Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်စနစ် ပူးပေါင်းတော်လှန်မည်ဟု ထားဝယ်ပြည်သူ့လွတ်မြောက် ရေးတပ်ဖွဲ့ (၁)နှစ်ပြည့် မွန်တပ် MSDFသဝဏ်လွှာပို့

MSDF-S ရေးမြို့နယ်အတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖြစ်ကာ စစ်ကောင်စီတပ်နှင့် လက်ပါးစေများကို တိုက်ခိုက်လျက်ရှိသည်။

စစ်အာဏာရှင်စနစ် ပူးပေါင်းတော်လှန်မည်ဟု ထားဝယ်ပြည်သူ့လွတ်မြောက် ရေးတပ်ဖွဲ့ (၁)နှစ်ပြည့် မွန်တပ် MSDFသဝဏ်လွှာပို့
စစ်အာဏာရှင်စနစ် ပူးပေါင်းတော်လှန်မည်ဟု ထားဝယ်ပြည်သူ့လွတ်မြောက် ရေးတပ်ဖွဲ့ (၁)နှစ်ပြည့် မွန်တပ် MSDFသဝဏ်လွှာပို့

ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့(TPLF)၏ (၁)နှစ်ပြည့်အထိမ်းမှတ်နေ့သို့ မွန်ပြည်ကာကွယ်ရေးတပ် – တောင်ပိုင်း(MSDF-S)က သဝဏ်လွှာပေးပို့ခဲ့ရာ စစ်အာဏာရှင်စနစ်အား လက်တွဲပူးပေါင်းတော်လှန်မည်ဟု ဖော်ပြခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် ပြည်သူ့ခုခံစစ်နွေဦးတော်လှန်ရေးနှင့်အတူ ပေါ်ပေါက်လာသည့် ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့၏ ယနေ့(အောက်တိုဘာ ၆ရက်) တွင် ကျရောက်သည့် (၁)နှစ်ပြည့်အထိမ်းမှတ်နေ့တွင် တနင်္သာရီအမျိုးသားများပြည်နယ်အတွင်းရှိ လူငယ်များနှင့် ပြည်သူများ၏ စစ်အာဏာရှင်ဆန့်ကျင်ရေးတော်လှန်ရေးအောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်သည်ဟု သဝဏ်လွှာ၌ ပါရှိသည်။

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးများ၏ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ငြင်းဆိုခဲ့သည့် စစ်တပ်အုပ်ချုပ်ရေးနှင့် စစ်အာဏာအဆက် ဆက်ကြောင့် ဒီမိုကရေစီအခွင့်ရေးနှင့် လူအခွင့်ရေးသည်လည်း ဆိတ်သုဉ်းသွားပြီဖြစ်ကြောင်း၊ စစ်အာဏာရှင်စနစ်နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရှိနေသမျှကာလပတ်လုံး တိုင်းရင်းသားလူမျိုးများသည် စစ်ကျွန်စနစ်အောက်တွင် ဆက်လက်ဖိနှိပ်ခြင်း ခံနေရမည်ဖြစ်ကြောင်း MSDF-Sက ဆိုသည်။

ထို့ကြောင့် စစ်အာဏာရှင်စနစ်အား တော်လှန်တိုက်ပွဲဝင်ပြီး အမျိုးသားလွတ်မြောက်ရေးနှင့် မြန်မာပြည်သူများ၏ လွတ်မြောက်ရေးအတွက် တော်လှန်တိုက်ပွဲဝင်ခြင်းသည် မြင့်မြတ်သောလုပ်ရပ်ဖြစ်ကြောင်း၊ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးတွင် မွန်ပြည်ကာကွယ်ရေးတပ် – တောင်ပိုင်းမှ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့နှင့် လက်တွဲပြီး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သဝဏ်လွှာ၌ ဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

MSDF-S ရေးမြို့နယ်အတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖြစ်ကာ စစ်ကောင်စီတပ်နှင့် လက်ပါးစေများကို တိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအောင်မြင်မှုတွေ ဘယ်လောက်ပဲရရှိနေပါစေ၊ ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားရင် တော်လှန်ရေးဟာ အဓိပ္ပာယ်မဲ့သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးလိုက်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာအနီး တိုက်ပွဲမှာ စစ်တပ်က ၁၂ဦးသေဆုံးပြီး လက်နက် ၈လက် သိမ်းရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

လူမျိုးများ၊ ပြည်သူလူထုများအားလုံး စည်းလုံးညီညွတ်ကြရမှာ ဖြစ်ပြီး စစ်အာဏာရှင်စနစ်မှ လွတ်မြောက်ကာ လွတ်လပ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖြစ်ပေါ်လာတဲ့အထိ တော်လှန်ရေးကို ဆက်လက်ဆင်နွှဲသွားကြရမယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောပါတယ်။

Facebook