Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

နွေဦးတော်လှန်ရေးကာလ ကျဆုံးခဲ့ရသူ ၂၃၀၀ ကျော်ရှိလာဟု AAPP ထုတ်ပြန်

အကြမ်းဖက်စစ်အုပ်စု၏ မတရား ချိပ်ပိတ်သိမ်းဆည်းခြင်းခံရသည့် နေအိမ်၊ အဆောက်အဦ အရေအတွက်မှာလည်း အာဏာသိမ်းချိန်မှ ၂၀၂၂ ဩဂုတ်လကုန်ထိ စုစုပေါင်း (၇၆၀) ခုထက်မနည်းရှိခဲ့သည်။

နွေဦးတော်လှန်ရေးကာလ ကျဆုံးခဲ့ရသူ ၂၃၀၀ ကျော်ရှိလာဟု AAPP ထုတ်ပြန်
နွေဦးတော်လှန်ရေးကာလ ကျဆုံးခဲ့ရသူ ၂၃၀၀ ကျော်ရှိလာဟု AAPP ထုတ်ပြန်

နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ ပြည်သူ ၂၃၀၃ ဦးရှိခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ယမန်နေ့တွင် ထုတ်ပြန်သည်။

၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းချိန်မှ ၂၀၂၂ စက်တင်ဘာလ ၂၁ ရက်အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၂၄၅၅) ဦးရှိပြီး ၎င်းတို့အနက်မှ (၁၄၈၅) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။

သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၈၄) ဦးရှိပြီဖြစ်ကြောင်း AAPP ၏ စာရင်းပြုစုချက်အရ သိရသည်။

ထို့အပြင် မျက်ကွယ်သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၂) ဦး အပါအဝင် (၁၂၁) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၂၆) ဦးရှိပြီဖြစ်သည်။

Public Service Announcement

Public Service Announcement

ယင်းနောက် အာမခံဖြင့် လွတ်မြောက်သူ (၂၂) ဦးရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၃၁၁၄) ဦး ရှိပြီဟု ဆိုသည်။

အကြမ်းဖက်စစ်အုပ်စု၏ မတရား ချိပ်ပိတ်သိမ်းဆည်းခြင်းခံရသည့် နေအိမ်၊ အဆောက်အဦ အရေအတွက်မှာလည်း အာဏာသိမ်းချိန်မှ ၂၀၂၂ ဩဂုတ်လကုန်ထိ စုစုပေါင်း (၇၆၀) ခုထက်မနည်းရှိခဲ့သည်။

အဆိုပါ ကိန်းဂဏန်းများသည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့်အချက်အလက်နှင့် ကိန်းဂဏန်းအရေအတွက်များမှာ ယခုထက်ပိုမိုများပြားနိုင်သည်ဟု အသိပေးသည်။

နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ကြောင်း ဖော်ပြသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ကိုမာန်ဇာမြေမွန်နှင့် ကိုအောင်ကျော်ဇင်တို့အား မြို့တော်ခန်းမအတွင်းရှိ စစ်သားများက ရိုက်နှက် နှိပ်စက်ခဲ့ရာ ကိုအောင်ကျော်ဇင်မှာ မတ်လ (၂၉) ရက်နေ့တွင် ကျဆုံးခဲ့ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောကြားသည်။

သတင်း

ဖေဖော်ဝါရီ ၂၅ရက်က မုံရွာမြို့နယ်ရှိ ဗန်စီစီ၊ နိဗ္ဗာန်ဝ၊ မုံရွေးကြေးမုံကျေးရွာများသို့ ထိုးစစ်ဆင်လာခဲ့သော စစ်ကြောင်းနှင့် မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၊ တပ်ခွဲ(၃)၊ တပ်စု(၂)Youth Vigor Revolution Force ရဲဘော်များနှင့် ထိပ်တိုက်တွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

သတင်း

KNLA တပ်မဟာ(၅)နှင့် စစ်ကောင်စီအကြား နိုဝင်ဘာလအတွင်း တိုက်ပွဲဖြစ်ပွားမှု အနှစ်ချုပ်ကို ယနေ့ (ဒီဇင်ဘာ ၃ရက်) ညပိုင်း၌ အသိပေးထုတ်ပြန်လာခြင်းဖြစ်သည်။