Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်တွင် စစ်ကောင်စီတပ်က ဓါးစာခံပြည်သူတစ်ဦးအား သတ်ဖြတ်၊ ဘုန်းကြီးကျောင်းပါမချန် မီးရှို့ဖျက်ဆီးနေပြီး ပျက်စီးဆုံးရှုံးမှုများ

“သက်ရှည်ကန်ရွာက ဖမ်းဆီးသွားတဲ့ ဓါးစာခံ တစ်ဦးကို စစ်တပ်ကပစ်သတ်သွားတယ်။ မနေ့ကမှ အလောင်းတွေ့တယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

အောင်သာရွာဘုန်းကြီးကျောင်းအတွင်း စစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-ဘုတလင်မြို့နယ် သတင်းမှန်ပြန်ကြားရေး
အောင်သာရွာဘုန်းကြီးကျောင်းအတွင်း စစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-ဘုတလင်မြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်းရှိ ကျေးရွာများအား စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်နေပြီး ဓါးစာခံပြည်သူတစ်ဦးကို သတ်ဖြတ်ကာ ဘုန်းကြီးကျောင်းပါမချန်မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (စက်တင်ဘာ ၁၈ ရက်)က ဘုတလင် မြို့နယ်၊ အောင်သာရွာ ဘုန်းကြီးကျောင်းအား စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ခြင်းဖြစ်ပြီး ဘုန်းကြီးကျောင်းရှိ ကားတစ်စီးနှင့် ဆိုင်ကယ်အစီးရေများစွာကိုလ​ည်း မီးရှို့ဖျက်ဆီးသွားကြောင်း၊ ရွာအတွင်း မီးရှို့ဖျက်ဆီးခံရသည့် အိမ်ခြေများလည်းရှိကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် စက်တင်ဘာ ၁၆ ရက်က ဘုတလင်မြို့နယ် အောင်ချမ်းသာ၊သက်ရှည်ကန် နှင့် မင်းရွေးရွာတို့ကို ဝင်ရောက်ခဲ့ပြီး ၄ယောက်ထက် မနည်းဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

“သက်ရှည်ကန်ရွာက ဖမ်းဆီးသွားတဲ့ ဓါးစာခံ တစ်ဦးကို စစ်တပ်ကပစ်သတ်သွားတယ်။ မနေ့ကမှ အလောင်းတွေ့တယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၁၃ ရက် နံနက်၅နာရီခန့်က ဘုတလင်မြို့နယ် ပဲပြစ်တောအရှေ့ရွာရှိ PDF စခန်းကို စစ်တပ်က ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့၍ CDM စစ်သားနှင့် ဒုံးပျံ PDF အဖွဲ့ဝင် ငါးဦးကျဆုံးခဲ့သည်။

ထို့အပြင် ဒေသခံ ၃၀ နီးပါးခန့်ဖမ်းဆီးခံထားရသည်။ နေအိမ် လေးလုံးမီးရှို့ခံရပြီး ဒေသခံ ၇၀၀ ခန့်လည်း တိမ်းရှောင်နေရကြောင်းသတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နိုင်ငံတကာက မြန်မာနဲ့ သံတမန်ရေး ထိတွေ့မှုတွေကို မြှင့်တင်ဖို့ ခြေလှမ်းပြင်လာချိန်မှာပဲ အာဏာသိမ်း စစ်တပ်ကမြန်မာပြည်သူတွေအပေါ် သတ်ဖြတ်မှုတွေလျော့ပါးမသွားတဲ့အပြင်ပိုပြီးတောင်ဆိုးရွားလာနေတယ်လို့ နိုင်ငံတကာ လေ့လာစောင့်ကြည့်မှု အဖွဲ့တစ်ခုက ထောက်ပြခဲ့ပါတယ်။

သတင်း

ကျူးလွန်သူကိုထိထိရောက်ရောက်အရေးယူ၊ အပြစ်ပေးဖို့အရပ်ဖက်အဖွဲ့တွေနဲ့ ပြည်သူတွေတောင်းဆို