Connect with us

Hi, what are you looking for?

သတင်း

မိုးညှင်းမြို့နယ် ဒီချုပ်အမတ် ဦးမျိုးကျော် စစ်ကြောရေးတွင် သေဆုံး၊ မိသားစုဝင်များ အလောင်းပင်ပြန်မရ

​မေလ​နောက်ပိုင်းတွင် ဘီးလင်းမြို့နယ်ပြည်သူ့လွှတ်​တော်အမတ်ဦး​ကျော်မျိူးမင်းကိုလည်း စစ်​ကောငိစီတပ်က ဇွန်လကုန်ပိုင်းတွင်ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့သည်။

မိုးညှင်းမြို့နယ် ဒီချုပ်အမတ် ဦးမျိုးကျော် စစ်ကြောရေးတွင် သေဆုံး၊ မိသားစုဝင်များ အလောင်းပင်ပြန်မရ
မိုးညှင်းမြို့နယ် ဒီချုပ်အမတ် ဦးမျိုးကျော် စစ်ကြောရေးတွင် သေဆုံး၊ မိသားစုဝင်များ အလောင်းပင်ပြန်မရ

မိုးညှင်းမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးကျော် စစ်ကောင်စီ​၏ စစ်ကြောရေးစခန်းတွင် သေဆုံးသွားပြီးနောက် မိသားစုဝင်များ ရုပ်အလောင်းပြန်မရခဲ့သလို မည်သည့်နေရာတွင် သင်္ဂြိုလ်သည်ကိုလည်း မသိရသေးကြောင်း ဒီချုပ်ပါတီကိုယ်စားပြု လွှတ်တော်အမတ်အချို့က ပြောသည်။

မိုးညှင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)၊ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးမျိုးကျော်ကို စစ်ကောင်စီတပ်က ပြီးခဲ့သည့် သြဂုတ်အတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ယခုအခါ စစ်ကောင်စီစစ်ကြောရေးစခန်းတွင် သေဆုံးသွားပြီဟု မိုးကောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH အဖွဲ့ဝင် ဦးဝင်းနိုင်က လူမှုကွန်ရက်မှတဆင့် အသိပေးထားသည်။

ဦးမျိုးကျော်၏ သေဆုံးသည့်သတင်းနှင့်ပတ်သက်၍ ” စကစရဲ့ ညှဉ်းပန်းနှိပ်စက်မှုများကြောင့် စစ်ကြောရေးစခန်းမှာ ကွယ်လွန်ကြောင်း ခိုင်လုံသောသတင်းရင်းမြစ်တခုမှ သိရပါတယ်။မိသားစုအနေနဲ့ dead body ပြန်မရတဲ့အပြင် ကွယ်လွန် ကြောင်းအသိပေးအကြောင်းကြားခြင်းပင်မရှိကြောင်းသိရပါတယ်”ဟု ဦးဝင်းနိုင်က ယမန်နေ့(စက်တင်ဘာ ၂၁ရက်)ညတွင် ရေးသားထားသည်။

ဦးမျိုးကျော်နှင့် ဖားကန့်သပိတ်ခေါင်းဆောင်တစ် ဦးကို မြစ်ကြီးနားမြို့နယ် (၂၁)မိုင်စုပေါင်းဂိတ်တွင် စစ်ကောင်စီတပ်က သြဂုတ် ၂၄ရက်တွင် ဖမ်းဆီးသွားခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူနှစ်ဦးစလုံး သတင်းအစအနပျောက်နေရာမှ တစ်လနီးပါးအကြားတွင် ဦးမျိုးကျော်သေဆုံးကြောင်းသတင်းထွက်ပေါ် လာ​​ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

“သူ(ဦးမျိုးကျော်)ကလူငယ်တစ်ဦး။ သိပ်တော် တာ။ စစ်ကောင်စီကို အံတုပြီး နိုင်ငံတော်အတွက် အသက် ပေးသွားတာ”ဟု စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားနေသော မိုးညှင်းမြို့ခံတစ်ဦးက ပြောသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူ့အခွင့်အရေးချိုးဖောက်မှုများ မှတ်တမ်းကောက်ယူရေး အဖွဲ့ (NLD-HRDT) ၏ ကောက်ယူရရှိ​သောစာရင်းများအရ၂၀၂၁ ဖေဖော်ဝါရီမှ ၂၀၂၂ မေအထိစစ်​ကောင်စီတပ်က ဖမ်းဆီးပြီး စစ်ကြောရေးတွင်နှိပ်စက်ညှင်းပန်းမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုမလုံလောက်၍ သေဆုံးခဲ့ရသူ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အပါအဝင် ပါတီဝင် ၁၈ ဦးရှိသည်။ထို့အပြင်

စစ်ကောင်စီက မဖမ်းဆီးဘဲ ပစ်ခတ်၊နှိပ်သတ်ဖြတ်ခံရ​သော NLD ပါတီဝင်မှာပိုများပြီး ၃၈ ဦးအထိ့ရှိသည်။ အမှန်တွင်​မြေပြင်တွင် ယခုစာရင်းထက်ပိုများနိုင်​ကြောင်းလည်း NLD-HRDT ကဆိုသည်။

​မေလ​နောက်ပိုင်းတွင် ဘီးလင်းမြို့နယ်ပြည်သူ့လွှတ်​တော်အမတ်ဦး​ကျော်မျိူးမင်းကိုလည်း စစ်​ကောငိစီတပ်က ဇွန်လကုန်ပိုင်းတွင်ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့သည်။

ထို့အပြင်အာဏာသိမ်းပြီး​နောက်ပိုင်း ၂၀၂၂ ​မေလအထိ့ဖမ်းဆီးခံ ရ​သောNLD ပါတီဝင် – ၉၁၇ ဦးရှိပြီးထိုထဲတွင်ပြန်လွတ်လာသူ- ၂၁၆ ဦးရှိသည်။ဖမ်းဆီးခံရ​သူများတွင်NLDလွှတ်တော်ကိုယ်စားလှယ် – ၁၁၉ ဦးပါဝင်ပြီးပြန်လည်လွတ်မြောက်လာသူ ၂၁ ဦးရှိကာ ဖမ်းဆီးခံ​နေရ​သောအမတ် ၉၈ ဦးရှိကျန်ရှိ​နေ​သေးသည်။

ဦးမျိုးကျော်အတွက် ဝမ်းနည်းကြောင်းနှင့် စစ်အာဏာရှင်အမြစ်ဖြတ်ရှင်းလင်းနိုင်ရေး ကြိုးစားသွားမည်ဟု ဒီချုပ်ပါတီဝင် လွှတ်တော်အမတ်များက လူမှုကွန်ရက်တွင် ရေးသားထားကြသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

မန္တလေး-မြစ်ကြီးနားလမ်းပိုင်းပေါ်က ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် နမ့်စီးအောင်ကျေးရွာကို စစ်တပ်စစ်ကြောင်းတွေ ရောက်လာတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ ကျင်ဒွေးတံတားကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျင်ဒွေးတံတား ထိန်းသိမ်းပြုပြင်နေတဲ့ အရပ်သား ၉ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကျင်ဒွေးမြို့ကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ လမ်းတံတားပြင်ဆင်နေတဲ့ ဆောက်လုပ်ရေးလုပ်သား၉ဦး သေဆုံးပြီး ၂ဦးဒဏ်ရာရရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။။