Connect with us

Hi, what are you looking for?

သတင်း

မြင်းမူတွင် ခြင်းခတ်နေသော စစ်ကောင်စီတပ် ဗုံးထုတိုက်ခိုက်ခံရပြီး သေဆုံးမှုများဟုဆို

အဆိုပါ တိုက်ခိုက်မှုအား ZERO ပြောက်ကျားတပ် ဖွဲ့(မြင်းခြံ)နှင့် True Fighter အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ၎င်းတို့က အသိပေးသည်။

တိုက်ခိုက်ခဲ့သည့် လျက်ဆားပုလင်းပုံစံဗုံးအား တွေ့ရစဥ်။ ဓာတ်ပုံ-ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)
တိုက်ခိုက်ခဲ့သည့် လျက်ဆားပုလင်းပုံစံဗုံးအား တွေ့ရစဥ်။ ဓာတ်ပုံ-ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်တွင် ခြင်းခတ်နေသော စစ်ကောင်စီတပ်အား ဗုံးပစ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်က အထိအခိုက်များပြီး ညတွင်းချင်းသင်္ဂြိုလ်ခဲ့ကြောင်း ​သတင်းရရှိသည်။

ယမန်နေ့ (စက်တင်ဘာ ၁၅ ရက်) ညနေ ၅နာရီခန့်က မြင်းမူမြို့နယ်၊ စာသင်ကျောင်းတွင် တပ်စွဲထားသောစစ်ကောင်စီတပ်များ ပိုက်ကျော်ခြင်းခတ်နေချိန် လျက်ဆားပုလင်း(ဗုံး)နှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အနည်းဆုံး စစ်သား ၇ ဦးထက်မနည်း သေဆုံးသွားကြောင်း ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)က သတင်းထုတ်ပြန်သည်။

စာသင်ကျောင်းတွင် တပ်စွဲထားသော စစ်ကောင် စီတပ်သည် ပုံမှန်အင်အား ၃၀ ခန့်ရှိကြောင်း၊ မကြာခဏအင်အားအတိုးအလျှော့ ပြုလုပ်လေ့ရှိကြောင်း ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ) ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

“ချောင်းနေတာတော့ကြာပြီ။ မနေ့ကညနေ ငါးနာရီမှာတော့ ကလေး(ရဲဘော်)နှစ်ယောက်ကသွားပြီးတော့ ပိုက်ကျော်ခြင်းခတ်နေတဲ့နေရာမှာ ကင်းပုန်းတွေလည်းရှိတယ်ဗျ။ လျက်ဆားပုလင်းနဲ့ပစ်ခဲ့တယ်။ လျက်ဆားပုလင်းက ပစ်မှတ်ကို ထိထိရောက်ရောက် ပစ်နိုင်ပြီးနောက် ကလေးတွေလည်း ပြန်ဆုတ်လာတယ်။ ကလေးတွေလည်း အန္တရာယ်ကင်းတယ်။ သေနတ်တွေနဲ့ပစ်တာတွေလိုက်ဖောက်တာတွေလုပ်တယ်။ ညနေပိုင်းမှာတော့ မြင်းမူမြို့မှာရှိတဲ့ မြောက်သုဿန်မှာ ညဘက်မှာ သွားသင်္ဂြိုလ်တယ်လို့သိရတယ်။”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ခိုက်မှုအား ZERO ပြောက်ကျားတပ် ဖွဲ့(မြင်းခြံ)နှင့် True Fighter အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ၎င်းတို့က အသိပေးသည်။

မြင်းမူမြို့နယ်သည် စစ်ကောင်စီတပ်အား ခုခံတော်လှန်တိုက်ခိုက်မှုအားကောင်းရာဒေသတစ်ခုဖြစ်ပြီး ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း မြင်းမူနှင့် ငါန်းဇွန်ကြား ရေလယ်သောင်ရွာရှိ စစ်တပ်နှင့်ပျူများအား ဒေသတွင်းအဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

Facebook