Connect with us

Hi, what are you looking for?

သတင်း

မြိုင်နယ်တွင် စစ်အုပ်စုအားတိုက်ခိုက်ရာ ခြောက်ဦးသေပြီး လက်နက်နှင့်ကျည်များ သိမ်းဆည်းရမိဟု မြိုင်(ပကဖ) ပြော

ထို့အပြင် ကာဘိုင်သေနတ် (၁)လက်၊ ကျည်အိမ် (၁)ခု၊ ကာဘိုင်ကျည် ၂၂တောင့်ပါ သိမ်းဆည်းရမိခဲ့ကြောင်း မြိုင်(ပကဖ)က ပြောသည်။

(သိမ်းဆည်းခဲ့သော သေနတ်နှင့်ကျည်များ၊ဓာတ်ပုံ-မြိုင် (ပကဖ))
(သိမ်းဆည်းခဲ့သော သေနတ်နှင့်ကျည်များ၊ဓာတ်ပုံ-မြိုင် (ပကဖ))

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ကျေးရွာများအား ဝင်ရောက်မွှေနှောက်နေသည့် စစ်ကောင်စီတပ်နှင့်ပျူစောထီးများအား စောင့်ဆိုင်းတိုက်ခိုက်ရာ စစ်သားနှင့်ပျူ ခြောက်ဦး သေဆုံးပြီး လက်နက်နှင့်ကျည်များ သိမ်းဆည်းနိုင်ခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့(စက်တင်ဘာ ၁၆) မွန်းတည့် ၁၂ နာရီခန့်က ဝက်ပုတ်ကျေးရွာရှိ စစ်ကောင်စီတပ်နှင့်ပျူများသည် မြိုင်မြို့နယ်၊ မိတ္ထီလာ၊ ရွာတန်းရှည်၊ ဆယ်ပြားကျေးရွာတို့ကို ဝင်ရောက်၍ ပြည်သူ များအား အနိုင်ကျင့်နေခဲ့ကြောင်း မြိုင်(ပကဖ)က ပြောသည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီး၈ ဦးသည် ကျေးရွာများမှ ဆိုင်ကယ်လေးစီးဖြင့် ပြန်အလာကို အသင့်စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ ခြောက်ဦးပွဲချင်းပြီးသေဆုံးပြီး နှစ်ဦးအပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း မြိုင်(ပကဖ)က အသိပေးသည်။

ထို့အပြင် ကာဘိုင်သေနတ် (၁)လက်၊ ကျည်အိမ် (၁)ခု၊ ကာဘိုင်ကျည် ၂၂တောင့်ပါ သိမ်းဆည်းရမိခဲ့ကြောင်း မြိုင်(ပကဖ)က ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်၍ မြိုင်ပကဖအဖွဲ့က ဗိုလ်ယျာက “ဝက်ပုတ်က ပျူရွာဗျ။ အထိုင်ချနေတာ ၃၀ နဲ့ ၅၀ ကြားမှာရှိတယ်။ မိတ္ထီလာ၊ ရွာတန်းရှည်၊ ဆယ်ပြားကျေးရွာတို့က ပြည်သူနှစ်ယောက်သုံးယောက်လောက်ကို ရိုက်နှက်ပြီးတော့ ပြန်လာတဲ့ ပျူနဲ့စစ်​ွေးတွေ ဆိုင်ကယ်လေးစီးကို အသင့်စောင့်ပြီး ပစ်ကြတာပါ။”ဟု ပြောသည်။

အဆိုပါ စစ်ဆင်ရေးအား မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း (၁) ၊ တပ်ခွဲ (၁) နှင့် ဘာမထီလက်နက်ကြီးပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်များ တစုံတရာ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း မြိုင်(ပကဖ)က အသိပေးသည်။

စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုအခြေအနေကို ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီတပ်သည် မြိုင်နယ်အတွင်း စစ်ကြောင်းထိုးအကြမ်းဖက်မှုများ ဆက်လက်ပြုလုပ်နေပြီး ယမန်နေ့က မြို့ခင်းသာ၊စိုတောရွာဘက်သို့ရောက်နေသော အင်အား ၁၈၀ခန့်ပါ စစ်ကြောင်းသည် ယနေ့တွင် ဘုန်းကြီးကန်ကျေးရွာအတွင်း၌ တပ်စွဲထားကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊မြိုင်မြို့နယ်ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။