Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်-ထီးခီးလမ်း တိုက်ပွဲတွင် စစ်ကောင်စီတပ်မှဒုတပ်ရင်းမှူးအပါအဝင် (၁၂)ဦးသေဟုဆို

အထက်ပါဖြစ်စဥ်အပေါ် စစ်ကောင်စီဘက်မှ သတင်းဖြန့်ရာတွင် ခလရ (၂၆၅)မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးနိုင်ဝင်းအောင်အပါအဝင် တပ်ကြပ်တစ်ဦးနှင့် ဒုတပ်ကြပ်ငါးဦးဖြင့် စုစုပေါင်း စစ်သားခုနစ်ဦးသာ​သေဆုံးကြောင်း ဖော်ပြထားသည်။

ထားဝယ်-ထီးခီးလမ်း တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူးအပါအဝင် (၁၂)ဦးသေဟုဆို
ထားဝယ်-ထီးခီးလမ်း တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူးအပါအဝင် (၁၂)ဦးသေဟုဆို

တနင်္သာရီတိုင်း၊ ထားဝယ်-ထီးခီးလမ်းအတိုင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား လမ်းပိုင်းတစ်နေရာတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူးအပါအဝင် (၁၂)ဦးသေဆုံးကြောင်း Nway Oo Guerrilla Force(နွေဦးပြောက်ကျားတပ်)က ထုတ်ပြန်သည်။

ထားဝယ်-ထီးခီးလမ်းအတိုင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ၏ ခလရ(၂၆၅)တပ်ကို စက်တင်ဘာ ၆ ရက်က ဆာကဆောတပ်မဟာ တပ်ရင်း (၁) နယ်မြေအမိုးခီးနော်သူးက္လို ရွာအနီးတွင် ဗိုလ်ကော်လော ဦးဆောင်သော ကော်သူးလေတပ်မတော်(KTLA)နှင့် Nway Oo Guerrilla Force တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဒုရင်းမှူးတစ်ဦးအပါအဝင် (၁၂)ဦး သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာ ရရှိပြီး (၄၀)မမ ဗုံးပစ်လောင်ချာအပါအဝင် MA 3 ​လေးလက်၊ (၄၀)မမ ဗုံးသီး (၁၁) လုံး၊ ကျည်ဘောက် ရှစ်ခု၊ ပစ္စတိုတစ်လက်၊ (၆၀)မမ ဗုံးသီးတစ် လုံး၊ ရှေ့ထွက်မိုင်း(လိပ်ခုံး)တစ်လုံး၊ ဆက်သွယ်ရေးစက် လုံးအပါအဝင်စစ်အသုံးအဆောင်ပစ္စည်းတချို့ သိမ်း ဆည်းရမိခဲ့သည်ဟု အသိ​ပေးသည်။

အထက်ပါဖြစ်စဥ်အပေါ် စစ်ကောင်စီဘက်မှ သတင်းဖြန့်ရာတွင် ခလရ (၂၆၅)မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးနိုင်ဝင်းအောင်အပါအဝင် တပ်ကြပ်တစ်ဦးနှင့် ဒုတပ်ကြပ်ငါးဦးဖြင့် စုစုပေါင်း စစ်သားခုနစ်ဦးသာ​သေဆုံးကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

Facebook