Connect with us

Hi, what are you looking for?

သတင်း

KIAတပ်ဖွဲ့များခွာထားသည့် ရှေ့တန်းစခန်းကို စစ်ကောင်စီတပ်လေကြောင်း၊ လက်နက်ကြီးပစ်ကူပေးပြီး ဝင်ရောက်လာဟု ဗိုလ်မှူးကြီးနော်ဘူပြော

ရှဒူးဇွပ်ဒေသခံတစ်ဦးကလည်း အဆိုပါ တပ်စခန်းရှိ KIA ရဲဘော်များသည် လွန်ခဲ့သည့် ၃ရက် ခန့်က ဆုတ်ခွာထားကြောင်း သိရသည်ဟု ဆိုသည်။

(ကေအိုင်အေတပ်သားများကို တွေ့ရစဥ်၊ဓာတ်ပုံ - Getty Images)
(ကေအိုင်အေတပ်သားများကို တွေ့ရစဥ်၊ဓာတ်ပုံ - Getty Images)

ပြည်သူ့စစ်များရှိရာ ရှဒူးဇွပ်နှင့် ဆယ်ဇင်းဒေသ၌ စစ်ကောင်စီတပ် စစ်ရေးလှုပ်ရှားမှုရှိဟုဆို

ကချင်ပြည်နယ် တနိုင်း လီဒိုလမ်းအနီးရှိ ရှဒူးဇွပ်ဒေသမှ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ရှေ့တန်းစခန်းဖြစ်သည့် ၀ခါးစခန်းကို စစ်ကောင်စီတပ်က ယမန်နေ့တွင် လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူများပြုလုပ်ပြီး ဝင်ရောက်နေရာယူခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

စက်တင်ဘာ ၁၂ရက်က KIA တပ်ရင်း(၁၄)နယ်မြေရှိ ရှေ့တန်းတပ်ဖွဲ့ရုံး၊ တိုက်နယ်ရုံးစိုက်ထားသည့် နေရာကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း၊ အဆိုပါ တပ်စခန်းမှာ KIA တပ်ဖွဲ့ဝင်များ ဆုတ်ခွာထားသည့် စခန်းဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“လက်ရှိမှာတော့ ကျွန်တော်တို့ မရှိဘူး။ အဲဒီမရှိတဲ့နေရာမှာ သူတို့က လေယာဉ်ပျံနဲ့ ပစ်တယ်။ လေကြောင်းက ပစ်တယ်။ လက်နက်ကြီးနဲ့ ပစ်ပြီးမှသူတို့ရောက်လာတာ ဖြစ်ပါတယ်။ ကျွန်တော်တို့လည်း ခုခံတိုက်ပွဲမရှိဘူး။ ကျွန်တော်တို့ ရဲဘော်တွေလည်းမရှိဘူး”ဟု ၎င်းက ဆိုသည်။

ရှဒူးဇွပ်ဒေသခံတစ်ဦးကလည်း အဆိုပါ တပ်စခန်းရှိ KIA ရဲဘော်များသည် လွန်ခဲ့သည့် ၃ရက် ခန့်က ဆုတ်ခွာထားကြောင်း သိရသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ယမန်နေ့တွင် ခြေလျင်တက်လာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန်တပ်ဖွဲ့တစ်ဖွဲ့က စောင့်ဆိုင်းခဲ့ကြောင်း၊ သို့ရာတွင် စစ်ကောင်စီ၏ခြေလျင်တပ်များ မရောက်မီ လေကြောင်းမှ တိုက်ခိုက်လာ၍ တိုက်ခိုက်ခြင်းမရှိဘဲ ဖယ်ပေးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံက ပြောသည်။

၀ခါးတပ်စခန်း၌ အပြန်အလှန်တိုက်ပွဲမရှိသော်လည်း ငါးကန်နေရာ၌ ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

“အထိအခိုက်က KIAဘက်တော့ မရှိဘူးလို့ကြားတယ်။ ဒါပေမဲ့ မအလဘက်ကနေတော့ နည်းနည်းနာတယ်ထင်တယ်။”ဟု ဒေသခံက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည် ပြည်သူ့စစ်များရှိသည့် ရှဒူးဇွပ်ဒေသနှင့် ဆယ်ဇင်းဒေသတို့၌ စစ်ရေးလှုပ်ရှားနေသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။