Connect with us

Hi, what are you looking for?

သတင်း

NUGယာယီသမ္မတရုံး​ပြောခွင့်ရပုဂ္ဂိုလ်ဦး​ကျော်​ဇောက ရိုဟင်ဂျာတွေအပေါ် ဝန်ချတောင်းပန်ကြောင်းကြေညာချက် ထုတ်ပြန်

ဦး​ကျော်​ဇောက သူ့စကားတွေအတွက် ထိခိုက်နာကျင်ခဲ့ရတဲ့ ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီး အားလုံးအပေါ် အနူးအညွတ် တောင်းပန်လိုကြောင်း အဲဒီ ထုတ်ပြန်ချက်မှာ ရေးသားထားခဲ့ပါတယ်။

NUGယာယီသမ္မတရုံး​ပြောခွင့်ရပုဂ္ဂိုလ် ဦး​ကျော်​ဇော။ ဓါတ်ပုံ-Thilawa SEZ
NUGယာယီသမ္မတရုံး​ပြောခွင့်ရပုဂ္ဂိုလ် ဦး​ကျော်​ဇော။ ဓါတ်ပုံ-Thilawa SEZ

NUG အစိုးရအဖွဲ့ရဲ့ ယာယီ သမ္မတရုံး​​ပြော​ရေးဆိုခွင့်ရှိသူဦး​ကျော်​ဇောဟာ အတိတ်တုန်းက ရိုဟင်ဂျာ မျိုးနွယ်စုတွေအပေါ် ပြောဆိုဖူးတဲ့ စကားတွေအတွက် ဝန်ချတောင်းပန်ကြောင်းဒီ​နေ့ထုတ်ပြန်လိုက်ပါတယ်။

ဦး​ကျော်​ဇောက သူ့စကားတွေအတွက် ထိခိုက်နာကျင်ခဲ့ရတဲ့ ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီး အားလုံးအပေါ် အနူးအညွတ် တောင်းပန်လိုကြောင်း အဲဒီ ထုတ်ပြန်ချက်မှာ ရေးသားထားခဲ့ပါတယ်။

၂၀၁၇ ခုနှစ်၊ အောက်တိုဘာ ၂ ရက်တုန်းက သူဟာ ကနေဒါ လွှတ်တော်ရဲ့ လူ့အခွင့်အရေး ကော်မတီကြားနာမှုမှာ သက်သေတစ်ဦးအနေနဲ့ပါဝင်ထွက်ဆိုခဲ့ကြောင်းသူကဆိုပါတယ်။ သူယုံကြည် လက်ခံခဲ့မိတဲ့ သတင်းအချက်အလက်အပေါ် မူတည်ပြီး ရွေးချယ်ရပ်တည်မှု မှားယွင်းခဲ့ကြောင်း၊ မြန်မာနိုင်ငံရဲ့ အရပ်သား အစိုးရအပေါ် အကာအကွယ်ပေးဖို့ အားထုတ်မှုကနေ ဒီလိုမျိုး အမှားတွေ ကြုံခဲ့မိကြောင်း အဲဒီ ကြေညာချက်မှာ ရေးသားထားပါတယ်။

ဦး​ကျော်​ဇော၏ ​တောင်းပန်စာ
ဦး​ကျော်​ဇော၏ ​တောင်းပန်စာ

အခုအချိန်မှာတော့ ဦး​ကျော်​ဇောအနေနဲ့အတိတ်ကလို ယုံကြည်ထားတာမျိုး မဟုတ်တော့ဘဲ အဲဒိတုန်းက ပြောဆိုမိတာတွေအတွက် အလေးအနက် နောင်တရနေတယ်လို့လည်း ပြောပါတယ်။ သူ့အနေနဲ့ ဘယ်သူ့ကိုမှ၊ အထူးသဖြင့် ရိုဟင်ဂျာ အသိုက်အဝန်းကို လှည့်စားဖို့၊ ထိခိုက်နာကျင်စေဖို့ ရည်ရွယ်တာမျိုး လုံးဝမရှိခဲ့ကြောင်းလည်းဦးကျာ်ဇာက ဖွင့်ဟထားပါတယ်။

Public Service Announcement

Public Service Announcement

သားကောင် ဖြစ်ခဲ့ရသူတွေ၊ အသက်ရှင် ကျန်ရစ်သူတွေနဲ့ မိသားစုဝင်တွေ အားလုံးအတွက်နက်နက်ရှိုင်းရှိုင်းဝမ်းနည်း ကြေကွဲမိကြောင်း၊ အခုအချိန်မှာ မြန်မာစစ်တပ်ရဲ့ ပြစ်မှုကျူးလွန်ပြီး ကင်းလွတ်ခွင့် ရနေတာတွေ အဆုံးသတ်ပြီး တရားမျှတမှုကို ဆောင်ယူသင့်ပြီလို့ အခိုင်အမာ ယုံကြည်ကြောင်းလည်း သူက​ရေးသားထားပါတယ်။

သူ့အနေနဲ့ စစ်အာဏာရှင် စနစ်နဲ့ စစ်တပ်က ဆက်တိုက် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို ကာလရှည်ကြာ ဆန့်ကျင်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အာဏာသိမ်းမှု ဖြစ်ခဲ့ချိန် ကတည်းက သူဟာ နိုင်ငံရေး တက်ကြွ လှုပ်ရှားမှုတွေမှာ ပူးပေါင်းပြီး ပြည်သူ့နွေဦး တော်လှန်ရေးကို ကူညီအားပေးခဲ့ကြောင်း၊ NUG အစိုးရ အဖွဲ့ ပေါ်ပေါက်လာချိန်မှာလည်း ဆန္ဒအလျောက် ပူးပေါင်း အားဖြည့်ခဲ့ကြောင်းဆိုပါတယ်။

ရိုဟင်ဂျာ အရေးကိစ္စတွေ ပိုမိုထဲထဲဝင်ဝင် ဆောင်ရွက်ဖို့အပြင် လူ့အခွင့်အရေး ကဏ္ဍအတွက် ပိုပြီး တက်တက်ကြွကြွ ပါဝင်နိုင်ဖို့၊ တန်းတူညီမျှမှုနဲ့ အားလုံးအတွက် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့် အာမခံချက် ရှိစေမယ့် စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို ထူထောင်နိုင်ဖို့အတွက် သူဟာ NUGနဲ့အတူ မမှိတ်မသုန် အားသွန်ခွန်စိုက် လုပ်ဆောင်နေခဲ့ကြောင်းလည်း သူရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

ပြီးတော့ ဒီအားထုတ်မှုတွေကို ပိုပြီး ကောင်းမွန်လာအောင် ဆောင်ရွက်ဖို့ သံန္နိဋ္ဌာန် ချထားကြောင်းလည်း ပြောပါတယ်။ ရိုဟင်ဂျာ ညီအစ်ကို မောင်နှမတွေနဲ့အတူ အားလုံး လွတ်လပ်မှု၊ ညီညွတ်မျှတမှု၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်မှု၊ တရားမျှတမှုတွေကို ခံစားသက်ဝင်နိုင်မယ့် ငြိမ်းချမ်းတဲ့ မြန်မာနိုင်ငံတော်သစ် တည်ဆောက်သွားဖို့ မျှော်လင့်ကြောင်းလည်း ဦး​ကျော်ဇောရဲ့ ထုတ်ပြန်ချက် အဆုံးသတ်မှာ ဖော်ပြသွားခဲ့ပါတယ်။ သူ့ရဲ့​တောင်းပန်စာကို ယာယီသမ္မတဒူဝါလရှီးလ ရဲ့​ဖေစ်ဘွခ်စာမျက်နှာမှာလည်း​ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့မှာ ရိုဟင်ဂျာဒုက္ခသည်တွေအပါအဝင် ဒေသခံအရပ်သားပြည်သူတွေကို စစ်တပ်က ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်နေပြီး အခု ၂ပတ်အတွင်း ဖမ်းဆီးခံရသူ ၁၆ ဦးထက်မနည်း ရှိသွားခဲ့ပြီလို့ မြို့ခံတွေက ပြောပါတယ်။

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။