Connect with us

Hi, what are you looking for?

သတင်း

ပါတီကိုအလုံးစုံဖျက်ဆီးဖို့စစ်ကောင်စီအားထုတ်နေတယ်လို့ NLD ထုတ်ပြန်

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်က နေ ၂၀၂၂ ခုနှစ် မေလ ၅ ရက်အထိစာရင်းတွေအရNLD ပါတီဝင် ၉၀၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။

ပါတီကိုအလုံးစုံဖျက်ဆီးဖို့စစ်ကောင်စီအားထုတ်နေတယ်လို့ NLD ထုတ်ပြန်
ပါတီကိုအလုံးစုံဖျက်ဆီးဖို့စစ်ကောင်စီအားထုတ်နေတယ်လို့ NLD ထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီဟာ NLD ပါတီကို အလုံးစုံဖျက်ဆီးဖို့ အားထုတ်နေတယ်လို့ ဒီနေ့မှာကျရောက် တဲ့ ပါတီသက်တမ်း ၃၄ နှစ်မြောက် နေ့ မှာ ထုတ်ပြန်ကြေညာပါတယ်။

စစ်တပ်ဟာ အာဏာသိမ်းပြီးနောက် ပါတီထိပ်ပိုင်းခေါင်းဆောင်တွေကို ဖမ်းထားတာ ၊ပါတီဝင်တွေနဲ့ လွှတ်တောက်ကိုယ်စားလှယ်တွေကိုလိုက်လံဖမ်းဆီးတာ ၊ နေအိမ်တွေနဲ့ ပိုင်ဆိုင်မှုတွေကိုချိတ်ပိတ်တာတွေအပြင် ဖမ်းမိသူတွေကို စစ်ကြောရေးမှာ ညှင်းပန်းနှိပ်စက် သတ်ဖြတ်တာတွေလုပ်ခဲ့တယ်လို့ NLD ကဆိုပါတယ်။

ဒါအပြင်ပါတီရုံးတွေကို ကျုးကျော်ဝင်ရောက်ပြီး ပါတီပိုင်ပစ္စည်းတွေကို သိမ်းဆည်းတာ ၊မီးရှို့ဖျက်ဆီးတာ ဆက်တိုက်လုပ်ဆောင်ကာ ပါတီကို အလုံးစုံဖျက်ဆီးဖို့ စစ်ကောင်စီက အားထုတ်နေတယ်လို့ NLD အသိပေးပါတယ်။

ကိုယ်ကျိုးစီးပွားကိုသာ ဦးထိပ်ထားတဲ့ စစ်ခေါင်းဆောင်တွေဟာ စစ်တပ်လွှမ်းမိုးတဲ့ နိုင်ငံရေးစနစ်ကို ဆက်လက်ထိမ်းသိမ်းထားဖို့ နိုင်ငံတော်အာဏာကို အဓမ္မလုယူကာ တိုင်းရင်းပြည်သူလူထုအပေါ် ရာဇဝတ်မှုတွေ ကျုးလွန်နေတယ်လို့ NLD ရဲ့ကြေညာချက်ထဲမှာဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်က နေ ၂၀၂၂ ခုနှစ် မေလ ၅ ရက်အထိစာရင်းတွေအရNLD ပါတီဝင် ၉၀၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။

ဒီလို ဖမ်းခံရသူတွေထဲစစ်ကြောရေးကာလ ညှင်းပန်းနှိပ်စက်မှုနဲ့ အကျဉ်းထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှုမပေးလို့သေဆုံးခဲ့ရတဲ့ပါတီဝင်ဦးရေဟာ ၁၈ ဦးထိရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

တော်လှန်ရေးခရီးမှာ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) တို့အကြား အပြန်အလှန် လေးစားမှု၊တန်းတူညီမျှမှုတွေနဲ့ ပိုမိုခိုင်မာစွာ လက်တွဲဆောင်ရွက်ဖို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က ထုတ်ပြန်ပါတယ်။

Facebook