Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်တွင် စစ်ကောင်စီတပ်နှင့်တိုက်ပွဲ ပြည်သူ့ရဲဘော်တစ်ဦးကျဆုံး

တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲများဖြစ်ပွားနေပြီး နယ်ခံတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

(ကျဆုံးသွားသောရဲဘော်အား သယ်ဆောင်လာစဥ်၊ဓာတ်ပုံ-LPDF)
(ကျဆုံးသွားသောရဲဘော်အား သယ်ဆောင်လာစဥ်၊ဓာတ်ပုံ-LPDF)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားရာ ပြည်သူ့ရဲဘော်တစ်ဦး ကျဆုံးခဲ့​ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၂၂ရက်က တန့်ဆည်မြို့နယ်၊ နဘက်ငယ်ကျေးရွာအထွက် ပေကုန်းရွာအ၀င်၌ စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များတိုက်ပွဲဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲတွင် ရွှေဘိုခရိုင်၊ တပ်ရင်း (၁၆) Taze Revolution Force – TRFအဖွဲ့ဝင် ပြည်သူ့ရဲဘော်တစ်ဦး ကျဆုံးခဲ့ရကြောင်း ဒေသတွင်းသတင်းရင်းမြစ် များက ပြောသည်။

ကျဆုံးခဲ့ရသောရဲဘော်နှင့်ပတ်သက်၍ ဒေသတွင်းကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်ခြင်းမရှိသေးပေ။

Public Service Announcement

Public Service Announcement

တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲများဖြစ်ပွားနေပြီး နယ်ခံတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

တန့်ဆည်​မြို့နယ် သစ္စေးကုန်းရွာမီးရှို့သွားသောစစ်ကောင်စီတပ်နှင့် ပျူအင်အား ၈၀ခန့်သည် သဲစား(ရ)ရွာ၊ တဆယ်ကျဲရွာ၊ အင်တောသာကျေးရွာတို့ကို ယနေ့(စက်တင်ဘာ၂၄ ရက်)နံနက်ပိုင်း၌ ၀င်ရောက်မီးရှို့ဖျတ်ဆီးနေကြောင်း၊လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများလည်း မကြာခဏကြားနေရကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။