Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့တိုက်ပွဲတွင် ရဲဘော်နှစ်ဦးကျဆုံး၊ စစ်ကောင်စီတပ်မှလည်း ထိခိုက်သေဆုံးမှုရှိဟု PDF ပြော

လက်ရှိ သတင်းထုတ်ပြန်သည့် ည ၇နာရီခန့်အထိ စစ်ကောင်စီများမှစက်တော်ရာဘုန်းကြီးကျောင်းနှင့် မွေတောဘုန်းကြီးကျောင်းတို့တွင် အပြစ်မဲ့ပြည်သူ ၁၀၀ ဦးခန့်အား ဓားစာခံလူသားဒိုင်းအဖြစ် အသုံးပြုလျှက်ရှိကြောင်းလည်း ထုတ်ပြန်ချက်၌ဖော်ပြသည်။

(မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)မှ ရဲဘော်များအားတွေ့ရစဥ်)
(မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)မှ ရဲဘော်များအားတွေ့ရစဥ်)

မိုးဗြဲမြို့တိုက်ပွဲတွင် ရဲဘော်နှစ်ဦးကျဆုံးခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများရှိကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)က ထုတ်ပြန်သည်။

ယနေ့ (စက်တင်ဘာ ၁၉ ရက်)နံနက် ၁ နာရီခန့်တွင် မိုးဗြဲမြို့ပေါ်သို့ အကြမ်းဖက်စစ်ကောင်စီ က တာဝေးပစ်လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်လာပြီး နံနက် ၂နာရီခန့်တွင် စစ်ကောင်စီ က စစ်ကြောင်း နှစ်ကြောင်းဖြင့် မိုးဗြဲမြို့အတွင်းသို့ ဝင်ရောက်လာခဲ့သည်ဟု ဆိုသည်။

(မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)မှ ရဲဘော်များအားတွေ့ရစဥ်)
(မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)မှ ရဲဘော်များအားတွေ့ရစဥ်)

စစ်ကောင်စီတပ်ကို မဟာမိတ်တပ်ပေါင်းစုများဖြစ်ကြသော မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ လွိုင်ကော် PDF၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် 1107 တပ်ရင်း ဒီးမော့ဆို PDF၊ နေပြည်တော် PDF၊ KNDF၊ KA၊ KGZ နှင့် URF တို့ ပူးပေါင်းတိုက် ခိုက်ခဲ့သည်။

ယနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ထိခိုက် သေဆုံးမှုများရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးပေ။

Public Service Announcement

Public Service Announcement

တာဝေးပစ်လက်နက်ကြီးများနှင့် တင့်ကားများဖြင့် အဆမတန်လွန်စွာပစ်ကူမှုများကြောင့် ပူး ပေါင်းအဖွဲ့မှ စိုးရိမ်ရဒဏ်ရာ တစ်ဦးရရှိပြီး တာဝန်ထမ်းဆောင်ရင်း ရဲဘော် နှစ်ဦးမှာ ကျဆုံးခဲ့ရ ကြောင်း MBPDF က အသိပေးသည်။

“လက်နက်ကြီးကြောင့် ကျသွားတာ။နှစ်ဦးစလုံးက MBPDF က ရဲဘော်တွေပါ”ဟု မိုးဗြဲမြို့ခံစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

လက်ရှိ သတင်းထုတ်ပြန်သည့် ည ၇နာရီခန့်အထိ စစ်ကောင်စီများမှစက်တော်ရာဘုန်းကြီးကျောင်းနှင့် မွေတောဘုန်းကြီးကျောင်းတို့တွင် အပြစ်မဲ့ပြည်သူ ၁၀၀ ဦးခန့်အား ဓားစာခံလူသားဒိုင်းအဖြစ် အသုံးပြုလျှက်ရှိကြောင်းလည်း ထုတ်ပြန်ချက်၌ဖော်ပြသည်။

မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းမဟာမိတ်တပ်ဖွဲ့ဝင်များအကြား စစ်ရေးအခြေအနေ ဆက်လက်တင်းမာလျှက်ရှိနေသဖြင့် ပြည်သူများအနေဖြင့် လုံခြုံစိတ်ချရသောနေရာတွင် နေထိုင်ရန်နှင့် ခရီးသွားပြည်သူများအနေဖြင့် မိုးဗြဲလမ်းကိုအသုံမပြုကြရန် MBPDF က တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။