Connect with us

Hi, what are you looking for?

သတင်း

ရေဦးခရိုင်ရဲတပ်ဖွဲ့မှူးကို စစ်ကောင်စီတပ်ဗျူဟာမှူးက သေနတ်ဖြင့်ပစ်သတ်ခဲ့ခြင်းဖြစ်​ကြောင်းရေဦးပကဖပြော

မ​ကွေးတိုင်းတွင် မကြာ​သေးမီလပိုင်းက စစ်သားက စခန်းမှူးကို ထိုး​သောဖြစ်ရပ်လည်းဖြစ်ခဲ့ပြီး ကျန်ရဲတပ်ဖွဲ့ကမ​ကျေနပ်၍ စစ်သားကိုဝိုင်းဝန်းထိုးကြိတ်ခဲ့သဖြင့် အဆိုပါရဲများကို စစ်​ကောင်စီကအ​ရေးယူခဲ့သည်။

(ဒုတိယရဲမှူးကြီးအဆင့် အပွင့်အခက်များ ။ စစ်​အုပ်စုအာဏာသိမ်းပြီး​နောက်စစ်တပ်က ရဲတပ်ဖွဲ့အ​ပေါ် နှိမ်ချဆက်ဆံပြီး ကိုယ်ထိလက်​ရောက်ကျူးလွန်မှုများမကြာခဏဖြစ်​ပေါ်​နေသည်။)
(ဒုတိယရဲမှူးကြီးအဆင့် အပွင့်အခက်များ ။ စစ်​အုပ်စုအာဏာသိမ်းပြီး​နောက်စစ်တပ်က ရဲတပ်ဖွဲ့အ​ပေါ် နှိမ်ချဆက်ဆံပြီး ကိုယ်ထိလက်​ရောက်ကျူးလွန်မှုများမကြာခဏဖြစ်​ပေါ်​နေသည်။)

ရေဦးခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီးဝင်းနိုင်သည် သူ့ကိုယ်သူသေနတ်​ဖြင့်ပစ်၍ အဆုံးစီရင်သွားခြင်းမဟုတ်ဘဲ စစ်ကောင်စီဗျူဟာမှူးက အစည်းအဝေးခန်းအတွင်း သေနတ်ဖြင့် နှစ်ချက်ပစ်သတ်လိုက်ခြင်းဖြစ်ကြောင်း ရေဦးမြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြား​ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

” ဒုရဲမှူးကြီးဝင်းနိုင်ကို စစ်ဘက်ကဗျူဟာမှုးကရင်ဘတ်တည့်တည့်ကိုတစ်ချက်ဗိုက်ကိုတစ်ချက်ပစ်တာ။အစည်းအဝေးလုပ်နေတဲ့အချိန်မှာစကားများပြီးပစ်သတ်တာလို့သိရတယ်။ သူ့ကိုယ်သူ ပစ်တာလုံးဝမဟုတ်ဘူး” ဟုအထက်ပါတာဝန်ရှိသူက ပြောသည်။

(ဒုတိယရဲမှူးကြီးအဆင့် အပွင့်အခက်များ ။ စစ်​အုပ်စုအာဏာသိမ်းပြီး​နောက်စစ်တပ်က ရဲတပ်ဖွဲ့အ​ပေါ် နှိမ်ချဆက်ဆံပြီး ကိုယ်ထိလက်​ရောက်ကျူးလွန်မှုများမကြာခဏဖြစ်​ပေါ်​နေသည်။)
(ဒုတိယရဲမှူးကြီးအဆင့် အပွင့်အခက်များ ။ စစ်​အုပ်စုအာဏာသိမ်းပြီး​နောက်စစ်တပ်က ရဲတပ်ဖွဲ့အ​ပေါ် နှိမ်ချဆက်ဆံပြီး ကိုယ်ထိလက်​ရောက်ကျူးလွန်မှုများမကြာခဏဖြစ်​ပေါ်​နေသည်။)

ဒုတိယရဲမှူးကြီးဝင်းနိုင်သည် စက်တင်ဘာ ၁၅ရက်ညနေက ၎င်း၏ ဝန်ထမ်းအိမ်ယာတွင် သူ့နာထင်သူ သေနတ်ဖြင့် တေ့ပစ်၍ အဆုံးစီရင်သွား​​ခြင်းဟုစစ်​ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့အသိုင်းအဝိုင်းကသတင်းဖြန့်ခဲ့ကြသည်။ ယင်းသည် ဗျုဟာမှူးလက်ချက်ဖြင့် သေဆုံးသွားသည်ကို လမ်းကြောင်းလွှဲရန်အတွက် ရေဦးရဲတပ်ဖွဲ့က စစ်ကောင်စီအလိုကြ သတင်းအမှားဖြန့်ဝေခြင်းဟု ​ရေဦးပကဖက​ပြောသည်။

ရေဦးတွင် စစ်ကောင်စီတပ်ဗျူဟာမှူးမကြာခဏ အပြောင်းအလဲပြုလုပ်နေ၍ ဒုတိယရဲမှူးကြီးဝင်းနိုင်အား သေနတ်ဖြင့်ပစ်သတ်သည့် ဗျုဟာမှူး အမည်ကို မသိရှိရသေးကြောင်းလည်း ရေဦးပကဖက ပြန်ကြား​ရေးတာဝန်ရှိသူက​ ဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

“ဒါက အတွင်းကနေ ဖရဲသီးက ပေးတဲ့သတင်း။ တိတိကျကျရတဲ့ သတင်းပါ”ဟု ၎င်းကဆိုသည်။

ရေဦးနယ်အခြေစိုက် Ye.U Urban Gurrrilla အဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးကလည်း အဆိုပါပစ်ခတ်မှုတွင် စစ်သားနှစ်​ယောက်ပါ​သေဆုံးခဲ့​ကြောင်းကိုယခုကဲ့သို့​ပြောသည်။ “ငယ်သားနှစ်ယောက်ရော သေတာပါဗျ။ သေတာသုံးယောက်ပါ။ အချင်းချင်း ပစ်တာလား၊ သတ်သေတာလား သေချာမသိရပါဘူးဗျ။ ငယ်သားနှစ်ယောက်က စစ်သားတွေလို့ ကြားသိရပါတယ်ဗျ” ။

စစ်ကောင်စီသည် နိုင်ငံတော် အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြ​သောပြည်သူများကိုအကြမ်းဖက်ဖြိုခွင်း​စေသည်မှစ၍ ရဲတပ်ဖွဲ့ကို ပြည်သူလူထုနှင့်ထိပ်တိုက်ရန်တိုက်ပေးခဲ့သည်။ သဘောထားတင်းမာသည့် စစ်ကောင်စီတပ်က ရဲတပ်ဖွဲ့ကို နှိမ့်ချဆက်ဆပြီး စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့ကြားတွင် မကြာခဏပြဿနာများစွာရှိနေသည်ဟု CDM ရဲအရာရှိအချို့က ပြောသည်။

မ​ကွေးတိုင်းတွင် မကြာ​သေးမီလပိုင်းက စစ်သားက စခန်းမှူးကို ထိုး​သောဖြစ်ရပ်လည်းဖြစ်ခဲ့ပြီး ကျန်ရဲတပ်ဖွဲ့ကမ​ကျေနပ်၍ စစ်သားကိုဝိုင်းဝန်းထိုးကြိတ်ခဲ့သဖြင့် အဆိုပါရဲများကို စစ်​ကောင်စီကအ​ရေးယူခဲ့သည်။

ထို​ကြောင့်စစ်​ကောင်စီတပ်၏အာဏာသိမ်းမှုကိုလက်မခံဘဲ ၊စစ်​ကောင်စီဖိနှိပ်မှုကိုငုံမခံဘဲ ပြည်သူနှင့်ပူး​ပေါင်းလာ​​သောရဲတပ်ဖွဲ့ဝင်များမှာ စသ်သားများထက်ပိုများသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးNUG၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ တောင်ပိုင်းတိုင်းစစ်ဒေသ၊ပဲခူးအနောက်ရိုးမ ဗျူဟာ -၂၂ ရဲ့ဗျူဟာမှူး ရဲဘော်စောဂျိမ်း လေယာဉ်ဗုံးစထိမှန် ကျဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက​ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။