Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြို(ပကဖ)သင်တန်းစခန်းအား စစ်ကောင်စီတပ် ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီး

စစ်ကြောင်းဝင်လာသည်ကို ကင်းအဖွဲ့က ကြိုတင်မြင်လိုက်၍ ရဲဘော်များ ထိခိုက်မှုမရှိခဲ့ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဓာတ်ပုံ - ရေစကြို(ပကဖ)
ဓာတ်ပုံ - ရေစကြို(ပကဖ)

▪️စစ်ကြောင်းဝင်လာသည်ကို ကင်းအဖွဲ့ကမြင်၍ ကြိုတင်ဆုတ်ခွာနိုင်ခဲ့ဟုဆို

ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအား သင်တန်းပေးလျက်ရှိသည့်စခန်းအား စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်ဖျက်ဆီးခဲ့၍ ကျပ်သိန်း ၅၀၀ခန့် ဆုံးရှုံးနစ်နာခဲ့ရကြောင်း မြို့နယ်(ပကဖ)က အသိပေးထားသည်။

ဓာတ်ပုံ - ရေစကြို(ပကဖ)
ဓာတ်ပုံ – ရေစကြို(ပကဖ)

စစ်ကောင်စီတပ်သည် စက်တင်ဘာ ၁၆ရက် နံနက်က စစ်ကြောင်းထိုးဝင်ရောက်ကာ ကား၊ ရိက္ခာနှင့် အဆောက်အဦများကို ဖျက်ဆီးသွားခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

စစ်ကြောင်းဝင်လာသည်ကို ကင်းအဖွဲ့က ကြိုတင်မြင်လိုက်၍ ရဲဘော်များ ထိခိုက်မှုမရှိခဲ့ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဓာတ်ပုံ - ရေစကြို(ပကဖ)
ဓာတ်ပုံ – ရေစကြို(ပကဖ)

“ဒါပေမဲ့ ရုတ်တရက် ချက်ချင်းဆိုတော့ ကားတွေနဲ့ ပစ္စည်းရိက္ခာတွေက ဘာမှ မသယ်လိုက်နိုင်ဘူး။ လူနဲ့ သင်တန်းသားတွေနဲ့ ရဲဘော်တွေနဲ့ လက်နက်တွေနဲ့ ဆုတ်လိုက်နိုင်တာပေါ့”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ - ရေစကြို(ပကဖ)
ဓာတ်ပုံ – ရေစကြို(ပကဖ)

အဆိုပါ စစ်ကောင်စီတပ်သည် သင်တန်းစခန်းအား ဖျက်ဆီးပြီး ပြန်လည်ဆုတ်ခွာသွားပြီ ဟုဆိုသည်။

ထို့အပြင် ရေစကြိုနယ် ရေလယ်ကျွန်းက ပြန်လာသည့် စစ်ကြောင်းက ဆားလင်းကုန်းကျေးရွာသို့ ဝင်ရောက်စစ်ကြောင်းထိုးလျက်ရှိသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။