Connect with us

Hi, what are you looking for?

သတင်း

ကြိတ်စခန်းသိမ်းတိုက်ပွဲ ၁၅မိနစ်ကျော်သာကြာခဲ့ပြီး စစ်ကောင်စီတပ် ၇ဦးသေ၊ နှစ်ဦးဖမ်းမိဟု KNU ထုတ်ပြန်

အဆိုပါ ကြိတ်စခန်းကို သြဂုတ် ၈ရက်မှစ၍ ပိတ်ဆို့ကာရိက္ခာဖြတ်ပြီး တစ်လခွဲနီးပါးအကြာတွင် စခန်းသိမ်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဓာတ်ပုံ - KNU
ဓာတ်ပုံ - KNU

▪️လက်နက်ကြီး လက်နက်ငယ်မျိုးစုံ ၁၂လက် ထက်မနည်းရရှိ

▪️စစ်ကောင်စီစခန်းကို တစ်လခွဲနီးပါး ရိက္ခာဖြတ်တောက်ပိတ်ဆို့ပြီး သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ဟု ဖော်ပြ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေ ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီ ၏ ကြိတ်တပ်စခန်းကို ယမန်နေ့ က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ဦး သေဆုံးပြီး ဒဏ်ရာဖြင့် အရှင်ဖမ်းမိသူ နှစ်ဦးရှိသည်ဟု KNUက သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ - KNU
ဓာတ်ပုံ – KNU

အဆိုပါ တပ်စခန်းကို စက်တင်ဘာ ၂၀ရက် မွန်းလွဲပိုင်းက KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း (၁၈) နှင့် ဒေါနစစ်ကြောင်း -SOG ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ စခန်းသိမ်းတိုက်ပွဲကို မွန်းလွဲ ၂နာရီ ၂မိနစ်တွင် စတင်ခဲ့ပြီး ၁၇မိနစ်အကြာ ၂နာရီ ၁၉မိနစ်တွင် ခမရ- ၅၅၇ စခန်း ကြိတ်စခန်းတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ထုတ်ပြန်သည်။

ဓာတ်ပုံ - KNU
ဓာတ်ပုံ – KNU

အဆိုပါ ကြိတ်စခန်းကို သြဂုတ် ၈ရက်မှစ၍ ပိတ်ဆို့ကာရိက္ခာဖြတ်ပြီး တစ်လခွဲနီးပါးအကြာတွင် စခန်းသိမ်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သိမ်းဆည်းရမိခဲ့သည့် လက်နက်များတွင် RPGနှင့် စိန်ပြောင်းအပါအဝင် လက်နက်မျိုးစုံ ၁၂လက်ထက်မနည်းတွေ့ရပြီး ကျည်နှင့်ခဲယမ်းအများအပြားရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

Facebook