Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံးနှင့် ပုလောမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ တိုက်ခိုက်ခံရပြီး နှစ်ဦးသေ

ပုလောနှင့်လောင်းလုံးမြို့အပါအဝင် တနင်္သာရီတိုင်းဒေသကြီးသည် စစ်အာဏာရှင်တော်လှန်ရေးတွင် လက်နက်ကိုင်တိုက်ခိုက်မှုရော လူထုသပိတ်ပါအားကောင်းသည့်ဒေသ ဖြစ်သည်။

Update News
Update News

တနင်္သာရီတိုင်း လောင်းလုံးနှင့် ပုလောမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ တိုက်ခိုက်ခံရပြီး ပြည်သူစစ်နှစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

“ပုလောမှာက မိုင်းဆွဲခံရတာ။ လောင်းလုံးမှာက အနီးကပ် တိုက်ခိုက်ခံရတာ။ ပြည်သူ့စစ်နှစ်ဦးသေတယ်။ပစ်တဲ့အဖွဲ့ကတော့ ဘာမှ မထိခိုက်ဘူး “ဟု စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေဆဲ ထွေအုပ်ဝန်ထမ်းတစ်ဦးက ပြောသည်။

ပုလောမြို့နယ်အတွင် မိုင်းဆွဲတိုက်ခိုက်မှုသည် ယနေ့(စက်တင်ဘာ ၃၀ရက်)နံနက် ၁၀နာရီခန့်တွင် ဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့စစ်များက ကားနှစ်စီးဖြင့် လာရောက်စဥ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ခြင်းဟု အမျိုးသားညီညွှတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြည်သူ့စစ်တစ်ဦးသေပြီး အရပ်သားအမျိုးသမီးတစ်ဦးလည်း မိုင်းထိမှန်သွားသည်ဟု သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

ထိူ့အပြင် လောင်းလုံမြို့နယ်အတွင်း တိုက်ပွဲသည် ၂၀၁၈က စစ်တပ်ပိုင် Y8 လေယာဥ်ပျက်ကျသည့် ကျောက်နီမော်ကျေးရွာတွင် ယနေ့နံနက် ၉နာရီခန့်က ဖြစ်ခဲ့သည်။

“ကျောက်နီမော်က ပြည်သူ့စစ်အဖွဲ့ကို ဝင်တိုက် တာ။တစ်ယောက်သေတယ်။ ပြည်သူ့ရဲဘော်တွေကတော့ အထိအခိုက်မရှိခဲ့ဘူး”ဟု လောင်းလုံးမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ပုလောနှင့်လောင်းလုံးမြို့အပါအဝင် တနင်္သာရီတိုင်းဒေသကြီးသည် စစ်အာဏာရှင်တော်လှန်ရေးတွင် လက်နက်ကိုင်တိုက်ခိုက်မှုရော လူထုသပိတ်ပါအားကောင်းသည့်ဒေသ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

ပြည်သူ့စစ်တွေအသတ်ခံရပြီးနောက် စစ်တပ်အင်အား၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုး

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ် မြစ်ကြီးနား-တနိုင်းသွား လီဒိုလမ်းမပေါ်က နောင်းမီရွာဒေသခံ ၄ဦးကို စစ်တပ် လက်အောက်ခံ မင်းဇေသန့်ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း အဲဒီအဖွဲ့က ဝန်ခံခဲ့ပေမဲ့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေ ပြန်ပေးအပ်တာမရှိဘူးလို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

Facebook