Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပြည်သူ့ကိုဆန့်ကျင်ပြီး စစ်ကောင်စီ၏ အတု အယောင်ဆွေးနွေးပွဲသို့ ပါဝင်ခြင်းမပြုရန် တိုင်းရင်းသားလက်နက်ကိုင်များအား အရပ်အဖွဲ့ ၅၆၀ ကျော်တိုက်တွန်း

အကြမ်းဖက်မင်းအောင်လှိုင် ဦးဆောင်သော စစ်အုပ်စုသည် ၎င်းတို့ လူမျိုးတုန်းသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများနှင့်စ်ရာဇဝတ်မှုကျူးလွန်မှုများအတွက် လက်ရှိ အချိန်တွင် နိုင်ငံတကာတရားခုံရုံးတွင်လည်း တရားရင်ဆိုင်နေရပြီးဖြစ်သည်ဟုဆိုသည်။

Update News
Update News

▪️အကြမ်းဖက်စစ်တပ်အားနိုင်ငံရေးမှ အပြီးဖယ်ရှားနိုင်ရေး ပြည်သူနှင့်အတူ တိုက်ပွဲဝင်ကြရန် တိုက်တွန်း

အကြမ်းဖက်စစ်ကောင်စီမှ ဦးဆောင်ပြုလုပ်နေသည့် “ငြိမ်းချမ်းရေးဆွေးနွေးပွဲ”ဆိုသည်မှာ ၎င်းတို့၏ နိုင်ငံရေး၊ စစ်ရေးနှင့်စီးပွားရေး အကြပ်အတည်းမှ ထွက်ပေါက်ရှာရန်အတွက် ကြားခံအသုံးချသည့် အတုအယောင် ဆွေးနွေးပွဲမျှသာဖြစ်၍ စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်မှုမပြုရန် တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်များအား အရပ်ဖက်လူထုအဖွဲ့အစည်း ၅၆၇ ဖွဲ့မှ အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုတိုက်တွန်းခဲ့သည်။

အကြမ်းဖက်စစ်အုပ်စုသည် ပြည်သူလူထုက ရွေးချယ်တင်မြှောက် ထားသည့် ပြည်သူ့အစိုးရကို မတရားဖမ်းဆီးထိန်းသိမ်းကာ တရားမဝင် အာဏာသိမ်းယူရန် ကြိုးစားနေခြင်းဖြစ်ကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကာ အာဏာသိမ်းရန် အကြမ်းဖက် ကြိုးစားခဲ့သည့် စစ်အုပ်စုသည် တရားဝင်မှုလုံးဝမရှိသည့် အကြမ်းဖက်အဖွဲ့အစည်း သာဖြစ်ကြောင်း ဖော်ပြထားသည်။

၎င်းတို့၏ အာဏာသိမ်းရန်ကြိုးပမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် ဒီမိုကရေစီကျင့်စဥ်အရ ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် မိမိတို့ ရဟန်းရှင်လူတိုင်းရင်းသား ပြည်သူလူထုများကို ရက်ရက်စက်စက် ဖမ်းဆီး ညှင်းပန်းနှိပ်စက် သတ်ဖြတ်နေသည့် ဤစစ်အုပ်စုသည် နိုင်ငံတကာအဓိပ္ပါယ်ဖွင့်ဆိုသတ်မှတ်မှုနှင့် မြန်မာ့ပြည်တွင်းဥပဒေအရ အကြမ်းဖက်အဖွဲ့ အစည်းသာ ဖြစ်ကြောင်း အသိပေးထားသည်။

စစ်အုပ်စုသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆက်လက် ကိုင်စွဲထားကာ တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများကို ဖိတ်ခေါ်၍ ငြိမ်းချမ်းရေးနှင့်နိုင်ငံရေးပြဿနာကို အဖြေရှာရန်ဟု ကြိုးစားလာသည်မှာလည်း စစ်မှန် သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ် တည်ဆောက်ရေးနှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ လိုလားသော နိုင်ငံရေးအဖြေရှာရန်အတွက် မဟုတ်ဘဲ စစ်ကောင်စီကို ခုခံနေသည့် အင်အားစုများအကြား ဖြိုခွင်းရန်သာဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ အကြမ်းဖက်စစ်ကောင်စီအား နိုင်ငံတဝှမ်း ခုခံတော်လှန်နေသည့် နွေဦးတော်လှန်ရေး အင်အားစုများ၊ ပြည်သူများနှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အင်အားစုများကြား ခွဲထုတ် ဖြိုခွင်းရန် ရည်ရွယ်ချက်ဖြင့် စစ်ကောင်စီက အတုအယောင်ဆွေးနွေးပွဲ ပြုလုပ်လျက်ရှိရာ ယင်းဆွေးနွေးပွဲကို တက်ရောက်ခြင်းအားဖြင့်အကြမ်းဖက် စစ်အုပ်စုအား ဆန့်ကျင်တွန်းလှန် နေသော ပြည်သူများ၏ သဘောထားကို ဆန့်ကျင်နေမည်ဖြစ်သည်ဟု စာတွင် ပါရှိသည်။

ထို့ပြင် အကြမ်းဖက်စစ်ကောင်စီအား တရားဝင် အဖွဲ့အစည်းတရပ်အဖြစ် အသိအမှတ်ပြုနေသည် ဟု ပြည်သူများမှ မှတ်ယူမည် ဖြစ်ပြီး စစ်မှန်သော ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ထောင်ရေးလမ်းကြောင်း ပိုမိုနှောင့်နှေးကြန့်ကြာမည်ဖြစ်သည်ဟု အသိပေးထားသည်။

လူသားချင်း စာနာသည့် အကူအညီများ ပြည်သူ များထံ ရောက်ရှိရန် အဟန့်အတားဖြစ်စေမည်ဖြစ်ပြီး အဆိုးဆုံးမှာ အကြမ်းဖက်စစ်အုပ်စုမှ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအား ဆက်လက် ကျူးလွန်ရန် အားပေးသကဲ့သို့ ဖြစ်နေမည်ဖြစ်ကြောင်း တိုက်ရင်းသား လက်နက်ကိုင်ခေါင်းဆောင်များအား အရပ်ဘက်အဖွဲ့အစည်းများက သတိပေးခဲ့သည်။

အကြမ်းဖက်မင်းအောင်လှိုင် ဦးဆောင်သော စစ်အုပ်စုသည် ၎င်းတို့ လူမျိုးတုန်းသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများနှင့်စ်ရာဇဝတ်မှုကျူးလွန်မှုများအတွက် လက်ရှိ အချိန်တွင် နိုင်ငံတကာတရားခုံရုံးတွင်လည်း တရားရင်ဆိုင်နေရပြီးဖြစ်သည်ဟုဆိုသည်။

အကြမ်းဖက်စစ်အုပ်စုသည် ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးဆွေးနွေးဖက်အဖြစ် ထိုက်တန် သော အဖွဲ့အစည်းမဟုတ်ကြောင်း အိတ်ဖွင့်ပေးစာ၌ ဖော်ပြထားပြီး အတိတ်သမိုင်းမှ သင်ခန်းစာများကို ရယူကာ ၎င်းတို့ကို မြန်မာနိုင်ငံ၏ နိုင်ငံရေးလောကမှ အပြီးအပိုင်ဖယ်ရှားပစ်ရန် လိုအပ်သည်ဟု ဖော်ပြထားသည်။

ထို့ကြောင့် ဒီမိုကရေစီအရေး၊ ဖက်ဒရယ်အရေးနှင့် ငြိမ်းချမ်းရေးအတွက် ဂုဏ်သိက္ခာရှိစွာဖြင့် စစ်အာဏာရှင်ကို ခေတ်အဆက်ဆက် ကာလရှည်ကြာ ရပ်တည်တော်လှန်လာခဲ့ကြသော တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် အကြမ်းဖက် အဖွဲ့အစည်းဖြစ်သည့် စစ်အုပ်စုမှ ဖိတ်ခေါ်သည့် အတုအယောင် နိုင်ငံရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသို့ မည်သည့်နည်းနှင့်မျှ (လူသိရှင်ကြားဖြစ်စေ၊ လျှို့ဝှက်ဖြစ်စေ) တက်ရောက်ခြင်း၊ တွေ့ဆုံခြင်း မပြုရန် တောင်းဆိုကြောင်း စာတွင်ပါရှိသည်။

အကြမ်းဖက်စစ်တပ်အား နိုင်ငံရေးမှ အပြီးအပိုင် အမြစ်ဖြတ်တောက်ပစ်ရန်အတွက် ပြည်သူလူထုနှင့်အတူ ပူးပေါင်းရပ်တည်တိုက်ပွဲဝင်ရန်လည်း အလေးအနက်တိုက်တွန်း တောင်းဆိုထားသည်။

စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်နေသည့် အဖွဲ့အစည်းများမှာ ရှမ်းလက်နက်ကိုင်များဖြစ်သည့် RCSSနှင့် SSPP၊ မွန်တပ် NMSP၊ ပအိုဝ်း PNLO၊ ၀တပ် UWSA၊ မိုင်းလား NDAA၊ ရခိုင် ALP၊ ကရင်ငြိမ်းချမ်းရေးကောင်စီနှင့် ကရင်တပ် DKBA တို့ဖြစ်ပြီး လားဟူ LDU မှ ခွဲထွက်ထူထောင်ထားသည့် ဗိုလ်မှူးကြီးဆော်လမွန် ဦးဆောင်သည့် အဖွဲ့လည်းပါဝင် သည်။

ကရင်အမျိုးသားအစည်းအရုံး/ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA)၊ ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ/ကရင်နီတပ်မတော်(KNPP/KA)၊ ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA)၊ ကျောင်းသားတပ်မတော် (ABSDF)၊ ရက္ခိုင့်တပ်တော်(ULA/AA)၊ ကိုးကန့် တပ်မတော်(MNDAA)တို့သည် စစ်ကောင်စီ၏ ဖိတ်ခေါ်ချက်ကို ပယ်ချကာ စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိသည်။ တအာင်းတပ်မတော် (TNLA) အနေဖြင့်လည်း စစ်ကောင်စီ၏ ဖိတ်ခေါ်ချက်ကို ငြင်းပယ်ထားသည့် အဖွဲ့အစည်းဖြစ်သည်။ ရခိုင်အမျိုးသားကောင်စီ/ရခိုင်တပ်မတော်(ANC/AA)သည်လည်း မဟာမိတ်တပ်နှင့်ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။