Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ပိုဆိုးလာတဲ့အပေါ် ကုလသမဂ္ဂ စိုးရိမ်

ရခိုင်ပြည်နယ် ၊ မင်းပြား မြို့နယ်၊သာ​ဒေ​ကျေးရွာ ကို မတ် ၁၈ ရက်နံနက်အ​စောပိုင်းမှာ စစ်​ကောင်စီတပ်က ​လေ​ကြောင်းက​နေတိုက်ခိုက်တာ​ကြောင့်ရွာမှာ​နေထိုင်တဲ့ ရိုဟင်ဂျာ ၂၃ ယောက်သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

(စစ်​ကောင်စီတပ်က သာ​ဒေရွာကိုဗုံးကျဲတိုက်ခိုက်မှု​ကြောင့် ​ဒေသခံပြည်သူ ၂၀ ​ကျော်​သေဆုံးခဲ့သည်။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ်က သာ​ဒေရွာကိုဗုံးကျဲတိုက်ခိုက်မှု​ကြောင့် ​ဒေသခံပြည်သူ ၂၀ ​ကျော်​သေဆုံးခဲ့သည်။ဓါတ်ပုံ-CJ)

အာဏာသိမ်း စစ်တပ်က မြန်မာနိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှုတွေအရှိန်မြှင့်လာကြောင်း သတင်းတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်စ်က စိုးရိမ်တကြီး သတိပေးခဲ့ကြောင်း သိရပါတယ်။

လောလောလတ်လတ် အနေနဲ့ ရခိုင်ပြည်နယ်ထဲက မင်းပြားမြို့နယ်မှာ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား အများအပြား ထိခိုက် သေဆုံးခဲ့တယ် ဆိုတာကို သတင်းရရှိထားပြီး ကူလအတွင်း​ရေးမှူး ဂူတာရက်ဇ်က စိုးရိမ်နေတယ်လို့ ကုလသမဂ္ဂရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ဆိုပါတယ်။

ရခိုင်ပြည်နယ် ၊ မင်းပြား မြို့နယ်၊သာ​ဒေ​ကျေးရွာ ကို မတ် ၁၈ ရက်နံနက်အ​စောပိုင်းမှာ စစ်​ကောင်စီတပ်က ​လေ​ကြောင်းက​နေတိုက်ခိုက်တာ​ကြောင့်ရွာမှာ​နေထိုင်တဲ့ ရိုဟင်ဂျာ ၂၃ ယောက်သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

စစ်တပ်ဟာ နိုင်ငံအနှံ့ စစ်ဆင်ရေး အရှိန်အဟုန် မြှင့်တင်လာတဲ့ တော်လှန်ရေး အင်အားစုတွေကို ထိုးနှက်တိုက်ခိုက်ဖို့ အခက်ကြုံလာရချိန်မှာ လူနေဧရိယာတွေကိုပါ မချန်ဘဲ လေကြောင်း တိုက်ခိုက်မှုတွေကို ပိုမို ကျူးလွန်လာနေတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ရခိုင်ပြည်နယ်ထဲမှာ စစ်ပွဲတွေ ပိုမို ကျယ်ပြန့်လာတာနဲ့အမျှ ရှိရင်းစွဲ ဒုက္ခကြုံနေတဲ့ ပြည်သူလူထုအတွက် အခြေအနေဆိုးတွေနဲ့ ထပ်မံ ကြုံလာစေကြောင်း၊ ပြည်တွင်းက တင်းမာမှုတွေ မြင့်တက်နေတာနဲ့ ပတ်သက်ပြီး ပါဝင်ဆက်နွှယ် ပတ်သက်သူ အားလုံးက ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ် ဆောင်ရွက်ဖို့ ကုလသမဂ္ဂ အကြီးအကဲ ဂူတာရက်ဇ်က တိုက်တွန်းကြောင်း သူ့ရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။

ရခိုင်ပြည်နယ်က ပဋိပက္ခတွေဟာ ဒေသခံ ရခိုင်တိုင်းရင်းသားတွေရော၊ ရိုဟင်ဂျာ မျိုးနွယ်စုတွေကိုပါ ကြီးမားတဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုတွေ ဖြစ်ပေါ်လာစေပါတယ်။ မတ်လ ၁၈ ရက်နေ့ အစောပိုင်း လေကြောင်း တိုက်ခိုက်မှုကတော့ သာဒါဆိုတဲ့ ရိုဟင်ဂျာရွာ တခုမှာ ဒေသခံတွေ အိပ်မောကျနေချိန် လေယာဉ်က ဗုံးကြဲသွားခဲ့တာလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ အဲဒီရွာမှာ ရွာခံ ရိုဟင်ဂျာတွေအပြင် စစ်ပွဲတွေကြောင့် လာရောက်ခိုလှုံနေတဲ့ စစ်ရှောင်တွေလည်း ရှိခဲ့ပြီး မင်းပြားမြို့ မြောက်ဖက် ၅ ကီလိုမီတာလောက် အကွာမှာ တည်ရှိတယ်လို့လည်း သိရပါတယ်။

ကိုးကား- ရိုက်တာ

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။