Connect with us

Hi, what are you looking for?

News

စစ်ကောင်စီ ထိုးစစ်အရှိန်မြှင့်လာသော တနင်္သာရီတိုင်း၌ KNDOနှင့် ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦးတို့ ပူးပေါင်း

လက်ရှိစစ်ရေးအခြေအနေအရ ထားဝယ်ခရိုင်အတွင်းရှိ ပြည်သူများအနေဖြင့် ထားဝယ်-ထီးခီး လမ်းပိုင်းကို ည ၇ နာရီမှ နံနက် ၄ နာရီအတွင်းလုံးဝဖြတ်သန်းသွားလာ အသုံးမပြုရန်လည်း အသိပေးထားသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ထိုးစစ်အရှိန်မြှင့်တင်လာသော တနင်္သာရီတိုင်း၌ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)နှင့် ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦးတို့ ပူးပေါင်းလိုက်ကြောင်း ထုတ်ပြန်သည်။

“ပူးပေါင်းလိုက်တာက ကျွန်တော်တို့တွေ ပိုပြီးခိုင်မာတောင့်တင်းလာမယ်။ပြီးတော့ ဒီမိုကရေစီ ပြန်ရဖို့ကိုပဲ ဦးတည် တိုက်ခိုက်သွားမှာဖြစ်တယ်”ဟု ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦးက ပြောသည်။

လက်ရှိစစ်ရေးအခြေအနေအရ ထားဝယ်ခရိုင်အတွင်းရှိ ပြည်သူများအနေဖြင့် ထားဝယ်-ထီးခီး လမ်းပိုင်းကို ည ၇ နာရီမှ နံနက် ၄ နာရီအတွင်းလုံးဝဖြတ်သန်းသွားလာ အသုံးမပြုရန်လည်း အသိပေးထားသည်။

သတ်မှတ်အချိန်အတွင်း ဖြတ်သွားလာကြစဥ် အကြမ်းဖက်စစ်​ကောင်စီနှင့် ပက်သက်မှုတစ်စုံ တစ်ရာ​သော်လည်း​ကောင်း၊ ​ စစ်​ဆေးခြင်းနှင့် ထုတ်ပြန်ချက်များကို လိုက်နာမှု မရှိခြင်း​သော် လည်း​ကောင်း ​တွေ့ရှိပါက ထိခိုက်မှု တစ်စုံ တစ်ရာအတွက် (လုံးဝ) တာဝန်ယူမည်မဟုတ်ပဲ မသင်္ကာဖွယ်ရာအားလုံးကို ကျွန်ုပ်တို့ “ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်​ရေးတပ်ဦး” နှင့် မဟာ မိတ်ပူး​ပေါင်းအဖွဲ့ဖြစ်​​သော “KNDO Special တပ်ရင်း” တို့မှရှင်းလင်းပစ်မည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဧပြီ ၁၈ ရက်ကစ၍ တနင်္သာရီတိုင်း အတွင်း စစ်ကြောင်းလေးခုဖြင့် စစ်ထိုးရန်နှင့် ရွာသူ၊ရွာသားများကို လိုအပ်ပါက အကြမ်းဖက်ရှင်းလင်းရန် အကြမ်းဖက်စစ်ကောင် စီ၏ ညွှန်ကြားစာထွက်ရှိထားသည်။

အဆိုပါ ညွှန်ကြားစာထွက်ရှိပြီး နောက်ပိုင်း ထားဝယ်၊​မြိတ်နှင့် ပုလော ဒေသတို့တွင် တိုက်ပွဲများမကြာခဏ ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာအနီး တိုက်ပွဲမှာ စစ်တပ်က ၁၂ဦးသေဆုံးပြီး လက်နက် ၈လက် သိမ်းရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးတပ်တွေနဲ့ပေါင်းပြီး ဘုံရန်သူကို ဆက်တိုက်မယ်လို့ ဆာကပေါတပ်ရင်းတာဝန်ရှိသူပြော