်ဖွဲ့အသီးသီးက ထုတ်ပြန် သည်။

ယမန်နေ့(စက်တင်ဘာ ၁၁ ရက်)က မိုးဗြဲတိုက်ပွဲ၌ မြို့ပြတော်လှန်ရေးတပ်ဦး (URF) မှ ရဲဘော် အောင်စာ (ခ)ဘီစိန်ရှို နှင့် ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၂)မှ ရဲဘော် ဟင်နရီ (ခ) ရီးရယ်တို့ နှစ်ဦး ကျဆုံးခဲ့ခြင်းဖြစ်သည်။

ယခုလ ၈ ရက်ကစတင်ခဲ့သည့် မိုးဗြဲမြို့တိုက်ပွဲတွင် ယမန်နေ့ ညပိုင်းအထိ အကြမ်းဖက်စစ်ကောင်စီအဖွဲ့မှ သေဆုံးသူ ၆၀ထက်မနည်းရှိကြောင်း မိုးဗြဲ PDFက ဆိုသည်။

ထို့အပြင် MA1 – ၃ လက်၊ MA2 – ၃ လက်၊ MA3 – ၆ လက်၊ ငါးကြင်းမှီး – ၁ လက် အပါအဝင် လက်နက်ကြီးကျည်များ လက်ပစ်ဗုံး၊နင်းမိုင်း၊ RPG အသီး နှင့် ကျည်များသိမ်းဆည်းရရှိထားသည်။

Public Service Announcement

Public Service Announcement

ကရင်နီ(ကယား)ပြည်နယ်၏ စစ်ရေးအရအရေးပါသည့် မိုးဗြဲမြို့၌ အကြမ်းဖက်စစ် ကောင်စီက တပ်စွဲနိုင်ရန် ကြိုးပမ်းနေသည့် ထိုးစစ်ကို ကရင်နီတပ်မတော် (KA) ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ၊ မိုးဗြဲ PDF ၊ ဖယ်ခုံ PDF နှင့် KRU တို့ပူးပေါင်း၍ ခုခံတိုက်ခိုက်နေကြောင်း အသိပေးသည်။

တိုက်ပွဲမှာ ဆက်လက်ပြင်းထန်လာနိုင်သောကြောင့် ပြည်သူများအနေဖြင့် မိုးဗြဲလမ်းမကြီးကို အသုံးမပြုရန် ကာကွယ်ရေးတပ်ဖွဲ့အသီးသီးက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။