Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီခေါင်းဆောင်များ လက်အောက်ငယ် သားများအပေါ် လုံးဝမကြည့်တော့သည့် လုပ်ရပ်များပြုလုပ်နေဟု CDM ဗိုလ်ကြီး ပြော

စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် အလုံပိတ် မော်တော်ယာဉ်များ( ခရီးသည်တင်ယာဉ်၊နာရေးကူညီမှုယာဉ်ကဲ့သို့ ယာဉ်များ) အသုံးပြုပြီး နယ်မြေရှင်းလင်းစဥ် သေဆုံး၊ဒဏ်ရာရပါက စစ်မှုထမ်းဆောင်ခြင်းနှင့် အကျုံးမဝင်ကြောင်းပေါက်ကြားလာသည့် အမိန့်စာတွင်ပါရှိသည်။

စစ်ကောင်စီခေါင်းဆောင်များမှာ လက်အောက် ငယ် သားများအပေါ် လုံးဝမကြည့်တော့သည့် လုပ်ရပ်များပြုလုပ်နေသည်ဟု CDM ဗိုလ်ကြီး ကိုလင်းထက်အောင်က ပြောကြားသည်။

ယခုရက်ပိုင်းအတွင်း ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)က စက်တင်ဘာ၂၇ရက်နေ့စွဲဖြင့် ၎င်းတို့၏ တပ်ရင်းတပ်ဖွဲ့များထံ လှို့ဝှက်ထုတ်ပြန်စာပေါက်ကြားလာမှုနှင့်ပတ်သက်ပြီး CDM ဗိုလ်ကြီး ကိုလင်းထက်အောင်က ထိုကဲ့သို့ သုံးသပ်ပြောကြားခြင်း ဖြစ်သည်။

စစ်ကောင်စီခေါင်းဆောင်များ လက်အောက်ငယ် သားများအပေါ် လုံးဝမကြည့်တော့သည့် လုပ်ရပ်များပြုလုပ်နေဟု CDM ဗိုလ်ကြီး ပြော
စစ်ကောင်စီခေါင်းဆောင်များ လက်အောက်ငယ် သားများအပေါ် လုံးဝမကြည့်တော့သည့် လုပ်ရပ်များပြုလုပ်နေဟု CDM ဗိုလ်ကြီး ပြော

“ဒီညွှန်ကြားချက်ကတော့ စစ်ခေါင်းဆောင်အနေနဲ့ လက်အောက်ကို ဂရုသိပ်မစိုက်တဲ့သဘောလို့ ပြောလို့ရတယ်။ ဘာလို့လဲဆိုတော့ စစ်သားတစ်ယောက်ရဲ့ ပင်စင်ယူတာဖြစ်စေ၊ သေဆုံးတာပဲဖြစ်စေ စစ်မှုထမ်းဆောင်ခြင်းနဲ့အကျုံးဝင်တယ်ဆိုတဲ့မှတ်ချက်က အရမ်းကိုအရေးပါတယ်။ အဲဒီတော့ သေဆုံးသွားပြီဆိုရင် စစ်မှုထမ်းဆောင်ခြင်းနဲ့အကျုံးမဝင်ဘူးဆိုရင် နောက်ဆက်တွဲ ရမယ့် ဆုကြေးတွေက ဘာမှ မရတော့မယ့် ပုံစံဖြစ်သွားတယ်။ ဒီလိုမျိုးလုပ်တာသည် လက်အောက်ကို လုံးဝမကြည့်တဲ့လုပ်ရပ်တစ်ခုလို့ ကျွန် တော်တို့ပြောလို့ရတယ်”ဟု ၎င်းက ပြောသည်။

ထို့အပြင် ဆက်လက်ပြီး “ဒါကိုလည်း လက်အောက် ကလူတွေအနေနဲ့ ဒီလိုမျိုးညွှန်ကြားချက်တွေကို ကြည့်ပြီး စစ်ခေါင်းဆောင်တွေရဲ့ ကိုယ့်စစ်တပ်အပေါ် ကိုယ်ပြန်ထားတဲ့သဘောထားကို သေချာပြန်သိဖို့လိုတယ်လို့ ပြောချင်ပါတယ်”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် အလုံပိတ် မော်တော်ယာဉ်များ( ခရီးသည်တင်ယာဉ်၊နာရေးကူညီမှုယာဉ်ကဲ့သို့ ယာဉ်များ) အသုံးပြုပြီး နယ်မြေရှင်းလင်းစဥ် သေဆုံး၊ဒဏ်ရာရပါက စစ်မှုထမ်းဆောင်ခြင်းနှင့် အကျုံးမဝင်ကြောင်းပေါက်ကြားလာသည့် အမိန့်စာတွင်ပါရှိသည်။

” စစ်ဆင်ရေးတာဝန်နှင့် လုံခြုံရေးတာဝန် ထမ်းဆောင်နေရသည့် တပ်ရင်းတပ်ဖွဲ့များအနေဖြင့် လုံခြုံရေးအဖွဲ့အား စနစ်တကျစုဖွဲ့၍ ချီတက်သွားလာမှုမရှိဟု ပြစ်တင်ထားသည်။ ထို့အပြင် အသံပေးဗုံးခွဲ၍မြူဆွယ်ခြင်း၊ သတင်းအမှားပေးခြင်းတို့ဖြင့် မက်လုံးပေးလှည့်စားမှုများကို သတင်းတည်ဆောက်နိုင်မှုနှင့် စနစ်တကျစုဖွဲ့နိုင်ခြင်းမရှိဘဲ အလုံပိတ်မော်တော်ယာဉ်များဖြင့် သွားရောက်ရှင်းလင်းမှုတို့ကြောင့် လူ/လက်နက်/ ခဲယမ်းများဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။ ရန်သူ့သတင်းရရှိပါက သေချာစွာစိစစ်၍ စနစ်တကျစုဖွဲ့ပြီးမှသာ ရှင်းလင်းရန်၊ အလုံပိတ်မော်တော်ယာဉ်များကို လုံးဝ(လုံးဝ)အသုံးမပြုရန်နှင့် အလုံပိတ် မော်တော်ယာဉ်များ အသုံးပြုပြီး နယ်မြေရှင်းလင်း၍ ကျဆုံး/ဒဏ်ရာရရှိခြင်းများ ဖြစ်ပေါ်ပါက စစ်မှုထမ်းဆောင်ခြင်းနှင့် အကျုံးမဝင်(မဝင်) ကြောင်း အောက်ခြေအဆင့်အထိသိရှိအောင် ရှင်းလင်းချပြရန်”ဟုဆိုကာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၏ ညွှန်ကြားချက်ကို အောက်ခြေတပ်ရင်းတပ်ဖွဲ့များသို့ ထပ်ဆင့်ညွှန်ကြားထားသည်ကို တွေ့ရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြည်သူ့ကာကွယ် ရေးအဖွဲ့များ၏ ဖိအားပေးတိုက်ခိုက်မှုကို ယခင်ကထက် ပိုမိုရင်ဆိုင်နေရပြီး သေဆုံးမှုများပြားနေစဥ် ယခုအမိန့်ထွက်ပေါ်လာခြင်းဖြစ် သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။