Connect with us

Hi, what are you looking for?

သတင်း

မူကြိုကျောင်းကိုဝင်ပစ်တဲ့ ထိုင်းရဲအရာရှိဟောင်း ဇနီးနဲ့ကလေးကိုပါသတ်ပြီး အဆုံးစီရင်သွား

ပစ်ခတ်ခံရမှုကြောင့် သေဆုံးသူ စာရင်းဟာ ထပ်တိုးနေပြီး လက်ရှိအချိန်ထိ သေဆုံးသူ ၃၆ ဦးရှိလာပြီဖြစ်ကာ ကလေးငယ် ၂၄ ဦးပါဝင်တယ်လို့သိရပါတယ်။

မူကြိုကျောင်းကိုဝင်ပစ်တဲ့ ထိုင်းရဲအရာရှိဟောင်း ဇနီးနဲ့ကလေးကိုပါသတ်ပြီး အဆုံးစီရင်သွား
မူကြိုကျောင်းကိုဝင်ပစ်တဲ့ ထိုင်းရဲအရာရှိဟောင်း ဇနီးနဲ့ကလေးကိုပါသတ်ပြီး အဆုံးစီရင်သွား

ပစ်ခတ်မှုကြောင့် ကလေးငယ် ၂၄ ဦးအပါအဝင် ၃၆ ဦးသေဆုံးခဲ့ရ

ထိုင်းနိုင်ငံ က မူကြိုကျောင်းကို ဝင်ရောက်ပစ်ခတ်ခဲ့တဲ့ ထိုင်းရဲအရာရှိဟောင်းဟာ ဇနီးနဲ့ ကလေးကိုပါ ပစ်သတ်ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြပါတယ်။

နိုင်ငံအရှေ့မြောက်ပိုင်း၊နွန်ဘူရာလမ်ဖူဒေသမှာရှိတဲ့ မူကြိုကျောင်းကို ထိုင်းရဲအရာရှိဟောင်း ၁ ဦး ဒီနေ့ ဝင်ရောက်ပစ်ခတ်ရာ ကလေး ငယ်တွေအပါအဝင် ၃၆ ဦး သေဆုံးသွားပါတယ်။

ပစ်ခတ်ခံရမှုကြောင့် သေဆုံးသူ စာရင်းဟာ ထပ်တိုးနေပြီး လက်ရှိအချိန်ထိ သေဆုံးသူ ၃၆ ဦးရှိလာပြီဖြစ်ကာ ကလေးငယ် ၂၄ ဦးပါဝင်တယ်လို့သိရပါတယ်။

ဒါအပြင် ဒဏ်ရာရထားသူ ၁၂ ဦး ရှိပြီး ခရိုင်ဆေးရုံမှာ ကုသမှုပေးနေရပါတယ်။

Public Service Announcement

Public Service Announcement

ဒီပစ်ခတ်မှုကိုကျုးလွန်ခဲ့တဲ့သေနတ်သမားဟာ အသက် ၃၄ နှစ်အရွယ် ထိုင်းရဲအရာရှိဟောင်းဖြစ်ပြီး မူးယစ်ဆေးဝါးအမှုမှာ ပါဝင်ပတ်သက်တဲ့အတွက် ရာထူးကနေ ထုတ်ခံထားရသူဖြစ်တယ်လို့ထိုင်းမီဒီယာတွေက ရေးသားကြပါတယ်။

သေနတ်သမားရဲအရာရှိဟောင်းဟာ နေအိမ်မှာ ကိုယ့်ကိုယ်ကို အဆုံးမစီရင်မီ ဇနီးနဲ့ကလေးကို ပစ်သတ်သွားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံမှာတရုတ်အလုပ်ရှင်ကိုသတ်ဖြတ်ခဲ့မှုအတွက် အလိုရှိနေတဲ့ မြန်မာနိုင်ငံသား အလုပ်သမား ၄ ဦးကအဖမ်းခံခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

သတင်း

ထိုင်း​ရောက်မြန်မာလုပ်သားတွေအတွက် မည်သူမည်ဝါဖြစ်​ကြောင်းသက်​သေခံလက်မှတ် (CI) ထုတ်ပေးရာ စင်တာမှာအာဏာသိမ်း မြန်မာစစ်တပ်ကခန့်ကိုယ်စားလှယ် ဆိုသူက ခြိမ်းခြောက်တာ ခံခဲ့ရတဲ့အပေါ် ထိုင်းအလွတ်တမ်း သတင်းထောက်က သက်ဆိုင်ရာကို တိုင်ကြားထားလိုက်ပါတယ်။

နိုင်ငံတကာ

ရုန့်ရင်းကြမ်းတမ်းတဲ့ ကိုယ်အမူအယာတွေ ပြသမှု၊ ဝတ္တရား နှောင့်ယှက်မှုတွေအတွက် အစ္စရေး အမျိုးသမီး တစ်ဦးရဲ့ ဗီဇာကို ရုပ်သိမ်းခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

နိုင်ငံတကာ

ရှားပါးပြီး ဥပဒေအရ ကာကွယ်ပေးထားတဲ့ ပန်ဒါနီလေး တစ်ကောင်ကို မှောင်ခိုသယ်ယူဖို့ ကြိုးစားခဲ့သူ နှစ်ယောက်ကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတွေက ပြောပါတယ်။