Connect with us

Hi, what are you looking for?

သတင်း

တောင်ပြိုလက်ဝဲမြို့အနီး AAနှင့် စစ်ကောင်စီတပ်တိုက်ပွဲဖြစ်ပွား

လက်တလောတွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်ရေးအရှိန်မြင့်တက်နေတသည့် ရခိုင်ဒေသ၌ စစ်ကောင်စီတပ်က ဒေသခံ ပြည်သူလူထုများအား ဖမ်းဆီး စစ်ဆေးမှုများ ပိုမိုပြုလုပ်လာနေသည်ဟု ဒေသခံက ပြောသည်။

(​မောင်​တောမြို့နယ်​မြောက်ပိုင်းရှိ ကျီးကန်းပြင်-ကြိမ်​ချောင်းကားလမ်း​ပေါ်တွင်စစ်​ကောင်စီတပ်ဖွဲ့ဝင်များကို​တွေ့ရစဥ်။ ။ဓါတ်ပုံ-BNA)
(​မောင်​တောမြို့နယ်​မြောက်ပိုင်းရှိ ကျီးကန်းပြင်-ကြိမ်​ချောင်းကားလမ်း​ပေါ်တွင်စစ်​ကောင်စီတပ်ဖွဲ့ဝင်များကို​တွေ့ရစဥ်။ ။ဓါတ်ပုံ-BNA)

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့အနီးတွင် ယနေ့မနက်က ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရခိုင်ဒေသခံ တစ်ဦးက ပြောသည်။

“ဒီမနက်က တောင်ပြို လက်ဝဲမြို့နားမှာ တိုက်ပွဲဖြစ်တာတော့ရှိတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက တောင်ပြို ဗျူဟာကို ရိက္ခာတွေ လက်နက်တွေလာဖြည့်တဲ့ ဘုတ် နှစ်စီးကို AAက နေကြားဖြတ်တိုက်ပြီး သိမ်းယူသွားတာရှိတယ်။ သိမ်းယူထားတာရှိတော့ သူတို့က အဲဒီနားမှာ AA လှုပ်ရှားမှုမရှိဘူး ထင်ပြီးတော့ သူတို့ လုံခြုံရေးနည်းနည်းနဲ့လာတာကို အဲဒီလို သိမ်းယူသွားတော့ သူတို့က လက်နက်ကြီး ကျည်တွေတောင်အများကြီး ပါတယ်ကြားတယ်။ အဲဒါကြောင့် သူတို့က အဲဒီနေရာကို လာပြီး နယ်မြေရှင်းလင်းရေးလုပ်ရင်းနဲ့ AAနဲ့ထိတွေ့တိုက်ပွဲဖြစ်တာထင်တယ်” ဟု ရခိုင်ဒေသခံက ပြောသည်။ တိုက်ပွဲ၌ ထိခိုက်ကျဆုံးအခြေအနေကို မသိရသေးဟု ၎င်းကဆက်​ပြောသည်။

လက်တလောတွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်ရေးအရှိန်မြင့်တက်နေတသည့် ရခိုင်ဒေသ၌ စစ်ကောင်စီတပ်က ဒေသခံ ပြည်သူလူထုများအား ဖမ်းဆီး စစ်ဆေးမှုများ ပိုမိုပြုလုပ်လာနေသည်ဟု ဒေသခံက ပြောသည်။

Public Service Announcement
Public Service Announcement

AAကို ထောက်ပံ့ပါက အရေးယူမည်ဖြစ်ကြောင်းရခိုင်စီးပွားရေးလုပ်ငန်းရှင်များ၊ ဝန်ထမ်းများကို စစ်ကောင်စီတပ်က ခြိမ်းခြောက်ပြောဆိုနေသကဲ့သို့ စစ်ဆေးမှုများ ပိုမိုတင်းကြပ်စွာဆောင်ရွက်ရန် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး က လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များသို့စက်တင်ဘာလ ၂၀ ရက်တွင်ညွှန်ကြားထား​သောစာ မှာ​ဖေစ်ဘွခ်လူမှုကွန်ယက်တွင်​ပေါက်ကြားလာသည်။

Public Service Announcement

Public Service Announcement

“သူတို့က အဲဒီ ညွှန်ကြားချက်အတိုင်း လို့ပြောရမှာပေါ့။ ဒီမနက်က ကျောက်တော်မှာ ကားတွေကို နာရီနဲ့ ချီပြီး စစ်ဆေးတာရှိတယ်။ အဲဒီ စာမထွက်ခင်ကတည်းက အဲဒီလိုပုံစံမျိုး လုပ်ထားတာကြာပြီ။ အခုက ထပ်ပြီး အသေအချာ အသေးစိတ် ညွှန်ကြားတယ်လို့ ပြောလို့ရတယ်” ဟု ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်အနေဖြင့် ရခိုင်ဒေသသို့ စစ်အင်အားများ ဖြည့်တင်းနေပြီး မောင်တောမြို့နယ် တစ်ခုတည်း၌ပင် စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ်ဖွဲ့ အင်အား တစ်သောင်းနီးပါးရှိသည်ဟု AAက ခန့်မှန်းထားသည်။

“ဒီနေ့ စစ်တွေကိုလည်း သူတို့က လေယာဉ်အကြီး တစ်စီးနဲ့ ထောက်ပို့လေယာဉ်တစ်စီးနဲ့ လက်နက်ရိက္ခာစစ်သည်အပြည့်နဲ့ ထပ်ရောက်တာ ရှိတယ်။ ပြောမယ်ဆိုရင်တော့မောင်တောမှာတော့ အများဆုံးပဲ ရခိုင်ကို အင်အားအများကြီး ဖြည့်ထားတာလို့ ပြောလို့ရတယ်” ဟု ရခိုင်ဒေသခံက စက်တင်ဘာ ၂၂ရက်တွင် ပြောသည်။

(​မောင်​တောမြို့နယ်​မြောက်ပိုင်းရှိ ကျီးကန်းပြင်-ကြိမ်​ချောင်းကားလမ်း​ပေါ်တွင်စစ်​ကောင်စီတပ်ဖွဲ့ဝင်များကို​တွေ့ရစဥ်။ ။ဓါတ်ပုံ-BNA)

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီနေ့ နေ့လယ်ပိုင်း ၁နာရီခန့်ကစပြီး တိုက်ပွဲပြင်းထန်နေပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူအစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။