Connect with us

Hi, what are you looking for?

သတင်း

မူကြိုကျောင်းကိုဝင်ပစ်တဲ့ ထိုင်းရဲအရာရှိဟောင်း ဇနီးနဲ့ကလေးကိုပါသတ်ပြီး အဆုံးစီရင်သွား

ပစ်ခတ်ခံရမှုကြောင့် သေဆုံးသူ စာရင်းဟာ ထပ်တိုးနေပြီး လက်ရှိအချိန်ထိ သေဆုံးသူ ၃၆ ဦးရှိလာပြီဖြစ်ကာ ကလေးငယ် ၂၄ ဦးပါဝင်တယ်လို့သိရပါတယ်။

မူကြိုကျောင်းကိုဝင်ပစ်တဲ့ ထိုင်းရဲအရာရှိဟောင်း ဇနီးနဲ့ကလေးကိုပါသတ်ပြီး အဆုံးစီရင်သွား
မူကြိုကျောင်းကိုဝင်ပစ်တဲ့ ထိုင်းရဲအရာရှိဟောင်း ဇနီးနဲ့ကလေးကိုပါသတ်ပြီး အဆုံးစီရင်သွား

ပစ်ခတ်မှုကြောင့် ကလေးငယ် ၂၄ ဦးအပါအဝင် ၃၆ ဦးသေဆုံးခဲ့ရ

ထိုင်းနိုင်ငံ က မူကြိုကျောင်းကို ဝင်ရောက်ပစ်ခတ်ခဲ့တဲ့ ထိုင်းရဲအရာရှိဟောင်းဟာ ဇနီးနဲ့ ကလေးကိုပါ ပစ်သတ်ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြပါတယ်။

နိုင်ငံအရှေ့မြောက်ပိုင်း၊နွန်ဘူရာလမ်ဖူဒေသမှာရှိတဲ့ မူကြိုကျောင်းကို ထိုင်းရဲအရာရှိဟောင်း ၁ ဦး ဒီနေ့ ဝင်ရောက်ပစ်ခတ်ရာ ကလေး ငယ်တွေအပါအဝင် ၃၆ ဦး သေဆုံးသွားပါတယ်။

ပစ်ခတ်ခံရမှုကြောင့် သေဆုံးသူ စာရင်းဟာ ထပ်တိုးနေပြီး လက်ရှိအချိန်ထိ သေဆုံးသူ ၃၆ ဦးရှိလာပြီဖြစ်ကာ ကလေးငယ် ၂၄ ဦးပါဝင်တယ်လို့သိရပါတယ်။

ဒါအပြင် ဒဏ်ရာရထားသူ ၁၂ ဦး ရှိပြီး ခရိုင်ဆေးရုံမှာ ကုသမှုပေးနေရပါတယ်။

Public Service Announcement

Public Service Announcement

ဒီပစ်ခတ်မှုကိုကျုးလွန်ခဲ့တဲ့သေနတ်သမားဟာ အသက် ၃၄ နှစ်အရွယ် ထိုင်းရဲအရာရှိဟောင်းဖြစ်ပြီး မူးယစ်ဆေးဝါးအမှုမှာ ပါဝင်ပတ်သက်တဲ့အတွက် ရာထူးကနေ ထုတ်ခံထားရသူဖြစ်တယ်လို့ထိုင်းမီဒီယာတွေက ရေးသားကြပါတယ်။

သေနတ်သမားရဲအရာရှိဟောင်းဟာ နေအိမ်မှာ ကိုယ့်ကိုယ်ကို အဆုံးမစီရင်မီ ဇနီးနဲ့ကလေးကို ပစ်သတ်သွားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပြည်သူ့စစ်မှုထမ်း လူငယ်တစ်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေအတွက် အစွမ်းကုန် ပူးပေါင်း ကူညီမယ်လို့ ထိုင်းစစ်တပ်က ကတိပြုခဲ့ပါတယ်။

နိုင်ငံတကာ

ဘုန်းတော်ကြီးကျောင်း ရန်ပုံငွေ ဘတ်သန်း ၁၀၀ ကျော် အလွဲသုံးစား လုပ်ခဲ့ကြောင်း စွပ်စွဲခံထားရတဲ့ ကျောင်းထိုင် ဘုန်းကြီးနဲ့ အမျိုးသမီးကို ထိုင်းတရားရုံး တစ်ခု ရှေ့မှောက်ကို ပို့ဆောင်ပြီး ချုပ်ရက် ရမန်ယူခဲ့ပါတယ်။

Facebook