Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

KIAတပ်ဖွဲ့များခွာထားသည့် ရှေ့တန်းစခန်းကို စစ်ကောင်စီတပ်လေကြောင်း၊ လက်နက်ကြီးပစ်ကူပေးပြီး ဝင်ရောက်လာဟု ဗိုလ်မှူးကြီးနော်ဘူပြော

ရှဒူးဇွပ်ဒေသခံတစ်ဦးကလည်း အဆိုပါ တပ်စခန်းရှိ KIA ရဲဘော်များသည် လွန်ခဲ့သည့် ၃ရက် ခန့်က ဆုတ်ခွာထားကြောင်း သိရသည်ဟု ဆိုသည်။

(ကေအိုင်အေတပ်သားများကို တွေ့ရစဥ်၊ဓာတ်ပုံ - Getty Images)
(ကေအိုင်အေတပ်သားများကို တွေ့ရစဥ်၊ဓာတ်ပုံ - Getty Images)

ပြည်သူ့စစ်များရှိရာ ရှဒူးဇွပ်နှင့် ဆယ်ဇင်းဒေသ၌ စစ်ကောင်စီတပ် စစ်ရေးလှုပ်ရှားမှုရှိဟုဆို

ကချင်ပြည်နယ် တနိုင်း လီဒိုလမ်းအနီးရှိ ရှဒူးဇွပ်ဒေသမှ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ရှေ့တန်းစခန်းဖြစ်သည့် ၀ခါးစခန်းကို စစ်ကောင်စီတပ်က ယမန်နေ့တွင် လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူများပြုလုပ်ပြီး ဝင်ရောက်နေရာယူခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

စက်တင်ဘာ ၁၂ရက်က KIA တပ်ရင်း(၁၄)နယ်မြေရှိ ရှေ့တန်းတပ်ဖွဲ့ရုံး၊ တိုက်နယ်ရုံးစိုက်ထားသည့် နေရာကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း၊ အဆိုပါ တပ်စခန်းမှာ KIA တပ်ဖွဲ့ဝင်များ ဆုတ်ခွာထားသည့် စခန်းဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“လက်ရှိမှာတော့ ကျွန်တော်တို့ မရှိဘူး။ အဲဒီမရှိတဲ့နေရာမှာ သူတို့က လေယာဉ်ပျံနဲ့ ပစ်တယ်။ လေကြောင်းက ပစ်တယ်။ လက်နက်ကြီးနဲ့ ပစ်ပြီးမှသူတို့ရောက်လာတာ ဖြစ်ပါတယ်။ ကျွန်တော်တို့လည်း ခုခံတိုက်ပွဲမရှိဘူး။ ကျွန်တော်တို့ ရဲဘော်တွေလည်းမရှိဘူး”ဟု ၎င်းက ဆိုသည်။

ရှဒူးဇွပ်ဒေသခံတစ်ဦးကလည်း အဆိုပါ တပ်စခန်းရှိ KIA ရဲဘော်များသည် လွန်ခဲ့သည့် ၃ရက် ခန့်က ဆုတ်ခွာထားကြောင်း သိရသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ယမန်နေ့တွင် ခြေလျင်တက်လာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန်တပ်ဖွဲ့တစ်ဖွဲ့က စောင့်ဆိုင်းခဲ့ကြောင်း၊ သို့ရာတွင် စစ်ကောင်စီ၏ခြေလျင်တပ်များ မရောက်မီ လေကြောင်းမှ တိုက်ခိုက်လာ၍ တိုက်ခိုက်ခြင်းမရှိဘဲ ဖယ်ပေးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံက ပြောသည်။

၀ခါးတပ်စခန်း၌ အပြန်အလှန်တိုက်ပွဲမရှိသော်လည်း ငါးကန်နေရာ၌ ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

“အထိအခိုက်က KIAဘက်တော့ မရှိဘူးလို့ကြားတယ်။ ဒါပေမဲ့ မအလဘက်ကနေတော့ နည်းနည်းနာတယ်ထင်တယ်။”ဟု ဒေသခံက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည် ပြည်သူ့စစ်များရှိသည့် ရှဒူးဇွပ်ဒေသနှင့် ဆယ်ဇင်းဒေသတို့၌ စစ်ရေးလှုပ်ရှားနေသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီလက်အောက်ခံလူမှုကွန်ရက်စာမျက်နှာများ၌ အမ်း၊ ဘူးသီးတောင်၊မောင်တောမြို့နယ်တို့တွင် တိုက်ပွဲများပြင်းထန်​နေကြောင်း၊စစ်ကူ​ပေးရန် ၊​လေ​ကြောင်းမှညအပြင်းအထန်တိုက်ခိုက်ရန် တိုက်တွန်း ရေးသား​နေကြသည်။

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။