Connect with us

Hi, what are you looking for?

သတင်း

သီတင်းကျွတ် ပျော်ပွဲ၊ရွှင်ပွဲများမပြုလုပ်ကြရန် ထားဝယ်ခရိုင်ရှိ PDF များ မေတ္တာရပ်ခံ

အကြမ်းဖက်စစ်ကောင်စီနှင့် မဘသ အဖွဲ့များက ပြည်သူနှင့် ကာကွယ်ရေးအဖွဲ့များ သွေးကွဲအောင် အထင်မြင်လွဲစေနိုင်မည့် သီတင်းကျွတ် ပွဲလမ်း သဘင်များ ပြုလုပ်ရန် နှိုးဆော်လျက်ရှိသည်ဟုလည်း ဖော်ပြထားသည်။

(ယမန်နှစ်က လောင်းလုံးမြို့နယ်တွင် ပြည်သူများ တော်လှန်သီတင်းကျွတ်သပိတ် ပြုလုပ်ခဲ့စဉ် ၊ဓာတ်ပုံ - DDMSC)
(ယမန်နှစ်က လောင်းလုံးမြို့နယ်တွင် ပြည်သူများ တော်လှန်သီတင်းကျွတ်သပိတ် ပြုလုပ်ခဲ့စဉ် ၊ဓာတ်ပုံ - DDMSC)

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် လာမည့်သီတင်းကျွတ်ကာလ ပွင့်လင်းရာသီတွင် ပျော်ပွဲ၊ရွှင်ပွဲများ၊ အလှူပွဲ၊ မင်္ဂလာပွဲ စသည့် ပွဲလမ်းသဘင်များ မပြုလုပ်ကြရန် ထားဝယ် DDT တပ်ခွဲ(၃)နှင့် လောင်းလုံး LLPDF အဖွဲ့တို့က ယနေ့ (စက်တင်ဘာ ၂၁) မေတ္တာရပ်ခံ ထုတ်ပြန် သည်။

လက်ရှိတွင် မြန်မာနိုင်ငံ နာရေးဖြစ်ပေါ်နေသည့် အချိန်တွင် မြန်မာပြည်အထက်ပိုင်း၊ အလယ်ပိုင်းနှင့် အောက်ပိုင်း ဒေသများ၏ ခက်ခဲမှုများအား ကိုယ်ချင်းစာတရားထား၍ ပွဲလမ်းသဘင်များ မပြုလုပ်ခြင်းဖြင့် ဆက်လက်အလေးပေးလိုက်နာကြရန်ဟု PDF များက တိုက်တွန်းထားသည်။

အကြမ်းဖက်စစ်ကောင်စီနှင့် မဘသ အဖွဲ့များက ပြည်သူနှင့် ကာကွယ်ရေးအဖွဲ့များ သွေးကွဲအောင် အထင်မြင်လွဲစေနိုင်မည့် သီတင်းကျွတ် ပွဲလမ်း သဘင်များ ပြုလုပ်ရန် နှိုးဆော်လျက်ရှိသည်ဟုလည်း ဖော်ပြထားသည်။

ထို့အပြင် မြန်မာပြည်နေရာအနှံ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက် စစ်​ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပေါ်နေပြီး နယ်မြေအေးချမ်းမှု မရှိသောကြောင့် ပြည်သူ များ၏ ဘေးကင်းလုံခြုံရေးကို ရှေးရှုပြီး ပျော်ပွဲရွှင်ပွဲများ မပြုလုပ်ရန် ထုတ်ပြန်ခြင်းဖြစ်ကြောင်း လောင်းလုံး PDF အဖွဲ့များက ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့​ကြောင့် ပြည်သူများအနေဖြင့် အသိပေး ထုတ်ပြန်ချက်များကို လိုက်နာပြီး PDF များနှင့်အတူ ပူးပေါင်းပါဝင်ပေးကြရန်လည်း ထားဝယ် DDT တပ်ခွဲ(၃) က တိုက်တွန်းနှိုးဆော်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။