Connect with us

Hi, what are you looking for?

သတင်း

ရေစကြို(ပကဖ)သင်တန်းစခန်းအား စစ်ကောင်စီတပ် ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီး

စစ်ကြောင်းဝင်လာသည်ကို ကင်းအဖွဲ့က ကြိုတင်မြင်လိုက်၍ ရဲဘော်များ ထိခိုက်မှုမရှိခဲ့ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဓာတ်ပုံ - ရေစကြို(ပကဖ)
ဓာတ်ပုံ - ရေစကြို(ပကဖ)

▪️စစ်ကြောင်းဝင်လာသည်ကို ကင်းအဖွဲ့ကမြင်၍ ကြိုတင်ဆုတ်ခွာနိုင်ခဲ့ဟုဆို

ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအား သင်တန်းပေးလျက်ရှိသည့်စခန်းအား စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်ဖျက်ဆီးခဲ့၍ ကျပ်သိန်း ၅၀၀ခန့် ဆုံးရှုံးနစ်နာခဲ့ရကြောင်း မြို့နယ်(ပကဖ)က အသိပေးထားသည်။

ဓာတ်ပုံ - ရေစကြို(ပကဖ)
ဓာတ်ပုံ – ရေစကြို(ပကဖ)

စစ်ကောင်စီတပ်သည် စက်တင်ဘာ ၁၆ရက် နံနက်က စစ်ကြောင်းထိုးဝင်ရောက်ကာ ကား၊ ရိက္ခာနှင့် အဆောက်အဦများကို ဖျက်ဆီးသွားခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

စစ်ကြောင်းဝင်လာသည်ကို ကင်းအဖွဲ့က ကြိုတင်မြင်လိုက်၍ ရဲဘော်များ ထိခိုက်မှုမရှိခဲ့ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဓာတ်ပုံ - ရေစကြို(ပကဖ)
ဓာတ်ပုံ – ရေစကြို(ပကဖ)

“ဒါပေမဲ့ ရုတ်တရက် ချက်ချင်းဆိုတော့ ကားတွေနဲ့ ပစ္စည်းရိက္ခာတွေက ဘာမှ မသယ်လိုက်နိုင်ဘူး။ လူနဲ့ သင်တန်းသားတွေနဲ့ ရဲဘော်တွေနဲ့ လက်နက်တွေနဲ့ ဆုတ်လိုက်နိုင်တာပေါ့”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ - ရေစကြို(ပကဖ)
ဓာတ်ပုံ – ရေစကြို(ပကဖ)

အဆိုပါ စစ်ကောင်စီတပ်သည် သင်တန်းစခန်းအား ဖျက်ဆီးပြီး ပြန်လည်ဆုတ်ခွာသွားပြီ ဟုဆိုသည်။

ထို့အပြင် ရေစကြိုနယ် ရေလယ်ကျွန်းက ပြန်လာသည့် စစ်ကြောင်းက ဆားလင်းကုန်းကျေးရွာသို့ ဝင်ရောက်စစ်ကြောင်းထိုးလျက်ရှိသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဆယ်ဘီးကား ၂ စီးနဲ့ လူငယ်တွေကို ပေါ်တာဆွဲသွားကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်